စစ် နှင့် ဗိုင်းရပ်စ်

by | Dec 16, 2021 | Articles บทความ, Burmese Language

မူရင်း  Vesna Maric

စစ်ပွဲတွေ၊ သဘာဝဘေးတွေ၊ ကပ်ဘေးတွေဟာ လူမှုအစည်းပြေခြင်းကို ဖြစ်စေတာမဟုတ်ဘူး။ လူမှုအစည်းပြေနေတာကို လှစ်ပြလိုက်တာ၊ မီးလောင်ရာ လေပင့်ပေးကြတာသာ ဖြစ်တယ်။

Vesna Maric က စစ်ပွဲတွေနဲ့ ဗိုင်းရပ်စ်တွေ ခြားနားကြပုံကို ရေးသားတင်ဆင်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တတိယအပတ်ဆိုရင် ဘော့စနီးယားစစ် အစပျိုးတာ နှစ်ဆယ့်ရှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ‘စစ်ကြီးပြီးတဲ့အခါ’ နဲ့ ‘စစ်ကြီးမတိုင်ခင်က’ ဆိုတာ ဘော့စနီးယန်းတွေ၊ ဟာစီဂိုဗီးနီးယန်းတွေ အချိန်ကို ခွဲခြားပြောဖို့သုံးတဲ့ စကားစုတွေပေါ့။ AD (ခရစ်တော်ပွင့်ပြီး) နဲ့ BC (ခရစ်တော်မပွင့်မီက) ဆိုတာတွေလို၊ စစ်အတွင်းဖြတ်သန်းဖူးတဲ့ ကျွန်မတို့အားလုံးအတွက် စစ်ဟာ အချိန်ကာလကို ပိုင်းဖြတ်စရာ အမှတ်အသားဖြစ်တယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တတိယအပတ်ဟာ မက်ဒရစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ဒေါင်းချတာ လေးပတ်မြောက်လည်း ဖြစ်တယ်။ ဒီတော့တဖန် ကျွန်မ ဘဝတူများနဲ့အတူတူ အချိန်ကာလကို ပိုင်းခြားသတ်မှတ်မိပြန်ရော။ ဒါကြီးပြီးသွားရင် ‘ကိုဗစ်နိုင်တီး မတိုင်ခင်က’ နဲ့ ‘ကိုဗစ်နိုင်တီး အလွန်’ ရယ်လို့ ခေါ်ဝေါ်ကြဦးမှာလားပေါ့။

မက်ဒရစ်၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတခွင်မှာ (တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ တိုနဲ့ မတူတာက) လော့ဒေါင်းချပါပြီဆိုကတည်းက ဒီဘဝနေထိုင်ပုံစံသစ်ကို စစ်ဘေးသင့်တွေရဲ့ဘဝနဲ့ ယှဉ်ထိုးပြောကြတာတွေ ကြားရပါတယ်။ ကျွန်မ ကွာရန်တင်း အတွင်းနေနေတုန်း ဝင်လာတဲ့ဖုန်းကောလ်တစ်ခုမှာ ‘ပါလက်စတိုင်းမှာ နေရတာ ဒီလိုမျိုးဖြစ်မယ်နော်။ ဆီးရီးယားကလူတွေ ဒီလိုပဲ နေရတာဖြစ်မယ်နော်’ လို့ ပြောပါတယ်။ ဒီတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဖြစ်ဆိုးတဲ့ဘဝ မကြုံဖူးတော့တဲ့ အခွင့်ထူးခံ အနောက်တိုင်းသားတို့ရဲ့ (မ)သိစိတ်ကို ဗွင်းဗွင်းကြီး ထပ်တွေ့ရပြီလို့ သိလိုက်ပါတယ်။ စစ်နဲ့ ဗိုင်းရပ်စ် မတူဘူးလို့ ကျွန်မ ထောက်ပြပါတယ်။ ခုက အခြေအနေအဆိုးကြီးမဟုတ်သေးဘူး၊ ကျွန်မတို့ အိမ်ထဲမှာပဲ နေလို့ရသေးတယ်၊ ကျွန်မတို့ အိမ်ထဲမှာ အပျင်းကြောဆွဲ ငြီးငွေ့နေလို့ရတယ်၊ ဗိုက်တင်းကားနေအောင် စားလို့ရတယ်၊   yoga လေး ဆော့နေလို့ရတယ်၊ ပီဇာလုပ်စားဦးမလား ရတယ်၊ စာအုပ်ဖတ်မယ်၊ သောက်မယ်၊ ရေလည်း မပြတ်ရနေတယ်၊ အွန်လိုင်းကနေ ဈေးဝယ်လို့ရတယ်၊ ဟီတာလေး ဖွင့်ချင်လည်း အသင့်ပဲ၊ မုဒိမ်းကျင့်ခံရမှာ၊ အသတ်ခံရမှာ ပူစရာမလိုဘူး။

လက်ရှိလူထု စိတ်ပူပင်ထိတ်လန့်ကြတာရယ်၊ အစိုးရအာဏာပိုင်တွေ ကိုင်တွယ်ဖြေရှင်းပုံအချိုးမပြေတာရယ် နဲ့ ၁၉၈၀ ခုနှစ်က ထွက်ခဲ့တဲ့ ဆာရီရယ်လစ်ဟာသရုပ်ရှင် Airplane! မှာ တချို့အချက်လေးတွေ ဆင်တူနေတာကို သတိထားမိတယ်။ ရုပ်ရှင်ထဲမှာ လေယာဉ်ဝန်ထမ်းတွေ၊ ခရီးသည်တွေအကုန်လုံး လေယာဉ်ပေါ်မှာ သေစေနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးနဲ့ ပိတ်မိနေကြတာ။ လေယာဉ်မောင်းဖို့ရာ ကြောက်နေတဲ့၊ စိတ်ဒဏ်ရာသင့် စစ်လေယာဉ်ပိုင်းလော့ပဲ သက်ဆင်းဖို့အရေး တတ်နိုင်မှာ။ ရုပ်ရှင်ထဲမှာလိုပဲ ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ ဒရာမာတွေက ပြဿနာအကြီးစားဒရာမာကြီးတစ်ခုလုံးနဲ့ ယှဉ်ထိုးမြင်လို့ရနေတယ်။ ကျွန်မတို့က အိမ်မှာ ကိုယ့်မိသားစုတွေနဲ့ ပိတ်မိနေလို့ စိတ်တို၊ စိတ်ကောက်၊ စိတ်ဆိုးနေကြတာ။ ရုပ်ရှင်ထဲမှာက ကိုယ့်ဘဝဇာတ်ကြောင်းစုံခင်း ရေနူးလို့မပြီးနိုင်သူနဲ့ ဘေးချင်းကပ်ရပ်ထိုင်ရက်သား ပိတ်မိနေတာမို့ ဇာတ်ကောင်တစ်ကောင်က သူ့ကိုယ်သူ စတေးနေတာ။ လက်ရှိဘဝမှာ အကြောက်တရားကူးစက်ပုံကတော့ … မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ ကိုယ့်ကို အလွန်အမင်းမကြောက်စေချင်တာက သူတို့ရဲ့အကြောက်တရား (ကိုယ့်အကြောက်တရားကြောင့်ပေါ်လာတဲ့ သူတို့ရဲ့အကြောက်တရား) လျော့ပါးသက်သာအောင်သာ ဖြစ်နေသပေါ့။ ရုပ်ရှင်ထဲမှာကျ ကြောက်အားကြီးပြီး အော်ဟစ်သောင်းကျန်းနေတဲ့အမျိုးသမီး ငြိမ်ကျသွားအောင် ဘေးကခရီးဖော်က ပါးတွေနားတွေ ရိုက်တာ၊ ဒီလိုပဲ စေတနာ့ဝန်ထမ်းဖို့ နောက်မှာ တန်းစီနေကြတဲ့ခရီးသည်တွေ အတန်းလိုက် ဆိုတာမျိုး။ (ဘဝအပေါ်)ငြီးငွေ့မှုကိုတော့ သေခြင်းတရားရဲ့ဒရာမာနဲ့ ယှဉ်ထိုးမြင်နိုင်မယ်။ ကိုယ့်ထိန်းချုပ်မှုအတွင်းရှိစေချင်တဲ့စိတ်ကတော့ တစ်ယောက်ချင်းစီမှာ ကိန်းအောင်းနေတဲ့ အကြောက်တရားထုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ခုကာလမှာ အစိုးရအများစုက (ရုပ်ရှင်ထဲက စကားလုံးငှားသုံးရရင်) ‘သေမယ့်အပတ်မှ ဆေးလိပ်ဖြတ်မိတယ်’ ဆိုတဲ့ကိန်းဆိုက်နေကြတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းတွေကိုတော့ လေယာဉ်နဲ့ ခိုင်းနှိုင်းရမယ်၊ သူလိုကိုယ်လို ရွံ့နေသူတွေလက်ထဲ ဝကွက်အပ်ထားရတာ။

စစ်နဲ့ ကမ္ဘာ့ကပ်ဘေးမှာ ကံကောင်းကျန်းမာတဲ့လူအများစု တစ်ကိုယ်ရည်ဧကစာကျင့်ခွင့် အခွင့်ထူးရတဲ့နေရာမှာ ခြားနားကြပေမယ့် ကျွန်မတို့အားလုံးရဲ့ဘဝတွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့နေရာမှာတော့ ထပ်တူသွားကျနေပါတယ်။ ဘဝပျက်ရပုံက စစ်ရဲ့အလားသဏ္ဍာန်တွေကို ကြောက်အားကြီးတဲ့ပုံစံနဲ့ ဆောင်ယူလာတယ်။ မီဒီယာတွေက နေ့စဉ်သေနှုန်းတွေကို ဖော်ပြကြတယ်။ တစ်နေ့တစ်နေ့ သေလူစာရင်းက ဆယ်ချီ၊ ရာချီကနေ ထောင်ချီ၊ သောင်းချီဖြစ်လာတဲ့အခါ သေခြင်းတရားအပေါ် ရှုမြင်ပုံ သိသိသာသာပြောင်းလဲလာတယ်။ ဒါပေမယ့် စစ်တွင်းမှာက သေခြင်းတရားဟာ … ကိုယ့်မျက်စိရှေ့မှောက်တင်၊ ဗုံးသံတွေကြားမှာ၊ သွေးစွန်းလို့ နေပေမယ့် ကပ်တွင်းမှာတော့ အသံတိတ်ခြိမ်းခြောက်နေတာ၊ ရောဂါအရိပ်ဆိုးက ချောင်ခိုတိုက်ခိုက်နေတာ၊ နေရာစုံကနေ ထိုးစစ်ဆင်နေတာ။ သေခြင်းတရားဟာ ကိုယ့်ရှေ့တည့်တည့်မှာ၊ ကိုယ့်လက်တွေပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ၊ ဘပ်စ်ကားတွေပေါ်မှာ၊ ရထားတွေပေါ်မှာ၊ ကိုယ်ချစ်ရသူတွေ၊ ကိုယ့်ရင်သွေးတွေရဲ့ နီရဲရဲနှုတ်ခမ်းပါးတွေပေါ်မှာ ရှိနေတာ ဆိုတဲ့ စိတ်ခံစားချက်မျိုးရနေခဲ့ပေါ့။

ကိုရိုနာဗိုင်းရပ်စ်စပျံ့တော့ မြို့တွေ၊ နိုင်ငံတွေ၊ တိုက်တွေတခွင်မှာ အကြောက်တရားတိုက်စားယူသွားပုံက စစ်ကို သတိရစရာပဲ။ (အတိအကျပြောရရင် အစောပိုင်းကာလတွေပေါ့) စားစရာသောက်စရာတွေစုတယ် (ပန်းနစ်ခ်ဘိုင်ရင်း ဆိုတာပေါ့)၊ ဆိုင်တွေမှာ စင်ပေါ်အကုန် ဗလာနတ္တိ၊ အိမ်နီးချင်း အချင်းချင်း လက်တို့သတင်းပေးကြတယ်၊ ကပ်ကြီးကျပြီ (အဆိုးဆုံးအခြေအနေကို မြင်ယောင်ကြည့်ခြင်း) နဲ့ လုံးဝဥဿုံ ငြင်းဆန်ခြင်း အားပြိုင်ကြတယ်။ ‘ငါ့ကိုတော့ ကျည်ထိမှာမဟုတ်ပါဘူး’ ဒါမှမဟုတ် ‘သာမန်တုပ်ကွေးလိုပါပဲ’ စသဖြင့်ပေါ့။ ကျွန်မမှာ စစ်ဒဏ်ရာဒဏ်ချက်တွေ တစ်ချက်တစ်ချက် ပြန်ပေါ်လာတယ်။ တစ်ခါတလေဆို စွဲထင်နေတဲ့မြင်ကွင်းတွေအဖြစ်နဲ့ ပေါ်လာတယ်။ ဆယ့်ငါးနှစ်အရွယ်ခလေးတွေ မီးခြစ်ပုံးလိုဆိုင်ရှေ့မှာ ပေါင်မုန့်ဝယ်ဖို့ တန်းစီနေတာတွေ၊ နေရာတကာမှာ ဂျုံပြတ်လပ်နေတာတွေ၊ လူသူကင်းမဲ့နေတဲ့လမ်းတွေ၊ လေထဲမှာကို အကြောက်တရားရှူရှိုက်ရနေတဲ့ နေ့တွေ။ ဟိုးအရင်က စိုးရွံ့ထိတ်လန့်မှုမျိုး ကျွန်မဝမ်းတွင်းမှာ အိုင်ထွန်းလာနေပြီ။ ကျွန်မတို့ ဘာတွေဖြစ်ကုန်ကြမှာလဲ။ ဘယ်လိုအဆုံးသတ်မှာလဲ။ အမေ တစ်ခုခုဖြစ်ရင်ရော။ ကျွန်မမှာ သူ့ကို သွားမကူနိုင်၊ မကယ်နိုင်။

ဒါပေမယ့် ဒီထဲမှာမှ အသားပေးပြောချင်တာက ကျွန်မမှာ မီဒီယာယန္တရားကြောင့် ပွင့်အန်ကျလာတဲ့ ကြောက်စရာအတိတ်ပုံရိပ်တွေရှိတယ်၊ ဒီမီဒီယာကနေ ပုံဖော်လိုက်တဲ့ဘာသာစကားကပဲ ကျွန်မတို့ရဲ့အတွေးတွေ၊ ခံစားချက်တွေကို ပုံသွင်းနေတာ။ ၁၉၉၀ ခုနှစ်များဆီတုန်းက ကျွန်မတို့မှာ ဘက်လိုက်မှုတွေ၊ သတင်းမှား၊ သတင်းတုတွေနဲ့ လူထုကို သွေးထိုးတာတွေရှိခဲ့တယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်တုန်းကလည်းရှိခဲ့တယ်။ စစ်အေးခေတ်မှာလည်း ထိုနည်းလည်းကောင်းပဲ။ လက်ရှိ ‘အကြမ်းဖက်မှုအပေါ် ထိုးစစ်’ ဆိုတဲ့ကာလမှာလည်း ရှိတယ်။ နိုင်ငံရေးလောကမှာ စစ်ဆိုတာ အမြဲရှိနေတယ်။ အဲဒီ့ကနေ ခြေတံရှည်ပြီး မီဒီယာထဲထိ ရောက်တယ်။ သတင်းအချက်အလက်အရင်းအမြစ်တွေများလာတာကလွဲလို့ ဘာမှပြောင်းလဲမသွားဘူး။ ဝါဒဖြန့်တာတွေ၊ သတင်းတုတွေ၊ သတင်းမှားတွေ အမြဲတမ်းရှိနေခဲ့တယ်။ ခုလည်း ရှိနေဆဲပဲ။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဖော်ပြကြတဲ့အရေးအသားတွေမှာ သုံးတဲ့ဘာသာစကားတွေက ‘ဗိုင်းရပ်စ်ကို တိုက်ဖျက်ရေး၊ ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူကြတွေ၊ ရန်သူ၊ ကိုဗစ်နိုင်တီး ဂြိုလ်မွှေခြင်း’ စတာတွေဖြစ်တယ်။ ကိုယ့်နှာခေါင်းစည်း ကိုယ်ချုပ်တပ်ကြဖို့ အကြံပေးကြတာလည်းရှိတယ်။ ဂါးဒီယန်းသတင်းစာက ဘယ်လိုခေါင်းစီးတင်သလဲဆိုရင် ‘ကိုရိုနာဗိုင်းရပ်စ်က သံဆူးကြိုးကာထားလို့လည်း အလွတ်မပေးပါဘူး’ လို့ ရေးပါတယ်။ ဆောင်းပါးက ဂရိမှာရှိတဲ့ ဒုက္ခသည်တွေအပေါ် ကူးစက်သက်ရောက်တဲ့အကြောင်းပါ။ သူတို့ရေးပုံက ဗိုင်းရပ်စ်ကပဲ လူတစ်ယောက်ယောက်လို ပုံဖော်တယ်။ ဗိုင်းရပ်စ်ပိုးဟာ သံဆူးကြိုးဖြစ်ဖြစ်၊ ဒုက္ခသည်တွေကိုပဲဖြစ်ဖြစ် သောက်ရာမသွင်းတာဘာညာ မလုပ်တတ်ဘူး။ လူ့အသက်ကို အလေးထားတတ်တာမျိုး ဗိုင်းရပ်စ်ပိုးမှာ ရှိမှာမဟုတ်ဘူး။ အဲဒါ လူသားတွေရဲ့အလုပ်ပဲ။ တကယ်တော့ ဗိုင်းရပ်စ်ကို လူပုဂ္ဂိုလ်လိုလို  ပုံဖော်တာထက် ကျွန်မတို့မီဒီယာတွေလုပ်ရမှာက အကူအညီလိုအပ်နေတဲ့ဒီလူတွေကို အစကတည်းက ဘာကြောင့် သံဆူးကြိုး ခတ်ပြီးပိတ်ထားရသလဲ ဆိုတဲ့မေးခွန်းမေးပြီး ဒုက္ခသည်တွေဟာ လူတွေဖြစ်တယ်ဆိုတာ ဖော်ကျူးရမှာဖြစ်တယ်။ ဗိုင်းရပ်စ်လို သဘာဝထဲကထွက်လာတဲ့အရာ နဲ့ လူကကျူးလွန်တဲ့ပြစ်မှုတွေကို ထပ်တူပြုလိုက်ခြင်းဟာ ရက်စက်ရာကျပါတယ်။ တကယ့်တရားခံကို မှေးမှိန်ပစ်ရာလည်းရောက်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ တာဝန်ခံစရာမလိုတော့သလို တစ်ချိန်တည်းမှာပဲ ဆင်းရဲဒုက္ခအပေါင်းကို မြိန်ရေယှက်ရေနှင့် လက်ပိုက်ကြည့်လိုစိတ်ရှိတယ်လို့ ဝန်ခံရာလည်းကျသွားတယ်။

ကျွန်မတို့ဘာသာစကားက ရောဂါနဲ့ပတ်သက်လို့ အလယ်ခေတ်ကသဘောထားကို ဖွင့်ဟပြလိုက်တယ်။ ဗိုင်းရပ်စ်ကို  ‘ရန်သူ’ ဒါမှမဟုတ် ‘ကျူးကျော်သူ’ လို့ သမုတ်ကြတယ်။ မရေရာမှုနဲ့ အကြောက်တရားကို နပန်းလုံးတဲ့အခါ ကိုယ့်ရန်သူကို အလုံးလိုက်အထည်လိုက် ပုံဖော်၊ နာမည်ကင်ပွန်းတပ်ပေးဖို့ ကြိုးစားတာပေါ့။ ဒါမှသာ နည်းကျလမ်းကျ တုံ့ပြန်တွန်းလှန်မှာမဟုတ်လား။ ဒါပေမယ့် ဒီလိုလုပ်ရင်းနဲ့ပဲ ကျွန်မတို့ သူရဲကောင်းဇာတ်၊ မသေဘူး ရေကူးတတ်တယ် ဇာတ်လည်း ကချင်ကြသေးတာ။ မက်ဒရစ်မှာ ရှစ်နာရီမတိုင်ခင် နိုင်ငံတော်သီချင်းဆိုတာ၊ ကျန်းမာရေးလုပ်သားတွေအတွက် လက်ခုပ်တီးတာ၊ အသည်းကွဲ ပေါက်သီချင်း ‘I Will Survive’ ကို စပိန်မှုပြုထားတဲ့ (‘Resistiré’) ကိုဆိုကြတာ။ ဒါတွေအားလုံးဟာ အကြောက်တရားကနေ ပေါက်ဖွားလာတာ။ ဒီလိုအခြေအနေမျိုးမှာ ကြောက်တာဟာ နားလည်ပေးနိုင်စရာစိတ်ခံစားချက်ဖြစ်ပေမယ့် အကြောက်တရားဟာ ကျွန်မတို့ရဲ့ တကယ့်ရန်သူစစ်စစ်ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ သေနတ်တွေဟာ အကြောက်တရားကနေ စတယ်။ လူတွေကို ဖယ်ကျဉ်တာ၊ ချောင်ထိုးတာ၊ ပစ်သတ်တာ အကြောက်တရားကြောင့်ပဲ။ ကျွန်မတို့အားလုံး အကြောက်တရားကြောင့် ဘာကိုမှ မမြင်နိုင်တော့တာ။

ရောဂါအပေါ် ကျွန်မတို့ ရှုမြင်ပုံတွေက ကျွန်မတို့ရဲ့ကျင့်ဝတ်အမြင်တွေနဲ့ ဆက်စပ်နေတယ်။ ကျွန်မတို့ ဘာသာစကားကို ဘယ်လိုသုံးတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်ပုံဘယ်နည်းကာကွယ်တယ်၊ အချင်းချင်း ဘယ်လိုစောင့်ရှောက်တယ် ဆိုတာတွေကိုလည်း ဒါကပဲ ပုံသွင်းနေတာ။ ကျန်းမာရေးလုပ်သားတွေနဲ့ အတူစည်းလုံးပူးပေါင်းဖို့ (သူတို့အတွက် လူထုက လက်ခုပ်တီးအားပေးတာမျိုး) ပြောကြဆိုကြတယ်၊ တပါးသူတွေအပေါ် ကာကွယ်စောင့်ရှောက်တာ ဘယ်လောက်အရေးကြီးသလဲ ပြောကြဆိုကြတယ်။ ဒါပေမယ့် ကျွန်မတို့(နဲ့ ကိုယ့်အစိုးရတွေ)က လက်ရှိမှာဖြစ်ပွားနေတဲ့၊ အရေးပေါ်ဖြေရှင်းဖို့လိုနေတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းပြဿနာတွေဟာ ဘယ်လောက်အကျည်းတန်ဆိုးရွားနေလဲဆိုတာ မျက်နှာလွှဲလိုက်ကြပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော့ဒေါင်းအကြီးစားမချခင်မှာပဲ တူရကီခေါင်းဆောင် အာဒိုဂန်က ဂရိနယ်စပ်တွေကို ဖွင့်ချပေးလိုက်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူဒုက္ခသည်တွေကို ဂရိစစ်တပ်က မီးသတ်ပိုက်နဲ့ထိုးတဲ့ သတင်းတွေ တက်လာပါတယ်။ Simone Weil ပြောတဲ့ ‘လူသားတစ်ယောက်အပေါ်မှာ မဖြစ်မနေထားရှိရမယ့် စောင့်ထိန်းလိုက်နာမှုများ’ ဆိုတာ ဘာဖြစ်သွားပြီလဲ။

စစ်ဟာ လူမှုအခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်တယ်။ တံတားတွေ ဗုံးခွဲရခံ၊ မြေထဲမှာ မြေမြှုပ်ဗုံးထိုးထည့်ခံရ၊ ဓာတုအဆိပ်တွေသင့်ရ၊ အိမ်တွေ၊ အဆောက်အဦတွေ ဖြိုဖျက်ခံရတယ်။ စစ်ဟာ လူအချင်းချင်းကြားက၊ လူအုပ်စုကြားက ယုံကြည်မှုကိုလည်း ဖျက်ဆီးပစ်တယ်။ စစ်အတွင်းမှာ သေမှာကိုမမှုဘဲ ကူညီကယ်ဆယ်တဲ့လူတွေကနေ ယုံကြည်မှုကို တည်ဆောက်လို့လည်း ရပါတယ်။ စစ်ဟာ အကျိုးအမြတ်ထုတ်ဖို့ ခွင်တစ်ခုလည်း ဖြစ်ပါတယ်။ (နာအိုမီကလိန်းက ‘သဘာဝဘေးသင့်ချိန်မှာ ခေါင်းထောင်တဲ့ အရင်းရှင်စနစ်’ လို့ ပြောင်ပြောင်မြောက်မြောက် အမည်ပေးထားတာရှိပါလေရဲ့) ဘော့စနီးယားနဲ့ ဟာစီဂိုဗီးနား ဖြစ်စဉ်မှာဆိုရင် စစ်ဟာ လက်နက်ခဲယမ်းဖောက်ကားဖို့၊ လူကုန်ကူးဖို့၊ မူးယစ်ဆေးဝါးဖြန့်ဖြူးဖို့ အခွင့်ကောင်းကြီးဖြစ်ခဲ့တယ်။ စစ်ကြီးအလွန်နှစ်တွေမှာ ဒေသတွင်းမှာ ကိုလိုနီတွေ ခေတ်ပြန်ကောင်းလာပါလေရော။ သြစတီးယန်းတွေ၊ ဂျာမန်တွေ၊ တူရကီတွေက ဘဏ်တွေ ဝယ်တယ် (ဒေသခံလုပ်သားတွေကို အလုပ်ဖြုတ်တယ်)၊ သဘာဝအရင်းအမြစ်တွေ ဝယ်တယ်၊ နိုင်ငံသုံးငွေကြေးကိုတောင် ဝင်စွက်လိုက်သေးတယ်။ ဒါတွေအားလုံးဟာ စစ်သာမဖြစ်ခဲ့ရင် ပေါ်လာစရာအကြောင်းမရှိပါဘူး။ ကလိန်း ထောက်ပြသလိုပဲ၊ အကြောက်တရား၊ စိုးရွံ့မှု ကြီးစိုးနေတဲ့အခါ လူထုဟာ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာ မျက်ခြေပြတ်သွားကြတယ်။

ကမ္ဘာ့ကပ်ဘေးလို့ ကြေညာလိုက်ချင်းချင်းမှာ ကျွန်မအတွက် အကြီးမားဆုံးစိုးရွံ့မှုကတော့ … ကျွန်မတို့မသိဘဲ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ အကောင်အထည်ဖော်နေပြီလဲ၊ ဒါကြီးပြီးသွားရင် ကမ္ဘာဟာ ဘယ်လိုဖြစ်ကျန်ခဲ့မှာလဲ ဆိုတဲ့ အတွေးပါပဲ။ အနာဂတ်အကြောင်း ကျွန်မ ရက်ပေါင်းများစွာ သောကပွားပြီးနေခဲ့ရတယ်။ အဲဒီ့အချိန်မှာပဲ စစ်အတွင်းက(စိတ်)ဒဏ်ရာဒဏ်ချက်တွေထဲက(တစ်ခုမက ရှိတာကိုး) တစ်ခုကို စစ်အလွန်နှစ်များအတွင်း ဖရိုဖရဲအခြေအနေက ပြန်ဆွပေးတယ်ဆိုတာ သဘောပေါက်သွားတယ်။ တိုက်ကြခိုက်ကြလွန်းလို့ စုတ်ပြတ်သတ်နေတဲ့၊ အကျင့်ပြခြစားမှုနဲ့ ယိုယွင်းနေတဲ့၊ စိတ်ဝိဉာန်ပါ ချေမွခံရလို့ နောင်နှစ်သုံးဆယ်လောက်ထိ ရှေ့ကြောင်းမလှည့်နိုင်တဲ့ တိုင်းပြည်ကို မြင်ရတာဟာလေ။

ခုများတော့ စစ်ဘေးသင့်နေတဲ့နိုင်ငံတွေဆီကနေယူစရာ သင်ခန်းစာအကြီးကြီး ရှိပါတယ်။ လူထုဟာ နင်းချေခံရလွန်းလို့ ဒီအပျက်အဆီးတွေကို အစိုးရတွေတာဝန်ယူရမယ်လို့ တောင်းဆိုဖို့ မေ့လျော့နေတဲ့နိုင်ငံတွေပေါ့။ စစ်ပွဲတွေ၊ သဘာဝဘေးတွေ၊ ကပ်ဘေးတွေဟာ လူမှုအစည်းပြေခြင်းကို ဖြစ်စေတာမဟုတ်ဘူး။ လူမှုအစည်းပြေနေတာကို လှစ်ပြလိုက်တာ၊ မီးလောင်ရာ လေပင့်ပေးကြတာသာ ဖြစ်တယ်။ ဒါကြောင့် အကျပ်အတည်းကာလတွေမှာ မွဲတေတဲ့ နိုင်ငံတွေ၊ ဒေသတွေ၊ ငမွဲတွေဟာ ပိုအထိနာတာဖြစ်တယ်။ ဘယ်နေရာမှာ ယိုပေါက်တွေဖြစ်နေသလဲဆိုတာ မှတ်သားဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ (စစ်ကာလနဲ့မတူတာက) ခုအခြေအနေမှာ ကျွန်မတို့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် ဘာလိုချင်တယ်၊ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာ တွေးနိုင်ခေါ်နိုင်၊ ဆုံးဖြတ်နိုင်၊ လုပ်ဆောင်နိုင်တဲ့ အနေအထားမှာရှိနေလို့ပါပဲ။

(တစ်ဆင့်ပြီးတစ်ဆင့် စနစ်ကျကျ ချက်ချင်း မတားဆီးဘူးဆိုရင် နလန်ထူမှာမဟုတ်တဲ့) ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို ကျွန်မတို့ တစ်ကမ္ဘာလုံးခံနေရတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လို စောင့်ရှောက်သလဲဆိုတာကလည်း အတူတူသက်ရောက်နေတာပဲ။ ကျန်းမာရေးစောင့်ရှောက်မှုတွေကတဆင့်၊ အလုပ်ခန့်အပ်ရေးဥပဒေတွေကတဆင့်၊ လူမျိုး၊ လူတန်းစား၊ ဂျန်ဒါ အပေါ်လိုက်ပြီး ခွဲခြားတဲ့ ရှုမြင်ပုံတွေကတဆင့်၊ အားနည်းသူတွေအပေါ် ဆက်ဆံပုံကတဆင့် စသဖြင့်။ ဂျာမနီ၊ သြစတီးယား နဲ့ ဟော်လန်တို့က အီတလီ၊ ပြင်သစ်နဲ့ စပိန်တို့ကို ကူညီမှာလား။ ဂရိကို အကူအညီပေးမှာလား။ ထောင်ချီတဲ့ နေရပ်ရွှေ့ပြောင်းဒုက္ခသည်တွေ၊ အိမ်ခြေမဲ့တွေ၊ အလုပ်လက်မဲ့တွေအပေါ် ထောက်ထားတဲ့အမြင်သစ်တွေ ကျွန်မတို့မှာ ရှိလာမှာလား။ လူအများရဲ့လိုအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ နိုင်ငံလုံးဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ လူမှုဖူလုံရေးစနစ်တွေ တည်ဆောက်ဖို့ ကျွန်မတို့ တောင်းဆိုကြမှာလား။

စစ်အတွင်းမှာ အခွင့်ထူးအကြောင်း ဘယ်လိုမှ ဇန်းတင်ပြောမရဘူး။ ခုများမှာတော့ တစ်ကိုယ်ရည်ဧကစာကျင့်နေနိုင်တယ်ဆိုတာကိုယ်နှိုက်က အခွင့်ထူးဖြစ်နေပါပြီ။ ဆိုလိုတာက အဲဒီ့လိုဧကစာကျင့်ဖို့ အိမ်ရှိရာရှိဖို့ လိုတာကိုး။ ကျွန်မတို့ အိမ်ကနေ အလုပ်လုပ်နိုင်တာ၊ စားစရာအလုံအလောက်ရှိနေတာ အခွင့်ထူးတစ်ခုပါပဲ။ လုပ်ခလစာအနည်းပါးဆုံးရတဲ့ မရှိမဖြစ်လုပ်သားတွေ၊ အိမ်မဲ့ရာမဲ့တွေ၊ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေတော်တော်များများကတော့ ဒီအခွင့်ထူး မရကြရှာပါဘူး။ ကျွန်မတို့ ဒီကာလလေးကို အသုံးချပြီး လူမှုတရားမျှတမှုစနစ်တွေ၊ အစိုးရတွေ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုအသုံးချနေလဲဆိုတာတွေ၊ ‘လူသားတစ်ယောက်အပေါ်မှာ မဖြစ်မနေထားရှိရမယ့် စောင့်ထိန်းလိုက်နာမှုများ’ ဆိုတာတွေ၊ ‘ခလုတ်မထိ ဆူးမငြိ နေရတယ်’ ဆိုတာ ဘယ်လိုမျိုးလဲ စသဖြင့် ပြန်တွေးကြည့်ကြပါစို့။ လေယာဉ် ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဆိုတာနဲ့ (ကပ်ကြီးပြီးပြီဆိုတာနဲ့) အစိုးရတွေ နားစိုက်ထောင်ကြအောင် ဝိုင်းတွန်းကြပါစို့လားရှင်။    ။

Vesna Maric ရဲ့ War and Virus ကို ဘာသာပြန်တယ်။

คู่มือเบื้องต้นเกี่ยวกับปิโตรดอลลาร์และสงครามกับอิหร่าน

คู่มือเบื้องต้นเกี่ยวกับปิโตรดอลลาร์และสงครามกับอิหร่าน

ในขณะที่คุณและผมกังวลว่าสงครามและภาวะเงินเฟ้อจะส่งผลกระทบต่อครอบครัวและประเทศชาติของเราอย่างไร นักลงทุนในตลาดพันธบัตรกลับจ้องมองตัวเลขบนหน้าจออย่างตั้งอกตั้งใจ และคำนวณสิ่งที่อาจเกิดขึ้นกับเครื่องมือทางการเงินที่ดูซับซ้อนเหล่านั้น หน้าที่ของพวกเขาคือการปกป้องสมบัติของคนร่ำรวย ตลอดห้าสิบปีที่ผ่านมา ความมั่นคงของดอลลาร์สหรัฐฯ โดยเฉพาะอย่างยิ่งในรูปของพันธบัตรกระทรวงการคลังสหรัฐฯ นั้น ส่วนหนึ่งขึ้นอยู่กับสิ่งที่เรียกว่าระบบ ‘ปิโตรดอลลาร์’

ช่องแคบฮอร์มุซ ประตูสู่ทะเลใหญ่

ช่องแคบฮอร์มุซ ประตูสู่ทะเลใหญ่

สำหรับหลายประเทศยากจน สงครามครั้งนี้เกิดขึ้นหลังจากหลายทศวรรษของการปรับโครงสร้างแบบเสรีนิยมใหม่และวงจรการรัดเข็มขัดหนี้สิน ในขณะที่สงครามคุกคามที่จะทำให้หลายประเทศเหล่านี้ล่มสลาย จึงจำเป็นต้องมีการตอบสนองระหว่างประเทศที่ประสานงานกัน

ต่อต้านสงครามอย่างไม่มีวันสิ้นสุด

ต่อต้านสงครามอย่างไม่มีวันสิ้นสุด

จิตวิญญาณของมนุษย์นั้นแข็งแกร่งเกินกว่าจะถูกทำลายโดยผู้ทรมาน และจะใช้ทุกวิถีทางเพื่อต่อต้านโลกที่ประวัติศาสตร์แห่งสงครามที่ไม่มีวันสิ้นสุดนี้จะเป็นตัวกำหนดอนาคตของเรา

เซเนกัลอยู่บนขอบเหวแห่งการล่มสลาย

เซเนกัลอยู่บนขอบเหวแห่งการล่มสลาย

เซเนกัลซึ่งแบกรับภาระจากลัทธิล่าอาณานิคมใหม่และการทุจริตมานานหลายทศวรรษ กำลังเผชิญกับภาวะที่กลืนไม่เข้าคายไม่ออกซึ่งประเทศต่างๆ ในซีกโลกใต้ต้องเผชิญอยู่บ่อยครั้ง นั่นคือ จะพัฒนาประเทศอย่างยั่งยืนได้อย่างไรภายใต้ภาระหนี้สินมหาศาล

คิวบาไม่หวาดกลัว

คิวบาไม่หวาดกลัว

มีคนที่ไม่เห็นด้วยกับการปฏิวัติ แต่มีพวกเราอีกมากมายที่สนับสนุนการปฏิวัติ และเราไม่หวาดกลัว

ฝ่ายขวาจัดประกาศสงครามกับผู้หญิง

ฝ่ายขวาจัดประกาศสงครามกับผู้หญิง

แทนที่จะให้ความสำคัญกับปัญหาความรุนแรงและความเหลื่อมล้ำที่กระทบต่อผู้หญิงในสังคมปิตาธิปไตย ฝ่ายขวาจัดกลับมองขบวนการสตรีนิยมและความหลากหลายทางเพศว่าเป็นศัตรูหลักที่ต้องกำจัด

หมู่บ้านละเอปสตีน

หมู่บ้านละเอปสตีน

คุณปู่ของคุณอายุเท่าไหร่ตอนที่แต่งงานกับคุณย่าของคุณ? การแต่งงานครั้งนั้นเป็นการจัดขึ้นอย่างไร? คุณย่ารู้สึกอย่างไรในคืนนั้น? แน่นอนว่าเรื่องนี้ไม่ได้หมายถึงคุณย่าทุกคน บางทีคุณปู่ของคุณอาจจะเป็นส่วนที่ “โอเค” คนหนึ่ง แต่เมื่อคุณอ่านเรื่องราวที่น่าสยดสยองเกี่ยวกับ...

ชาวส้ม

ชาวส้ม

นับตั้งแต่ปี 2562 รูปแบบทางการเมืองใหม่ได้ปรากฏขึ้น ซึ่งเลียนแบบการต่อสู้ของสีเดิม จากเดิมที่เป็นการต่อสู้ระหว่างแดงกับเหลือง ได้เปลี่ยนไปเป็นแดงกับส้ม อย่างไรก็ตาม ในแง่มุมที่แปลกประหลาด การเปลี่ยนแปลงนี้กลับถูกตีความโดยคนภายนอกและผู้ที่เพิ่งเข้ามาเกี่ยวข้องกับการเมืองไทยว่าเป็นความพลิกผันทางการเมืองนับตั้งแต่พรรคแดงได้กลับมาครองรัฐสภาอีกครั้งหลังการเลือกตั้งปี 2566

อิสราเอลและสหรัฐอเมริกาไม่สามารถชนะสงครามอิหร่าน

อิสราเอลและสหรัฐอเมริกาไม่สามารถชนะสงครามอิหร่าน

สหรัฐอเมริกาและอิสราเอลละเมิดอธิปไตยโจมตีอิหร่านอีกครั้ง สังหารพลเรือนอิหร่านจำนวนมาก สหรัฐฯ กล่าวอ้างว่าอิหร่านพัฒนาอาวุธนิวเคลียร์ที่ไม่มีอยู่จริง จนกลายเป็นความโหดร้ายซ้ำรอยประธานาธิบดี บุช บุกอิรัก ค.ศ. 2003

Each Village Its Own Epstein

Each Village Its Own Epstein

The revelations of the Epstein Network has provided an insight into how these elite networks of sexual abusers function. While this may come as a shock to the respectable journalist/ commentariat class, the existence and prevalence of such networks have been long known by generations of poor women of Southeast Asia, a people who have been fetishised, captured, trafficked and commodified for centuries. In this sense, The Epstein revelations reveal nothing new to us. These networks are not unique to the international elite, the crimes of class society are synchronous, there is an Epstein in Singapore, there is an Epstein in Bangkok, an Epstein in Kalasin, an Epstein in Surat Thani and they are persistent and entrenched at the hyper local level

สำนึกร่วมแบบนายทุน: ทุนนิยมกินรวบ, อำนาจทางชนชั้น และมหาวิทยาลัยมวลชน, 1890-2025

สำนึกร่วมแบบนายทุน: ทุนนิยมกินรวบ, อำนาจทางชนชั้น และมหาวิทยาลัยมวลชน, 1890-2025

ภายใต้การจัดการแบบวิทยาศาสตร์ เจ้านายรื้อถอนทักษะของแรงงาน และค้นหาวิธีการคงรักษางานที่ใช้ความรู้เอาไว้เพื่อจัดการการผลิตขึ้นมาใหม่ และเพิ่มพูนอัตราของมูลค่าส่วนเกิน. ในโรงงานความรู้ ปัญญาชนก็ถูกถอนทักษะเช่นกัน:พวกเขาแค่ไม่ตระหนักถึงมันก็เท่านั้น. พวกเขาเชื่อตลอดว่าความเชี่ยวชาญและ “การกลายเป็นเฉพาะทาง” คือการเพิ่มพูนทักษะทั้งที่ความเป็นจริงคือสิ่งตรงกันข้าม. นั่นคือเหตุผลว่าทำไมนักวิชาการจำนวนมากสามารถดูฉลาดเมื่อพูดถึงเรื่องเฉพาะ แต่แสนจะโง่งมเมื่อพูดถึงสิ่งอื่นนอกจากนั้น.

เงินชดเชย – ความยุติธรรมที่ยังคงรอคอย

เงินชดเชย – ความยุติธรรมที่ยังคงรอคอย

ตลอดหลายร้อยปีที่ชาติตะวันตกล่าอาณานิคมและปล้นชิงทรัพยากร แรงงาน และทรัพย์สมบัติประเทศซีกโลกใต้นั้น พวกเราไม่เคยได้รับความยุติธรรมหรือค่าชดเชยที่เราสมควรได้รับเลย