သံလွင်မြစ်နံဘေးက အတွေးများ 

by | Mar 17, 2022 | Articles บทความ, Burmese Language

သက်ဝေ 

သံလွင်မြစ်နံဘေးက ဟိုကယ်ဆိုတဲ့ရွာကလေးကို သြဂုတ်လနှောင်းပိုင်းကရောက်ဖြစ်ခဲ့ပါတယ်။ အခုလို မိုးရာသီမှာ သံလွင်မြစ်ထဲသွားရတာက ကြောက်စရာကောင်းပါတယ်။ မြစ်ထဲရေပိုများလို့ သွားရတာအဆင်ပြေတာမဟုတ်ဖူးလားလို့မေးကောင်းမေးကြမယ်။ ဒါပေမယ့် ရေများတဲ့အခါမှာ ဝဲတွေပိုများလာတယ်။ ကျောက်တုံး၊ ကျောက်ဆောင်တွေက ရေမြုပ်သွားတဲ့အခါ မှန်းပြီး ရှောင်ရှားရတယ်။ စတဲ့အချက်တွေကြောင့်မို့သွားရတာ ပိုခက်ခဲသလို ပိုလဲ ကြောက်စရာကောင်းပါတယ်။ မြစ်ရေကပိုတက်နေတဲ့အတွက်လဲနွေဦးတုန်းကဖြတ်ခဲ့ရတဲ့ ရွာလေးတွေတချို့ကိုတောင် မမှတ်မိတော့ပါဘူး။ ကိုဗစ်ကာလမှာသွားရတာဖြစ်တဲ့အတွက် သွားရလာရတာမလွယ်ပါဘူး။ အထူးသဖြင့် ထိုင်းဖက်ခြမ်းက ပိုပြီးအစစ်အဆေးတွေရှိတာရယ်၊ ပြီးတော့လဲ ကော်သူးလေဖက်ကလဲအပြင်လူအဝင်အထွက်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာရယ်ကြောင့်ရယ်ပါ။ ဘားအံကနေမှတဆင့် သေဘေထ (Thay Bay Hta)* ကနေ မြစ်ကိုကူးပြီး တဖက်ကမ်း မယ်ဟောင်ဆောင်ကိုသွားရပါတယ်။ မိုးတွင်းကာလဖြစ်နေလို့ ပြည်တွင်းလမ်းဖက်ကသွားလို့အဆင်မပြေလို့ မယ်ဟောင်ဆောင်ကနေတဆင့်သွားရတာပါ။ 

အဲဒီအခါမှာ တခါမှမတွေးဖူးတဲ့အတွေးက တရားမဝင်ဝင်ရောက်သူဆိုတဲ့ အတွေးကို စပြီးသွားတွေးမိပါတယ်။ ဒါကလဲ အတူသွားတဲ့ သူငယ်ချင်းကပြောတော့မှ ကျမသတိရမိတာပါ။ ကားအကြာကြီးစီးပြီးတော့ လာရတဲ့ ခရီးဖြစ်တဲ့အတွက် မယ်ဟောင်ဆောင်ကိုရောက်ရောက်ချင်းမှာ ပင်ပန်းပေမယ့် ခဏဝင်တည်းခိုတဲ့နေရာကညီမလေးတွေက ညစျေးရှိတယ်ပြောတော့ သူငယ်ချင်းနဲ့ နှစ်ယောက်သား သွားကြမလားဆိုပြီး အခြား ညီမလေးတွေနဲ့ပါ ညစျေးဖက်ကို ဆိုင်ကယ်စီးပြီး သွားလည်ဖြစ်တယ်။ အဲဒီအချိန်ထိ ကိုယ့်ဖာသာကိုယ် တရားမဝင်ဆိုတဲ့ အသိိလဲ မရှိဘူး။ ရုပ်သွင်ပြင်တွေကလဲ ကိုယ်တွေ အာရှနွယ်ဖွားချင်းတူတူဆိုတော့ သိသိသာသာကွဲထွက်နေတာမျိုး မရှိတော့ ညစျေးထဲ အေးဆေးလေ ျှာက်သွားဖြစ်တယ်။ တည်းတဲ့နေရာပြန်ရောက်မှ သူငယ်ချင်းနဲ့ စကားပြောကြတဲ့အခါ သူက ငါတို့တွေအခု တရားမဝင်ဆိုတဲ့ illegal status နဲ့ ဒီမှာနေနေတာနော်တဲ့၊ ခဏတာပဲ ဝင်တည်းခိုတာဖြစ်ဖြစ် illegal status ဆိုတာကိုတွေးမိတော့မှ နယ်စပ်နယ်နမိတ်မျဉ်းတွေအကြောင်းကို သွားတွေးမိပါတော့တယ်။ ပြီးတော့လဲတရားမဝင် ဝင်ရောက်နေထိုင်သူ၊ တရားမဝင် အလုပ်လာလုပ်သူဆိုတဲ့ အကြောင်းအရာတွေပါ တဆက်တည်း သွားတွေးမိပါတော့တယ်။ နယ်စပ်နယ်နမိတ်မျဉ်းတွေကြောင့် လူသားတွေအများကြီး ဒုက္ခရောက်ကြရတာ၊ လူသားဖြစ်မှုကနေ အဆင့်လေ ျှာ့ချခံရတာတွေ၊ တရားဝင်မှု၊ မဝင်မှု စတာတွေက စာရွက်စာတမ်းတွေနဲ့ သာတိုင်းတာကြပြီး တကယ့် သက်ရှင်ထင်ရှားလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေက နယ်နမိတ်မျဉ်းတွေအပေါ်မှာ ဖျက်ဆီးခံလိုက်ရတာတွေ အများကြီးလဲ တရစပ်တွေးမိသွားပါတယ်။

နောက်တနေ့မှာတော့ ကျမတို့ဆွေးနွေးပွဲလုပ်မယ့် သံလွင်မြစ်နံဘေးက ဟိုကယ်ဆိုတဲ့ ရွာကလေးကို မြစ်ဆိပ်ကနေ လှေ ၃ နာရီလောက်နီးပါးစီးပြီးသွားခဲ့ပါတယ်။ ဟိုကယ်ဆိုတဲ့ ရွာကိုရောက်တော့ ညနေစောင်း ၃ နာရီဝန်းကျင်လောက်ရှိပါပြီ။ ကရင်အမျိုးသမီးအစည်းအရုံးက သင်တန်းသူတွေက ကျမတို့ကိုလာကြိုပါတယ်။ ကျမတို့နဲ့ အတူလှေပေါ်မှာပါလာတဲ့ ပစ္စည်းတွေလဲအကုန်ဝိုင်းကူသယ်ကြနဲ့ပေါ့။ နေရာအသစ်ကိုရောက်ရင် ကျမထုံးစံအတိုင်း မမောနိုင်မပန်းနိုင် လေ ျှာက်သွားကြည့်ရမှ ကျေနပ်တတ်တဲ့အတွက် အထုပ်တွေချပြီးတာနဲ့ လမ်းလေ ျှာက်ထွက်ခဲ့ပါတယ်။ ရွာက မြေပြန့်ရွာမဟုတ်ပဲ မြစ်ကမ်းနံဘေးကနေ တောင်ပေါ်ရွာလို တဆင့်တဆင့် တက်သွားရတဲ့ ပုံပါ။ ကျမတို့တည်းတဲ့ ကျောင်းတည်ရှိရာနေရာကတော့ မြစ်ဆိပ်ကနေ ၅ မိနစ်လောက် တော်တော်မတ်မတ်ကိုတက်ရင်ရောက်ပါတယ်။ ကျောင်းကနေမှ ဆက်တက်သွားရင်တော့ ဆရာဖြစ်သင်တန်းကျောင်းနဲ့ကောလိပ်ရှိပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံးကဖွင့်ထားတဲ့ ကရင်မျိုးဆက်သစ်လူငယ်အမျိုးသမီးခေါင်းဆောင် ကျောင်းကတော့ မြစ်ဆိပ်နားလေးမှာပဲ တည်ရှိတာပါ။ ကျန်တာကတော့ အိမ်ခြေအနည်းငယ်ရှိပါတယ်။ အိမ်ဆိုင်လေးတွေ ၂ ဆိုင်၊ ၃ ဆိုင်လဲ တွေ့ရတယ်။ အကုန်လုံးက ထိုင်းနိုင်ငံဖက်ကနေ ကုန်ပစ္စည်းယူရောင်းကြတာပါ။ အိမ်ဆို်င် ၁ ဆိုင်က အဖွားကတော့ တောင်ငူဖက်ကလို့ဆိုပါတယ်။ စစ်ဒဏ်ကြောင့် သံလွင်မြစ်ကမ်းဘေးကို ပြေးလာရတာပါလို့ပြောပါတယ်။ အိမ်ကိုလွမ်းတယ်လို့ သူပြောတာနားထောင်ရင်း မြန်မာပြည်မှာ ပြည်တွင်းစစ်ကြောင့်ကိုယ့်မွေးရပ်မြေ၊ ကိုယ့်အိမ်ကိုစွန့်ခွာပြီး အရပ်တပါးမှာ အသက်ရှင်အောင်နေထိုင်ရတဲ့ သူတွေရဲ့နေ့စဉ်ဘဝတွေဟာ  စစ်ဝါဒနဲ့အကျိုးစီးပွားနိုင်ငံရေးအခင်းအကျင်းထဲမှာ ပျောက်ဆုံးဖျက်ဆီးခံရတာကို သွားတွေးမိပါတယ်။ 

မျိုးဆက်သစ်ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်သင်တန်းကျောင်း 

ဒီသင်တန်းကျောင်းကတော့ တနှစ်ပတ်လုံးဖွင့်တာဖြစ်ပြီး ကော်သူးလေမှာရှိတဲ့ တပ်မဟာ (၇) ခုလုံးက လူငယ်အမျိုးသမီးတွေ လာတက်ကြတာပါ။ ကရင်အမျိုးသမီးအစည်းအရုံးကဖွင့်တာဖြစ်ပြီး တနှစ်ပတ်လုံး သင်ရိုးညွှန်းတမ်းထဲမှာ ကရင်တော်လှန်ရေးသမိုင်း၊ KNU အဖွဲ့အစည်းရဲ့ အခြေခံဥပဒေအကြောင်း၊ ကရင်အမျိုးသမီးအစည်းအရုံးရဲ့အခြေခံဥပဒေအကြောင်း၊ အခြားသော စိုက်ပျိုးရေး၊ ရက်ကန်း စတဲ့ သင်ခန်းစာတွေပါ သင်ကြားရပါတယ်။ ကျမတို့ကတော့ ဖိနှိပ်မှုတွေအကြောင်း၊ မတရားမှုတွေအကြောင်းနဲ့အတူ ပေတရီအာခီ (ကျားပဓာနပြုလူမှုနိုင်ငံရေးစနစ်) အကြောင်း၊ ဖမ်မင်နစ်ဇင်အကြောင်း စတာတွေကို သူတို့နဲ့ အပြန်အလှန်ဆွေးနွေးကြဖို့ (၂) ပတ်တာရောက်ရှိခဲ့တာပါ။ ဘာသာစကားအခက်အခဲက ကျမအတွက် နယ်တွေကိုသွားတိုင်းမှာ ကြုံရတာပါ။ အဲဒီအခါမှာ ကျမရဲ့ ဗမာလူမျိုးဖြစ်မှုအခွင့်ထူးခံကို ပိုလို့နားလည်မိတယ်။ နယ်အစုံရောက်သွားတဲ့အခါတိုင်း တိုင်းရင်းသားဘာသာစကားတခုခုမပြောတတ်တဲ့အခါ ကျမအနေနဲ့ သူတို့ရဲ့တိုင်းရင်းသားဘာသာစကားမပြောတတ်လို့တောင်းပန်ပါတယ်လို့ ပြောရတဲ့ အနေအထားမျိုးမရှိပေမယ့် နယ်ကသူတွေအတွက် ကျမနဲ့ဆက်ဆံပြောဆိုဖို့ရာမှာ ဗမာစကားပြောဖို့အဆင်မပြေဖြစ်တဲ့အခါတိုင်း သူတို့က တောင်းပန်ပါတယ် ကျမတို့ ကျနော်တို့ ဗမာစကားက သေချာမပြောတတ်ပါဘူးလို့ ပြောတဲ့ စကားသံ အမြဲ ကြားရတယ်။ အဲလိုအခြေအနေတွေ အမြဲကြုံရတယ်။ ဒါကြောင့် ကျမရဲ့ဗမာဖြစ်မှုအခွင့်ထူးခံကို စပြီး သဘောပေါက်နားလည်တဲ့နေ့ကစပြီး ကျမက အမြဲပဲသတိထားပြီးတော့ ကျမသွားတဲ့နေရာဒေသက သူတို့ရဲ့ ဘာသာစကားကိုမပြောတတ်တဲ့အခါမှာ စတောင်းပန်တဲ့ အလေ့အကျင့်ကို ကျင့်ယူရပါတယ်။

နောက်အခြေအနေတခုက မြို့ကလာတဲ့ သူ၊ မြို့ကလာတဲ့ ဆရာမ စတဲ့ အခြေအနေတွေကို ကြုံရတာမျိုးပါ။ ဒါကလဲကျမရဲ့မြို့မှာမွေး၊ မြို့မှာကြီး၊ ဗမာလူမျိုးဖြစ်မှု၊ စတဲ့ အခွင့်ထူးခံအခြေအနေတွေကြောင့်သာ ကျမမှာ အခွင့်အလမ်းတွေကို ပိုလက်လှမ်းမီတဲ့ အနေအထားရှိနေတာပါ။ ကျမက တပါးသူထက် ပိုတော်နေလို့၊ ဦးနှောက်တွေးခေါ်နိုင်စွမ်းပိုသာနေလို့မဟုတ်ပါဘူး။ အဲဒီအတွက်လဲ နောက်ပိုင်းကျမရဲ့အခွင့်ထူးခံဘဝကို နားလည်သဘောပေါက်လာတဲ့အခါမှာ ကျမအတွက် မြို့ကမဟုတ်တဲ့ နယ်ကသူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကျမက ဒီမှာရှိနေတဲ့သူတွေထက် ထူးခြားပြီး ပညာတတ်တဲ့သူ၊ ပိုသိတဲ့သူမဟုတ်ပါဘူးလို့ ဦးစွာပြောရပါတယ်။ မြို့မှာမွေးလာလို့သာ အချို့အရာတွေကို နယ်ကသူတွေထက် လက်လှမ်းမီနိုင်တဲ့အတွက် ဒီလိုအနေအထား အခြေအနေဖြစ်တာပါလို့ ပြောရပါတယ်။ အခု (၂) ပတ်တာကာလမှာလဲ ကျမအတွက် အသစ်အသစ်တွေအများကြီး သင်ယူရပါတယ်။ တကယ်တော့ ကိုယ်က မ ျှဝေပေးတာထက် သူတို့က ကိုယ့်ကို မ ျှဝေပေးတဲ့အရာတွေက ပိုများတာပါ။ ကရင်စကားသင်ပေးကြတယ်၊ ထမင်းဟင်းကအစ ဒေသမှာရှိတဲ့ အသီးအရွက်အစုံအကြောင်း ပြောပြကြတယ်။ တပ်မဟာ အသီးသီးက လာကြတဲ့ သူတို့ရဲ့ ဒေသအသီးသီးက အတွေ့အကြုံအဖုံဖုံကလဲ ညတိုင်း နားထောင်မကုန်အောင်ဖြစ်ရတယ်။ 

နိုင်ငံရေးနဲ့ အမျိုးသမီးတွေအကြောင်းဆွေးနွေးကြတဲ့အခါမှာတော့ သူတို့ကို ကရင်အမျိုးသမီးတွေအကြောင်းနဲ့ပတ်သက်ပြီးမေးတဲ့အခါမှာ သိပ်မသိကြပေမယ့် စောဘဦးကြီးကအစပြုလို့ကရင်အမျိုးသားခေါင်းဆောင်တွေအကြောင်းကိုတော့ နာမည်တွေတရစပ်ရွတ်ပြနိုင်ကြတယ်။ တဆက်တည်း ကျမစဉ်းစားမိတာက အမျိုးသမီးတွေရဲ့ သမိုင်းတွေအဖျောက်ခံရတာ၊ စာပေမှတ်တမ်းမှတ်ရာမရှိတာတွေ စတာတွေကို တွေးမိသွားပါတယ်။  အမျိုးသမီးတွေမရှိခဲ့တာမဟုတ်ပါဘူး၊ မပါခဲ့တာမဟုတ်ဘူး၊ သူတို့ပါဝင်လုပ်ဆောင်ခဲ့တဲ့ သမိုင်းတွေဟာ မှတ်တမ်းအတင်မခံရတာပါ၊ အဲဒီသမိုင်းတွေဟာ ရည်ရွယ်ချက်ရှိရှိ (ပေတရီအာခီ လူမှုနိုင်ငံရေးစနစ်အောက်မှာ) အဖျောက်ခံခဲ့ရတာပါ။ အဲဒီနေ့တနေ့လုံးကတော့ သမိုင်းထဲကပျောက်ဆုံးနေတဲ့ တိုင်းရင်းသူအမျိုးသမီးတွေအကြောင်းကို တွေးရင်း အချိန်ကုန်ခဲ့မိတယ်။ 

မိုးတွင်းကာလဖြစ်တဲ့အတွက် ကျမတို့ရောက်ပြီး ၂ ရက် ၃ ရက်လောက်နေတဲ့အခါ သံလွင်မြစ်ရေကြီးပါတော့တယ်။ ကျမရောက်နေတဲ့ ဟိုကယ်ရွာကနေ တနာရီလောက်ပဲ စက်လှေမောင်းရတဲ့ အီတူထ ဆိုတဲ့ ဒုက္ခသည်စခန်းမှာေရေကြီးတဲ့ သတင်းတက်လာပါတော့တယ်။ အိမ်ခြေ တော်တော်များများပျက်စီးပြီး မိသားစုဝင်တော်တော်များများလဲ ဒုက္ခရောက်ကြတယ်လို့ကြားသိရပါတယ်။ ကျမတို့နေတဲ့ နေရာကတော့ နည်းနည်းလေးပိုမြင့်တဲ့အတွက် ရေမတက်ပေမယ့် ကျမတို့ရောက်ခဲ့တုန်းက ဆင်းခဲ့တဲ့ မြစ်ဆိပ်ကတော့ ရေသားအတိဖုံးသွားတာပါ။ တချို့အိမ်တွေဆို ရေစပ်နားမြုပ်ကုန်တာကိုတွေ့ရပါတယ်။ ဒီနှစ်ရေကြီးတာ တော်တော်ဆိုးတယ်လို့ ဆိုကြပါတယ်။ အခင်းတွေလဲ ပျက်ကုန်ကြတယ်။ ရေတက်နေတဲ့ကြားထဲကပဲ တနေ့တနေ့လဲ သွားစရာမရှိတာကြောင့် တရက်မှာတော့ ၁၅ မိနစ်လောက် စက်လှေစီးသွားရတဲ့ ရွာကိုသွားလည်ကြပါတယ်။ အဲဒီရွာမှာ သစ်သားနဲ့ အိုးခွက်ပန်းကန် လက်မှုပညာလုပ်တဲ့ အဖိုးရှိတယ်ဆိုလို့ အဖိုးဆီသွားလည်တာပါ။ ရွာကလေးက တောင်စောင်းပေါ်မှာဖြစ်တဲ့အတွက် အမြင့်ကိုတော်တော်တက်ရပါတယ်။ ရွာကို စဝင်ဝင်ချင်းမှာတော့ ကိုဗစ်ရောဂါကာကွယ်ရေးပိုစတာတွေကို ကရင်ဘာသာစကားနဲ့ ရေးသားပြီး ကပ်ထားတာတွေ့ရပါတယ်။ ရွာလယ်မှာတော့ အရမ်းချစ်စရာကောင်းတဲ့ ကလေးကစားကွင်းလေးရှိပါတယ်။ တာယာအဟောင်းတွေ၊ စည်ပိုင်းတွေနဲ့ recycle ပြန်လုပ်၊ ဆေးရောင်စုံသုပ်ပြီးတော့ ကလေးကစားကွင်းလေး လုပ်ထားတာပါ။ ရွာရဲ့ ထိပ်ပိုင်း အမြင့်ဆုံးလောက်မှာမှ အဖိုးအိမ်ကတည်ရှိတာဖြစ်ပြီး အဖိုးအိမ်ဝင်းထဲရောက်တော့ အဖိုးက သစ်သားခွက်ကလေးထိုင်လုပ်နေတာကို တွေ့ရပါတယ်။ အိမ်ပေါ်တက်ဖို့ဖိတ်တဲ့အခါ အိမ်ပေါ်မှာ ရေနွေးကြမ်းသောက် နားရင်းနဲ့ သူလုပ်ထားတဲ့ ခွက်တွေ၊ ဇွန်းတွေ၊ ပန်းကန်တွေကို ဆာလာအိတ်ကြီးထဲကနေ ထုတ်ပြပါတယ်။ ထိုင်းနယ်စပ်ရွာဖြစ်တဲ့အတွက် ဘတ်ငွေပဲ သုံးကြတာပါ။ ပစ္စည်းတွေရဲ့အပေါ်မှာ ခဲသားနဲ့ ဘတ်ငွေတန်ဖိုးတွေကို ရေးထားတာတွေ့ရပါတယ်။ ရန်ကုန်မှာတော့ ဒါမျိုးလက်မှု ပစ္စည်းတွေက အခုဆိုရင် ဇိမ်ခံပစ္စည်းတခုလိုတောင်ဖြစ်နေပြီး လူတိုင်းဝယ်နိုင်ဖို့အတွက်လဲ လက်လှမ်းမမီပါဘူး။ အဖိုးရောင်းတဲ့ ပစ္စည်းထဲမှာ အများဆုံးက ဘတ်ငွေ (၃၀၀)တန်ပါ။ မြန်မာငွေ တသောင်းကျော်လေးပဲရှိတာပါ။ ဒါပေမယ့် အဲလိုတခွက်၊ တပန်းကန်ရဖို့ကို တနေကုန်ထိုင်ပြီး ထွင်းရ ထုရတာပါ။ ရွာကအပြန်၊ အဖိုးအိမ်ကအပြန်မှာတော့ ဒါမျိုး တိမ်မြုပ်နေတဲ့ လက်မှုပညာတွေဘယ်နှစ်ခုများရှိမလဲ၊ တိမ်မြုပ်နေတဲ့ လက်မှုပညာရှင်တွေဘယ်နှစ်ယောက်လောက်များရှိမလဲ၊ လက်မှုပစ္စည်းတွေကို စျေးကွက်ထဲရောက်အောင်ပို့တဲ့အခါမှာ တကယ်ဖန်တီးသူဆီကနေ ဝယ်ယူစားသုံးသူအထိ ကြားထဲမှာ ဘယ်နှစ်ဆင့်လောက်ဖြတ်ပြီးတော့မှရောက်ရသလဲ၊ ခေါင်းပုံဖြတ်မှုတွေအဆင့်ဆင့်တွေလဲ ရှိမှာပဲ ဆိုတဲ့အတွေးတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ 

ပြန်ခါနီး ၃၊ ၄ ရက်လောက်မှာတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ တကျော့ပြန်လာတာကြောင့် အပြန်ခရီးအတွက်တောင် စိတ်ပူပန်မိပါသေးတယ်။ ဆွေးနွေးပွဲနောက်ဆုံးရက်မှာ အသည်းအသန် အထုပ်သိမ်းပြီး သေဘေထ (Thay Bay Hta) စခန်းကို အရောက်ပြန်ရပါတယ်။ နောက်တနေ့ဆိုရင် နယ်စပ်ဂိတ်တွေက အကုန်ပိတ်ပစ်တော့မယ်လို့လဲပြောပါတယ်။ တဆက်တည်းကြားတာကတော့ မြန်မာပြည်မှာ ကိုဗစ်ကူးစက်နှုန်းကတစထက် တစပိုများလာတာကြောင့်လဲထိုင်းဖက်ကနေ အဝင်ကိုတင်းကြပ်မယ်၊ ထိုင်းစစ်တပ်ကို တရားမဝင်ဖြတ်ကူးသူမှန်သမ ျှကို ပစ်ဖို့ရာအတွက် ပစ်မိန့်ပေးထားတယ်လို့လဲကြားမိပါတယ်။ သေဘေထမှာ တညအိပ်ပြီးတော့မှ နောက်နေ့မနက်စောစောမှာ ဘားအံကိုခရီးဆက်ရပါတယ်။ အပြန်လမ််းခရီးတလေ ျှာက်မှာတော့ ကျမအတွက် တွေးစရာတွေပိုများလာပါတယ်။ အထူးသဖြင့် နေရာဒေသအသီးသီးက ဌာနေတိုင်းရင်းသူ၊ တိုင်းရင်းသားတွေ၊ အခြားဖိနှိပ်ခံနေရတဲ့သူတွေ၊ ပြည်တွင်းစစ်ကြောင့် ကိုယ့်အရပ်ဒေသမှာ နေလို့မရတဲ့အတွက် ထွက်ပြေးလာရသူတွေ နယ်စပ်တလေ ျှာက်မှာ အများကြီးပါ။ နယ်နမိတ်မျဉ်းရဲ့ဟိုဖက်ဒီဖက်တွေမှာ နေထိုင်နေကြတဲ့ သူတို့ဘဝတွေကနေ ကျမတို့လို မြို့နေ လူတွေအတွက်တော့ သင်ယူစရာတွေအများကြီးရှိတယ်။ Human Made disasters (လူသားတွေကျူးလွန်ကြတဲ့ကပ်ဘေး) တွေကြားထဲမှာ သူတို့အသက်ရှင်အောင် တနေ့တနေ့နေထိုင်နေကြတာကိုက သူတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတခုလဲဖြစ်တယ်လို့တွေးမိပါတယ်။ အပြန်လမ်းခရီးတလေ ျှာက်မှာ ကူညီပေးကြသူတွေအများကြီးရှိပါတယ်။ အဓိကကတော့ ထိုင်းဖက်က အဝင်တွေကိုတင်းကြပ်လိုက်လို့ အလာတုန်းကလို လှေဆိပ်အထိ ပေါ်ပေါ်ထင်ထင်ပြန်လို့မရတာကြောင့် လှေဆိပ်မရောက်ခင် ကမ်းနံဘေးက ရွာကလေးမှာ ရပ်ပြီး အဲဒီအိမ်မှာ ဆိုင်ကယ်လာခေါ်တာကို တဖြတ်စောင့်ရတာပါ။ ဒီခရီးစဉ်ဟာ ကျမအတွက်တော့ မြန်မာပြည်အနှံ့အပြားမှာရှိနေတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို ပိုပြီးမြင်စေတဲ့၊ ပိုပြီးနားလည်စေတဲ့ ခရီးစဉ်လို့ပြောရရင်မမှားပါဘူး။ ဒါ့အပြင် ကျမရဲ့ မွေးရာပါ အခွင့်ထူးခံဖြစ်နေမှုကိုလဲ ပိုပြီးတော့ သိနားလည်စေပါတယ်။ အခွင့်ထူးခံအဖြစ်နဲ့ မွေးလာခြင်း၊ မမွေးလာခြင်းဟာ ရွေးချယ်လို့ မရတဲ့အတွက် အပြစ်မဟုတ်ပေမယ့် လူ့အဖွဲ့အစည်းထဲက မတရားမှုတွေကို မြင်အောင်မကြည့်တတ်ရင်တော့၊ နားလည်အောင်မလုပ်ရင်တော့၊ အထူးသဖြင့် မိမိအခွင့်ထူးခံဖြစ်နေတဲ့ အနေအထားကို အသုံးချပြီး အခြားသော အလွှာအထပ်ထပ် ဖိနှိပ်ခံရမှုတွေကို နားလည်အောင်မလုပ်ရင်၊ ရေငုံနှုတ်ပိတ်နေနေရင်တော့ ဒါတွေက မိမိရဲ့အပြစ်တွေဖြစ်သွားပါပြီ။ ဒါတွေကတော့ ကျမရဲ့သံလွင်မြစ်ဘေးက ချစ်စရာ ဟိုကယ်ရွာကလေးမှာ (၂) ပတ်တာနေပြီး ရခဲ့တဲ့ အတွေးတွေပဲဖြစ်ပါတယ်။ (၂) ပတ်တာကာလလုံး ကျမကို အသစ်အသစ်တွေသင်ကြားပေးတဲ့အပြင် ကျွေးမွေးစောင့်ရှောက်ပေးတဲ့ ဟိုကယ်ရွာက သူတွေအကုန်လုံးကို ကျေးဇူးတင်အောက်မေ့လျက်……။ 

ระบอบอาหารโลกกำลังฆ่าเด็ก

ระบอบอาหารโลกกำลังฆ่าเด็ก

วิกฤตอาหารขาดแคลนและอาหารไม่ปลอดภัย เป็นมากกว่าแค่ปัญหาด้านสุขภาพ แต่บ่งชี้ถึงปัญหาทางโครงสร้างของระบอบอาหารภายใต้ทุนนิยม ที่มองอาหารเป็นสินค้าทำกำไรให้กับบริษัทผูกขาด แทนที่จะเป็นสิทธิมนุษยชนของคนในสังคม

Aung San & “My Fathers Tatmadaw”

Aung San & “My Fathers Tatmadaw”

On the night of 31 December 1941, at the height of the Imperial Japanese march across Asia, thirty young Burmese men gathered in a house in occupied Bangkok. A silver bowl was brought among them, and a syringe passed around. Blood was drawn from each man’s arm and secreted into the bowl. Together, they pledged loyalty to Burmese independence and eternal comradeship. Through that ceremony, through the spilling and sharing of blood, the Burmese Independence Army was brought into being, and thus the embryonic stage of the Tatmadaw.

เมื่อช้างชูคบเพลิงที่มอดดับ

เมื่อช้างชูคบเพลิงที่มอดดับ

หากพิจารณาจากเรื่องรูปแบบอำนาจ เราก็จะพบว่าความพยายามอย่างยิ่งที่จะค้นหาความหมายหรือเข้าใจเหตุผลเบื้องหลังการตัดสินใจฝ่ายเดียวอาจไม่สำคัญเท่ากับการตั้งต้นว่าไม่มีอะไรอยู่เบื้องหลังการทำงานของอำนาจ (นอกจากตัวของอำนาจเอง) ชุมชนผู้สมัครใจยามเช้านั้นสามารถค้นพบเหตุผลมากมายไม่สิ้นสุดที่จะบอกว่าการตัดสินใจของมหาวิทยาลัยมีเหตุผลหรือไร้เหตุผลได้ตลอดตราบเท่าที่การดำรงอยู่ของสภาพบังคับของอำนาจที่ตัดสินใจฝ่ายเดียวถูกบอกปัด การเลือกที่จะเปิดหรือปิดไฟไม่ใช่อะไรอื่นนอกจากรูปธรรมของอำนาจที่จะบังคับให้ผู้อื่นต้องทำตามอย่างไม่อาจหลีกเลี่ยง อำนาจที่พร้อมจะก่อร่างความสมเหตุสมผลให้กับการกระทำของตัวเองเสมอ

ขนมปังและการปฏิวัติ

ขนมปังและการปฏิวัติ

แปลจากบทกลอนของคุณ วิเจย์ ประชาฏ

ขณะที่ฉันอยู่รัสเซีย ปี ค.ศ. 1929 คนขับรถม้าทุกคน [Izvoshchik] จะถามฉันทันทีที่ฉันขึ้นไปบนรถม้า [droshka] ของเขาว่า: ราคาขนมปังในประเทศของคุณเท่าไหร่?
(รีเบคก้า เรย์เฮอร์, 2 เมษายน ค.ศ. 1974)

สร้างเอเชียใหม่ในฝันของเรา

สร้างเอเชียใหม่ในฝันของเรา

ในซีกโลกใต้จะสามารถร่วมมือกันด้วยอธิปไตยและศักดิ์ศรีหรือไม่ พวกเขาจะสามารถสร้างระบอบสถาบันที่รับใช้ประชาชนของตนเองมากกว่าทุนระดับโลกได้หรือไม่ พวกเขาจะสามารถสร้างรูปแบบความร่วมมือที่นอกเหนือไปจากพันธมิตรทางทหารและการพึ่งพาทางตลาดได้หรือไม่

The South – Insurgency & Reaction

The South – Insurgency & Reaction

The south’s political orientation stands in sharp contrast to Thailand’s other periphery regions, which typically lean left and retain strong anti-Bangkok political memories- yet historically, the south was known for its peasant organisers and communist insurgent activity. The transformation of the region into a bastion of right-wing loyalism has long presented a puzzle: Why did the South get so Salim?

ภาคใต้ – การลุกฮือต่อต้านสู่ปฏิกริยา

ภาคใต้ – การลุกฮือต่อต้านสู่ปฏิกริยา

นอดีต ภาคใต้เป็นที่รู้จักกันดีในเรื่องของผู้นำชาวนาและกิจกรรมการก่อกบฏของคอมมิวนิสต์ การเปลี่ยนแปลงของภูมิภาคนี้ให้กลายเป็นฐานที่มั่นของลัทธิภักดีฝ่ายขวาได้สร้างปริศนามานานแล้วว่า ทำไมภาคใต้ถึงเป็นสลิ่มได้ขนาดนี้?

ไม่มีสิ่งใดล้ำค่าไปกว่าความเป็นอิสระและเสรีภาพ

ไม่มีสิ่งใดล้ำค่าไปกว่าความเป็นอิสระและเสรีภาพ

ปัญญาชนและนักกิจกรรมหญิงจากทั่วเอเชียรวมตัวกันเพื่อเปิดเผยความจริงเพียงหนึ่งเดียว: ฐานทัพทหารสหรัฐฯ ที่กระจายอยู่ทั่วทวีปไม่ได้ปกป้องคนของพื้นที่ แต่เป็นการนำสงครามมาสู่แผ่นดิน ทำลายล้างดินแดน และคร่าชีวิตผู้คนไปมากมายเพื่อราคา

ประเทศไทยยุคปลาย 

ประเทศไทยยุคปลาย 

ในปี 2474 ผู้คนได้พูดถึง “สยามยุคปลาย” บ้างไหม? จากการค้นหาอย่างคร่าวๆ ใน Google ดูเหมือนว่าผู้คนจะพูดถึง “ทุนนิยมยุคปลาย” มากขึ้นเรื่อยๆ เมื่อไม่นานมานี้ ขณะวางแผนกับเพื่อนๆ ในกรุงเทพฯ เราต้องคำนึงถึงเรื่องสะพานถล่มในแผนอาหารค่ำของเราด้วย ไม่ใช่แค่สะพานเท่านั้นที่ถล่ม เครนล้มทับรถไฟ รถบัสระเบิด อาคารพังทลาย โกดังระเบิด นี่กลายเป็นเรื่องปกติไปแล้ว

Late Stage Thailand

Late Stage Thailand

In 1931 did people talk about Late-stage Siam? Given a cursory Google search people seem to be increasingly talking about Late-stage Capitalism (ทุนนิยมขั้นปลาย). Recently, when making plans with friends in Bangkok, we had to factor bridge collapses into our dinner plans. It’s not just bridges that collapse, cranes fall on trains, buses explode, buildings crumble into the ground, warehouses explode. This has become quite routine. 

Nangbaek – The New Ultras

Nangbaek – The New Ultras

The rise of the Nangbaek (นางแบก) movement perhaps marks an entirely new political ideology and approach to Left politics. Domestically, it is the end of political innocence and the key to unlocking a materialist understanding of 21st century politics in the global south.

นางแบกและจุดจบของความบริสุทธิ์ผุดผ่องทางการเมือง

นางแบกและจุดจบของความบริสุทธิ์ผุดผ่องทางการเมือง

การเกิดขึ้นของขบวนการนางแบกอาจเป็นจุดบ่งชี้ถึงอุดมการณ์ทางการเมืองและแนวทางการเมืองฝ่ายซ้ายแบบใหม่ทั้งหมด ในระดับประเทศ อาจเรียกได้ว่าเป็นจุดสิ้นสุดของความไร้เดียงสาทางการเมือง และเป็นกุญแจสำคัญในการไขความเข้าใจเชิงวัตถุนิยมเกี่ยวกับการเมืองในศตวรรษที่ 21 ในซีกโลกใต้