ရာဒီကယ်ဖမ်မင်နစ်နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်ဖို့ လိုအပ်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ မတ်လ (၈) ရက်

by | Jan 16, 2022 | Articles บทความ, Burmese Language, สตรีนิยม Feminism

မူရင်း – သက်ဝေ

နိုင်ငံတကာ အမျိုးသမီးများနေ့ကို အခုဆိုရင် ကမ္ဘာတဝှမ်းမှာကျင်းပလာခဲ့ကြတာဟာ နှစ်ပေါင်း (၁၀၀) ကျော်ရှိပါပြီ။ နိုင်ငံတကာအမျိုးသမီးများနေ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အလုပ်သမားအမျိုးသမီးတွေ၊ စက်ရုံအလုပ်သမားအမျိုးသမီးတွေကနေမှ အစပြုလို့ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပလာခဲ့ကြတာနှစ်စဉ်နှစ်တိုင်းလိုပါပဲ။ ဒါပေမယ့် ကျမတို့မေးခွန်းထုတ်ဖို့ရှိတာက အထူးသဖြင့် ဖမ်မင်နစ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ဆိုတာ ဘာလဲ၊ ဘယ်ကိုသွားနေတာလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်နေတာလဲဆိုတာတွေ မေးဖို့ရှိပါတယ်။ မြန်မာပြည်လို ကမ္ဘာ့တောင်ခြမ်း (Global South) မှာရှိနေတဲ့ တိုင်းပြည်အနေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ဖွံ့ဖြိုးရေး discourse တွေလက်အောက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီအစဉ် (Agenda) တွေအတိုင်းလိုက်ပါလှုပ်ရှားနေရတဲ့ အနေအထားမှာ နိုင်ငံတကာအမျိုးသမီးများနေ့ကိုရော ဘယ်လိုပုံစံတွေနဲ့လှုပ်ရှားကြရသလဲ။ ရံပုံငွေပေးတဲ့အဖွဲ့အစည်းတွေကလုပ်ခိုင်းတဲ့ အစီအစဉ် (Agenda) တွေအတိုင်း လုပ်ကြရသလား။ တကယ်ဖိနှိပ်ခံနေရတဲ့ သူတွေရဲ့အသံတွေထုတ်ဖော်ဖို့၊ ဖိနှိပ်ခံတွေအချင်းချင်း နိုင်ငံရေးစည်းလုံးညီညွတ်မှု (political solidarity) နဲ့ ညီအမစိတ်ဓာတ် (sisterhood) တည်ဆောက်ဖို့ လုပ်ခွင့်ရတဲ့ ပလက်ဖောင်း တခုဖြစ်ရဲ့လား။ ဖွံ့ဖြိုးရေး discourse တွေအရ အမှန်ခြစ်စာရင်းတွေနဲ့ (checklist) မြန်မာပြည်မှာတော့ ဖဲကြိုးဖြူကမ်ပိန်းရှိတယ်၊ Vagina monologues ရှိတယ်၊ ၁၆ ရက်တာလှုပ်ရှားမှုရှိတယ်၊ အကြမ်းဖက်မှုကာကွယ်တဲ့ ဥပဒေရှိတယ်၊ စသဖြင့် အမှန်ခြစ်ကလေးတွေတို့လိုက်ရုံနဲ့ တကယ့်အမျိုးသမီးထုကြီးတခုလုံး လွတ်မြောက်သွားပြီလား။

ဖိနှိပ်မှုစနစ်ထဲပြန်ရောက်နေတဲ့ မြန်မာပြည်က နိုင်ငံတကာအမျိုးသမီးများနေ့ လှုပ်ရှားမှုပုံစံများ

တကယ့်သမိုင်းကြောင်းအရတော့ နိုင်ငံတကာအမျိုးသမီးများနေ့လှုပ်ရှားမှုများဟာ ရာဒီကယ်ဖမ်မင်နစ်နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေကစလို့ အခြားနိုင်ငံတကာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများအဆုံးက နိုင်ငံတကာအမျိုးသမီးများနေ့ကို မည်ကာမတ္တ (tokenism) လောက်နဲ့ စီးပွားရေးဆန်ဆန်ပြယုဂ် (commodification) သဖွယ်သာလုပ်လာကြတာ ဝမ်းနည်းစရာပါ။ မညီမ ျှနေတဲ့ စနစ်ထဲမှာ ဖိနှိပ်ခံနေရတဲ့ ဖယ်ကျဉ်ထုတ်ခံထားရတဲ့ ၉၉ ရာခိုင်နှုန်းသော လူထုတွေရဲ့ဘဝတွေကိုစတေးပြီး ၁ ရာခိုင်နှုန်းလောက်သော ဓနရှင်တွေ၊ အရင်းရှင်တွေ၊ ရေပေါ်ဆီအလွှာ အုပ်ချုပ်သူလူတန်းစား တစုလောက်သာ ကောင်းစားမယ့် ပုံရိပ်တွေဆောင်လာတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မျိုးတွေ မြန်မာနိုင်ငံမှာ ကျင်းပလာတာတွေ့ရတာလည်း စိတ်မချမ်းသာစရာကောင်းပါတယ်။ တကယ်ဆိုရင် နိုင်ငံတကာအမျိုးသမီးများနေ့ကို အခွင့်ကောင်းယူပြီး ကျမတို့တွေ မပြောမိကြတဲ့၊ ကျမတို့ကိုယ်တိုင်က ဖယ်ကျဉ်ထုတ်ထားတဲ့၊ ကျမတို့တွေကိုယ်တိုင်က ခွဲခြားဆက်ဆံထားတဲ့၊ ကျမတို့တွေကိုယ်တိုင်က ပြောဖို့မေ့နေတဲ့ အကြောင်းအရာတွေကို ပြောလို့ရတဲ့ နေရာတခုအဖြစ် ဖန်တီးရမှာပါ။ နိုင်ငံတကာအမျိုးသမီးများနေ့ကို အခွင့်ကောင်းယူပြီး ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေလွတ်မြောက်ရေးအတွက်၊ ဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေးအတွက်၊ ဖိနှိပ်ခံအလုပ်သမားလူတန်းစားလွတ်မြောက်ရေးအတွက်၊ ဖိနှိပ်ခံ ရိုဟင်ဂျာအမျိုးသမီးထုလွတ်မြောက်ရေးအတွက်၊ ဖိနှိပ်ခံ LGBTIQ အုပ်စုလွတ်မြောက်ရေးအတွက်၊ ဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုလွတ်မြောက်ရေးအတွက် လုပ်ဖို့ နိုင်ငံရေးစည်းလုံးညီညွတ်မှု (political solidarity) တည်ဆောက်ရမယ့်နေ့အဖြစ်အသုံးချရမှာပါ။ အခုတော့ နိုင်ငံတကာအမျိုးသမီးများနေ့ကိုယ်တိုင်က ဖိနှိပ်ခံနေရတဲ့ စနစ်ကိုပြန်အသက်သွင်းနေတဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ discourse တွေအောက်မှာ ပိတ်မိနေပြီး ဖိနှိပ်ခံနေရတဲ့ သူတွေအတွက် လုပ်တဲ့လှုပ်ရှားမှု အသွင်မဆောင်တော့ပဲ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ agenda ကိုလိုက်ပြီး ပုံဖော်ပေးရတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်လို့လာပါတယ်။ မြန်မာပြည်မှာ နှစ်စဉ်ကျင်းပခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့တွေကို သုံးသပ်ကြည့်ရမယ်ဆိုရင် အခွင့်ထူးခံ ရေပေါ်ဆီအလွှာက အမျိုးသမီးများက ဦးဆောင်ပြီးတော့သာ UN agencies တွေက ထုတ်တဲ့ ဆောင်ပုဒ်တွေနဲ့ မည်ကာမတ္တပုံစံလောက်သာ ကျင်းပကြတာကိုတွေ့ရပါတယ်။ နေပြည်တော်မှာ ပေတရီအာခီ (patriarchy) ဖြစ်တဲ့ ဝန်ကြီးဌာနတွေတရုံးရုံးနဲ့ photo op (Photograph opportunity) နိုင်ငံရေးသမားတွေ၊ ဝန်ကြီးတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စတာတွေနဲ့ ဓာတ်ပုံတွေအတူတွဲရိုက်ပြီး display booth လေးတွေနဲ့ ကျေနပ်ပြီး ပြန်လာခဲ့ရတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့တွေဟာ ဘယ်လိုမှ ဖိနှိပ်ခံ လူထုအတွက်ရပ်တည်ပေးတဲ့ လှုပ်ရှားမှုအသွင်မဆောင်နိုင်ပါဘူး။ ရာဒီကယ်ဖမ်မင်နစ်နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်ဖို့နေနေသာ၊ ဒီလိုပွဲပုံစံတွေဟာ တကယ်တော့ ပေတရီအာခီ (patriarchy) လို့ခေါ်တဲ့ လိင်အခြေပြုခွဲခြားဆက်ဆံမှုအားပေး ကျားပဓာနပြုဝါဒကို ပိုရှင်သန်ကြီးထွားအောင်လုပ်နေတာနဲ့သာ တူပါတယ်။ ဘာလို့ ဒီလိုပွဲပုံစံတွေဟာ ကျားပဓာနပြုဝါဒကို ပိုအားပေးတယ်လို့ပြောရတာလဲဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ၊ အမျိုးသမီးတွေဖိနှိပ်ခံနေရတဲ့၊ ခွဲခြားဆက်ဆံခံနေရတဲ့ အကြောင်းအရာတွေကို ခွဲခြားဆက်ဆံမှုတွေ၊ လိင်ခွဲခြားမှုလုပ်ရပ်တွေကို ပုံမှန်သမာရိုးကျလုပ်နေတဲ့သူတွေဆီကနေ ခွင့်ပြုချက်တောင်းခံပြီး ပြောနေရလို့ပါပဲ။ ဒီလိုလူတွေဆီကနေ အမျိုးသမီးတွေအခွင့်အရေးလေးတော့ အသိအမှတ်ပြုပေးပါ။ အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်ဖို့အတွက်တော့ ဒါမျိုးဥပဒေလေးတွေရေးဆွဲပေးပါဆိုပြီး အသနားခံတောင်းဆိုနေရတဲ့ power relation တွေထဲကနေ မထွက်နေလို့ပါပဲ။ ဒီလို ကျားပဓာနပြုဝါဒစနစ်အောက်ကနေထွက်လာတဲ့ ဥပဒေတွေ၊ အစီအစဉ်တွေဟာ ဖိနှိပ်ခံနေရတဲ့ ၉၉ ရာခိုင်နှုန်းကိုဘယ်လိုမှ ကိုယ်စားပြုနိုင်မှာမဟုတ်တာအသေအချာပါပဲ။ အန်ဂျီအိုဇာတ်သွင်းခံရတဲ့ လှုပ်ရှားမှုပုံစံတွေအဖြစ်နဲ့ ကျင်းပနေတဲ့ နိုင်ငံတကာအမျိုးသမီးနေ့တွေဟာ မြန်မာပြည်က ဖိနှိပ်ခံ တရားမ ျှတမှုနဲ့ကင်းဝေးနေတဲ့ အမျိုးသမီးထုတွေအတွက်တော့ ထပ်ခါထပ်ခါ မတရားမှုတွေခံခိုင်းနေတာနဲ့တူပါတယ်။

၉၉ ရာခိုင်နှုန်းအတွက်ဖြစ်သင့်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့လှုပ်ရှားမှု

ကမ္ဘာနဲ့တဝှမ်းမှာ ကြီးထွားလာတဲ့ အစွန်းရောက် အမျိုးသားရေး၊ အရင်းရှင်ဝါဒနဲ့ အတူ အကြမ်းဖက်မှုကိုအားပေးတဲ့ စစ်ဝါဒတွေကြောင့်မို့လို့ ဖမ်မင်နစ်လှုပ်ရှားမှုတွေအနေနဲ့ သမိုင်းအဖျောက်ခံရတဲ့၊ ထိပ်ပိုင်းအုပ်ချုပ်သူလူတန်းစားကို ထောက်မပေးနေရတဲ့၊ ထိပ်ပိုင်း ၁ ရာခိုင်နှုန်းက ခေါင်းပုံဖြတ်နေတဲ့ ၉၉ ရာခိုင်နှုန်းဖိနှိပ်ခံရသူတွေရဲ့အသံတွေကိုလှုပ်ရှားမှုရဲ့ ရှေ့မျက်နှာစာရောက်အောင်ပို့ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ liberal ဖမ်မင်နစ်ဇင်ကြောင့် ဖမ်မင်နစ်လှုပ်ရှားမှုတွေဟာ တဦးချင်းစီရဲ့ ပုဂ္ဂလိကအရေးသို့ လျှော့ချခံရပြီး ထိပ်ပိုင်းက ရေပေါ်ဆီအလွှာမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားနဲ့ အရေးကိစ္စတွေကိုပဲ ဖမ်မင်နစ်လှုပ်ရှားမှုတွေရဲ့အလယ်ဗဟိုချက်ကို ပို့ခံရပါတယ်။ အဲလို ရေပေါ်ဆီအလွှာက အခွင့်ထူးခံအမျိုးသမီးတွေဟာ အလွှာပေါင်းစုံမှာရှိနေတဲ့ ဖိနှိပ်မှုပုံစံ မျိုးစုံကို နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ အမျိုးသမီးတွေအတွက်ဘယ်တော့မှ ကိုယ်စားပြုမပေးပါဘူး။ ကိုယ်စားမပြုပေးနိုင်တဲ့အပြင် အဲလိုဖိနှိပ်မှုမျိုးစုံ၊ အကြမ်းဖက်မှုမျိုးစုံကိုခံစားနေရတာဟာ အဲဒီအမျိုးသမီးတွေကိုယ်တိုင်က ညံ့လို့ဆိုတဲ့အပြောအဆိုတွေကိုပါ မြင်တွေ့ရပါတယ်။ လွှတ်တော်ထဲမှာ နေရာတနေရာ ရမှ၊ စီးပွားရေးလုပ်ငန်းတွေမှာ စီအီးအို၊ ဒါရိုက်တာတွေဖြစ်မှ၊ နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသမီးတွေခေါင်းဆောင်မှုတွေရမှ၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ကိုတာစနစ်ကိုတော့အကောင်အထည်ဖော်မှ စတာတွေဟာ liberal ဖမ်မင်နစ်ဇင်အယူအဆတွေကနေလာတာတွေဖြစ်ပြီး လူတန်းစားအလွှာဆန်းစစ်မှုမရှိတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ ခွင့်ထူးခံ၊ အခွင့်အလမ်း၊ လူတန်းစားအလွှာ အမြင့်မှာရောက်နေတဲ့ လူတစ်စုကသာလျှင် ထိပ်ပိုင်းကိုရောက်သွားပြီး အဲလို လူတွေ ထိပ်ပိုင်းကိုရောက်သွားတဲ့အခါမှာ၊ အထူးသဖြင့်တော့ ထိပ်ပိုင်းကိုရောက်သွားဖို့ ဖန်သားမျက်နှာပြင်ကို ခွဲချေဖျက်စီးပစ်ခဲ့ပြီး သူတို့ ခွဲချေဖျက်စီးပစ်ခဲ့တဲ့ ဖန်သားအကွဲအစ အမှိုက်တွေကိုတော့ အောက်ခြေမှာရှိနေတဲ့ ၉၉ ရာခိုင်နှုန်းသော ဖိနှိပ်ခံနေရတဲ့၊ ဖိနှိပ်ခံနေရဆဲဖြစ်တဲ့ အမျိုးသမီးထုက ရှင်းပေးနေရတဲ့အဖြစ်ပါပဲ။ ဖိနှိပ်မှုတွေရှိတဲ့ နိုင်ငံရေးစနစ်ကိုဝေဖန်ဆန်းစစ်ပြီး မတရားမှုမှန်သမျှကို ခုခံတွန်းလှန် တော်လှန်ပြီး အမြစ်ဖြုတ်ပစ်တဲ့ ရာဒီကယ် (radical) ကျတဲ့ ဖမ်မင်နစ်နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာဖို့အချိန်သင့်ပါပြီ။ အဲလို ရာဒီကယ်ကျတဲ့ ဖမ်မင်နစ်နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဖို့အတွက် လူတန်းစားအလွှာခွဲခြားမှုကိုဆန်းစစ်တဲ့ အမြင် (class consciousness) ပါရှိပြီး မတူညီတဲ့ ဖိနှိပ်ခွဲခြားဆက်ဆံရမှုတွေရှိနေတာကိုပါ မြင်တတ်ဖို့လည်းလိုပါတယ်။ အဲဒါမှသာလျှင် ဖိနှိပ်ခံရသူတွေအချင်းချင်းကြားမှာ နိုင်ငံရေး စည်းလုံးညီညွတ်မှု (political solidarity) တည်ဆောက်နိုင်မှာ ဖြစ်ပြီး ဖိနှိပ်ခံရသူတွေလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။

 

Deathsquads – The Long Shadow of the 50s

Deathsquads – The Long Shadow of the 50s

Pervasive Cold-War Era security architectures have a stranglehold over Thailand. Grey para-political networks in the periphery border regions, initially established in the 1950s as U.S backed anti-communist security forces, entered into parliamentary and...

จินตนาการถึงทฤษฎีการพัฒนาใหม่จากซีกโลกใต้

จินตนาการถึงทฤษฎีการพัฒนาใหม่จากซีกโลกใต้

ซีกโลกใต้ต้องสร้างไม่เพียงแต่โครงสร้างพื้นฐาน อุตสาหกรรม และสถาบันใหม่เท่านั้น แต่ยังต้องสร้างวิธีคิดใหม่ด้วย ก่อนที่สังคมจะสามารถสร้างอนาคตที่แตกต่างได้ พวกเขาต้องฟื้นฟูความสามารถในการจินตนาการถึงอนาคตนั้นเสียก่อน เราต้องการทฤษฎีการพัฒนาที่ศึกษาประสบการณ์ทางประวัติศาสตร์ทั่วเอเชีย แอฟริกา ละตินอเมริกา และแคริบเบียน ไม่ใช่ในฐานะความเบี่ยงเบนจากบรรทัดฐานสากล แต่ในฐานะแหล่งที่มาของนวัตกรรมทางทฤษฎี นี่คือพื้นฐานสำหรับโครงการทางปัญญาที่แท้จริงของซีกโลกใต้

ระบอบอาหารโลกกำลังฆ่าเด็ก

ระบอบอาหารโลกกำลังฆ่าเด็ก

วิกฤตอาหารขาดแคลนและอาหารไม่ปลอดภัย เป็นมากกว่าแค่ปัญหาด้านสุขภาพ แต่บ่งชี้ถึงปัญหาทางโครงสร้างของระบอบอาหารภายใต้ทุนนิยม ที่มองอาหารเป็นสินค้าทำกำไรให้กับบริษัทผูกขาด แทนที่จะเป็นสิทธิมนุษยชนของคนในสังคม

Aung San & “My Fathers Tatmadaw”

Aung San & “My Fathers Tatmadaw”

On the night of 31 December 1941, at the height of the Imperial Japanese march across Asia, thirty young Burmese men gathered in a house in occupied Bangkok. A silver bowl was brought among them, and a syringe passed around. Blood was drawn from each man’s arm and secreted into the bowl. Together, they pledged loyalty to Burmese independence and eternal comradeship. Through that ceremony, through the spilling and sharing of blood, the Burmese Independence Army was brought into being, and thus the embryonic stage of the Tatmadaw.

เมื่อช้างชูคบเพลิงที่มอดดับ

เมื่อช้างชูคบเพลิงที่มอดดับ

หากพิจารณาจากเรื่องรูปแบบอำนาจ เราก็จะพบว่าความพยายามอย่างยิ่งที่จะค้นหาความหมายหรือเข้าใจเหตุผลเบื้องหลังการตัดสินใจฝ่ายเดียวอาจไม่สำคัญเท่ากับการตั้งต้นว่าไม่มีอะไรอยู่เบื้องหลังการทำงานของอำนาจ (นอกจากตัวของอำนาจเอง) ชุมชนผู้สมัครใจยามเช้านั้นสามารถค้นพบเหตุผลมากมายไม่สิ้นสุดที่จะบอกว่าการตัดสินใจของมหาวิทยาลัยมีเหตุผลหรือไร้เหตุผลได้ตลอดตราบเท่าที่การดำรงอยู่ของสภาพบังคับของอำนาจที่ตัดสินใจฝ่ายเดียวถูกบอกปัด การเลือกที่จะเปิดหรือปิดไฟไม่ใช่อะไรอื่นนอกจากรูปธรรมของอำนาจที่จะบังคับให้ผู้อื่นต้องทำตามอย่างไม่อาจหลีกเลี่ยง อำนาจที่พร้อมจะก่อร่างความสมเหตุสมผลให้กับการกระทำของตัวเองเสมอ

ขนมปังและการปฏิวัติ

ขนมปังและการปฏิวัติ

แปลจากบทกลอนของคุณ วิเจย์ ประชาฏ

ขณะที่ฉันอยู่รัสเซีย ปี ค.ศ. 1929 คนขับรถม้าทุกคน [Izvoshchik] จะถามฉันทันทีที่ฉันขึ้นไปบนรถม้า [droshka] ของเขาว่า: ราคาขนมปังในประเทศของคุณเท่าไหร่?
(รีเบคก้า เรย์เฮอร์, 2 เมษายน ค.ศ. 1974)

สร้างเอเชียใหม่ในฝันของเรา

สร้างเอเชียใหม่ในฝันของเรา

ในซีกโลกใต้จะสามารถร่วมมือกันด้วยอธิปไตยและศักดิ์ศรีหรือไม่ พวกเขาจะสามารถสร้างระบอบสถาบันที่รับใช้ประชาชนของตนเองมากกว่าทุนระดับโลกได้หรือไม่ พวกเขาจะสามารถสร้างรูปแบบความร่วมมือที่นอกเหนือไปจากพันธมิตรทางทหารและการพึ่งพาทางตลาดได้หรือไม่

The South – Insurgency & Reaction

The South – Insurgency & Reaction

The south’s political orientation stands in sharp contrast to Thailand’s other periphery regions, which typically lean left and retain strong anti-Bangkok political memories- yet historically, the south was known for its peasant organisers and communist insurgent activity. The transformation of the region into a bastion of right-wing loyalism has long presented a puzzle: Why did the South get so Salim?

ภาคใต้ – การลุกฮือต่อต้านสู่ปฏิกริยา

ภาคใต้ – การลุกฮือต่อต้านสู่ปฏิกริยา

นอดีต ภาคใต้เป็นที่รู้จักกันดีในเรื่องของผู้นำชาวนาและกิจกรรมการก่อกบฏของคอมมิวนิสต์ การเปลี่ยนแปลงของภูมิภาคนี้ให้กลายเป็นฐานที่มั่นของลัทธิภักดีฝ่ายขวาได้สร้างปริศนามานานแล้วว่า ทำไมภาคใต้ถึงเป็นสลิ่มได้ขนาดนี้?

ไม่มีสิ่งใดล้ำค่าไปกว่าความเป็นอิสระและเสรีภาพ

ไม่มีสิ่งใดล้ำค่าไปกว่าความเป็นอิสระและเสรีภาพ

ปัญญาชนและนักกิจกรรมหญิงจากทั่วเอเชียรวมตัวกันเพื่อเปิดเผยความจริงเพียงหนึ่งเดียว: ฐานทัพทหารสหรัฐฯ ที่กระจายอยู่ทั่วทวีปไม่ได้ปกป้องคนของพื้นที่ แต่เป็นการนำสงครามมาสู่แผ่นดิน ทำลายล้างดินแดน และคร่าชีวิตผู้คนไปมากมายเพื่อราคา

ประเทศไทยยุคปลาย 

ประเทศไทยยุคปลาย 

ในปี 2474 ผู้คนได้พูดถึง “สยามยุคปลาย” บ้างไหม? จากการค้นหาอย่างคร่าวๆ ใน Google ดูเหมือนว่าผู้คนจะพูดถึง “ทุนนิยมยุคปลาย” มากขึ้นเรื่อยๆ เมื่อไม่นานมานี้ ขณะวางแผนกับเพื่อนๆ ในกรุงเทพฯ เราต้องคำนึงถึงเรื่องสะพานถล่มในแผนอาหารค่ำของเราด้วย ไม่ใช่แค่สะพานเท่านั้นที่ถล่ม เครนล้มทับรถไฟ รถบัสระเบิด อาคารพังทลาย โกดังระเบิด นี่กลายเป็นเรื่องปกติไปแล้ว

Late Stage Thailand

Late Stage Thailand

In 1931 did people talk about Late-stage Siam? Given a cursory Google search people seem to be increasingly talking about Late-stage Capitalism (ทุนนิยมขั้นปลาย). Recently, when making plans with friends in Bangkok, we had to factor bridge collapses into our dinner plans. It’s not just bridges that collapse, cranes fall on trains, buses explode, buildings crumble into the ground, warehouses explode. This has become quite routine.