တရားမျှတမှုလိုအပ်နေတဲ့ ချစ်ခြင်း

by | Apr 17, 2022 | Articles บทความ, Burmese Language

သက်ဝေ

ငယ်ငယ်က ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ Romanticize ( အမွှန်းတင်) အလုပ်ခံရတဲ့ ဇာတ်လမ်းပုံပြင်တွေထဲမှာ ရိုမီယိုနဲ့ဂျူးလီယက်က ထိပ်ဆုံးက ပါပါတယ်။ ဒါ့အပြင် Disney ရဲ့ animation တွေမှာလဲ အမြဲတမ်း မင်းသမီးလေးတွေဟာ ကယ်တင်ခံရပြီး အချစ်ခံရ၊ အကြင်နာ ခံရတာတွေလည်း မြင်ခဲ့ရပါတယ်။ အရွယ်ရောက်လာတော့ ဇာတ်လမ်းရုပ်ရှင်တွေထဲမှာ အမြဲ မြင်ရတဲ့ လူနှစ်ဦးရဲ့ချစ်ခြင်းတွေကို အမြဲပြောင်းပြန်ထားကြည့်တတ်လာတယ်။ စွဲစွဲမြဲမြဲရှိတဲ့ ဇာတ်ကားတစ်ကားကတော့ Seven Years in Tibet လို့ခေါ်တဲ့ ကားတစ်ကားပဲ။ သြစတေးလျယားက တောင်တက်သမား Heinrich Harrer (ဟိန်းနရစ်ချ်ဟာရာ)အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်၊ အိန္ဒိယမှာရှိတဲ့ Nanga Prabat တောင်ကိုတက်ဖို့ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးကိုထားခဲ့ပြီး ထွက်လာခဲ့ပါတယ်၊ တကိုယ်ကောင်းဆန်တဲ့စိတ် သဘောရှိတဲ့သူမို့ တောင်တက်အဖွဲ့ကကျန်သူများနဲ့လည်း သူက အဆင်မပြေပါဘူး။ သိပ် မကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ အဖမ်းခံလိုက်ရပါတယ်၊ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားပြီးနောက် တိဗက်မှာရှိတဲ့ နိုင်ငံခြားသားတွေ ဝင်ခွင့်မရှိတဲ့ အထွတ်အမြတ်ထားရာ လာဆာမြို့ရုံးတော်ကို မိတ်ဆွေတစ်ယောက်နဲ့အတူရောက်ပြီး အဲမှာပဲ (၇) နှစ်ကြာ နေဖြစ် သွားတဲ့ကြောင်း ရိုက်ထားတာပါ၊ ဒလိုင်းလားမားနဲ့လည်း မိတ်ဆွေတွေဖြစ်ပြီး နေ့စဉ် တစ်လျှောက်လုံး ခဏခဏ ဆုံဖြစ်ကြပါတယ်။ တိဗက်သူတစ်ဦးနဲ့လည်း တော်တော်ရင်းရင်း နှီးနှီးနေဖြစ်ပြီး နောက်ဆုံး သူအိမ်ကိုပြန်လာတဲ့အချိန်မှာတော့ သူမထွက်သွားခင် ဇနီးသည်ကို စောင့်ရှောက်ပါလို့မှာခဲ့တဲ့ သူ့သူငယ်ချင်းနဲ့ ဇနီးသည်က အိမ်ထောင်ပြုပြီးသား ဖြစ်နေပါပြီ၊ အဲဒီအချိန်က ကြည့်ခဲ့ရတုန်းက ကျွန်မ တောင်တက်သမားနေရာမှာ အမျိုးသမီးနဲ့ အစားထိုးပြီး မေးခွန်းထုတ်ကြည့်ပါတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းဟာ အဲဒီနေရာမှာ အမျိုးသမီးက သူ့ယောက်ျားနဲ့ ကလေးကိုထားခဲ့ပြီး ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့ထွက်သွားရင် လက်ခံကြ မလား။ အပြစ်ပြောကြမှာလား၊ အမျိုးသမီးတစ်ယောက်အတွက် လူ့အဖွဲ့အစည်းက မျှော်လင့် ထားတဲ့အရာတွေကို မလုပ်တဲ့အခါ ထိုအမျိုးသမီးက အတ္တကြီးသူရယ်လို့ အလိုအလျောက် ဖြစ်သွားပြီးကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ်ချစ်တဲ့သူတွေကို စတေး ခိုင်းတဲ့သူများကို (များသောအားဖြင့် အမျိုးသားများ) ကိုတော့ ထက်မြက်တဲ့သူတွေ အဖြစ် ပုံဖော်ကြတာဟာ ကျမတို့လူ့အဖွဲ့အစည်းက တည်ဆောက်ထားတဲ့ မတရားမှုပါပဲ။ လူ့အဖွဲ့ အစည်းမှာ နာမည်ကြီးအတွေးအခေါ်ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေအကြောင်း ရိုက်ကူးထား တဲ့ဇာတ်လမ်းတွေမှာ ကြည့်မိတော့လည်း သူတို့ရဲ့ပါတနာ (partner) တွေဟာ ထိုသူတို့ အဲဒီနေရာရောက်ဖို့အတွက် အများကြီး ပံ့ပိုးပေးထားရတာမြင်မိတယ်။ အဲဒီကနေမှ ဆက်စပ်ပြီး ကျွန်မမေးခွန်းတွေ ဆက်ထုတ်ကြည့်မိတယ်။ ချစ်ခြင်းမေတ္တာမှာတရားမျှတမှုဆိုတဲ့ အခန်း ကဏ္ဍက ဘယ်မှာလဲ၊ ရှိရောရှိသလား၊ ပျောက်ကွယ်နေတာလား။ အချစ်ဆိုတဲ့အရာနဲ့ ဖုံးကွယ်နေတာလား၊ လူနှစ်ဦးရဲ့ချစ်ခြင်းဟာ ပလေတိုးနစ်အချစ်ကစလို့ တဏှာရာဂပါဝင်တဲ့ အချစ်အဆုံး တရားမျှတမှုလိုအပ်ပါတယ်။ လူနှစ်ဦးရဲ့ချစ်ခြင်းမှာ တစ်ဦးကကျန်တစ်ဦးကို ချစ်လွန်းလို့ ဖြစ်ချင်တာကို အစစအရာရာ ပံ့ပိုးပေးတာဟာ ချစ်စရာကောင်းတဲ့ အပြုအမူ ဖြစ်သော်ငြား အဲလိုပံ့ပိုးဖို့အတွက်ကို အလိုအလျောက် မွေးကတည်းက ကျွန်မတို့အမျိုးသမီး တွေအတွက် အသင်ကြားခံထားရတာဖြစ်နေရင်တော့ ဒီအပြုအမူဟာ ကျွန်မတို့အမျိုးသမီးတွေ အပေါ် အမြတ်ထုတ်အလွဲသုံးစားလုပ်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ရာဇဝတ်ပြစ်မှုတစ်ခုလို့ ယူဆပါတယ်။

(Patriarchy) ဖိုကြီးစိုးတဲ့ ချစ်ခြင်း

ဖိုကြီးစိုးတဲ့(ပေထရီအာခီ) ရှုထောင့်ကနေ ကြည့်ရမယ်ဆိုရင်တော့ ကျွန်မတို့ဟာ ချစ်ခြင်းကို ပုံဖော်တဲ့အခါ လူ့အဖွဲ့အစည်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကျားတွေကို စံထားပြီး ပုံဖော်ကြတယ်၊ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ထားတဲ့ လိင်နှစ်မျိုးဖြစ်တဲ့ ကျား၊ မ ဖြစ်မှုအပေါ်မှာ တည်ဆောက်ထားပြီးသား စံသတ်မှတ်ချက်တွေရဲ့အပေါ်မှာ ထပ်ပြီးတော့ ချစ်ခြင်းနဲ့ပတ်သက် လို့ တည်ဆောက်ကြတယ်။ အဲဒီတည်ဆောက်ထားတဲ့ ချစ်ခြင်းမှာတော့ ကျားဖြစ်သူတွေက အမြဲရယူလိုသူ၊ အတ္တကြီးသူ၊ ချစ်ခြင်းတရားမှာ အမြဲအနိုင်ရသူလို့ ပုံဖော်ခံရပြီး မိန်းမဖြစ်သူတွေကတော့ အမြဲစွန့်လွှတ်အနစ်နာခံပေးဆပ်ရမယ့်သူ၊ ကိုယ့်ဆီလာမယ့်ချစ်ခြင်း ကိုပဲ စောင့်ရမယ့်သူရယ်လို့ ပုံဖော်ခံရတယ်၊ ချစ်ခြင်းတရားမှာ ပေးမယ်သူနဲ့ ယူမယ့်သူအဖြစ် လက်ခံပြီး ကျင့်သုံးကြတယ်။ အဲဒီအခြေအနေဟာ ကျား နဲ့ မရဲ့လိင်မှုရေးရာမှာပါပေးမယ့် သူနဲ့ ယူမယ့်သူအဖြစ်ကျင့်သုံးဖို့တွန်းအားပေးတယ်။ တကယ်တော့ ဖိုကြီးစိုးတဲ့ချစ်ခြင်းဆိုတာဟာ အမျိုးသားနဲ့အမျိုးသမီးချစ်ခြင်းမှာသာမက လိင်တူအချင်းချင်းချစ်ခြင်းမှာပါ တွေ့ရတတ်ပါတယ်။ ဆိုလိုချင်တာက လိင်တူချစ်ခြင်းမှာလဲ ပေးသူနဲ့ယူသူဆိုတဲ့ အခန်းကဏ္ဍတွေပုံဖော်ပြီး ဆက်ဆံ ရေးတွေ တည်ဆောက်ကြပါတယ်။ လိင်မှုရေးရာပါလာတဲ့အခါမှာတော့ ပါဝါအာဏာဟာ ပိုလို့တောင်မျှခြေတည်ဆောက်ဖို့ ခဲယဉ်းသွားပါတော့တယ်၊ လူ့အဖွဲ့အစည်းကတည်ဆောက် ထားတဲ့ချစ်ခြင်းမှာ ကျား၊မဆိုတဲ့ ပုံစံခွက်ထဲကိုထည့်ပြီး ဖိုဆန်တဲ့ချစ်ခြင်းကသာလျှင် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ချစ်ခြင်းအဖြစ် မှတ်ယူကြပါတယ်။ တရားမျှတမှုမရှိတော့ဘဲ အရောင်းအဝယ် သဘောဆန်လာတဲ့ ပေးသူနဲ့ယူသူချစ်ခြင်းကသာလျှင် ideal (စံပြ)ဖြစ်တဲ့ချစ်ခြင်းဖြစ်လာ ပါတယ်။ မိသားစုချစ်ခြင်းမှာလဲ ကျွန်မတို့ဟာ ဖိုကြီးစိုးတဲ့ချစ်ခြင်းတွေအဖြစ် ပုံဖော်ကြပြီး စွန့်လွှတ်အနစ်နာခံသူ၊ ပေးဆပ်သူ၊ ရယူလိုသူစသဖြင့် ချစ်ခြင်းကို အားကြီးသူနဲ့အားနည်းသူ ပေးကြတဲ့ပုံစံအနေနဲ့ တည်ဆောက်ကြတယ်။ အမေတွေဆိုတာဟာ ထာဝရချစ်ခြင်းကို ပေးဆပ်ရမယ့်သူများအဖြစ် သတ်မှတ်ကြပြီး အဖေများကတော့ မိသားစုထဲမှာ သြဇာအာဏာ ကြီးမားပြီး နွေးထွေးတဲ့ချစ်ခြင်းကို သိပ်မပေးတဲ့သူများအဖြစ် အကြမ်းဖျင်းပုံဖော်ခံကြရပါတယ်။ တကယ်တော့ လူသားတွေရဲ့လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တစ်ခုထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါဝင်သလို အဲဒီချစ်ခြင်းမေတ္တာကိုလည်း လူသားပီပီပုံဖော်ကျင့်သုံးဖို့ပါပဲ၊ ဒါပေမဲ့ လူ့အဖွဲ့ အစည်းတိုင်းရဲ့ထက်အောက် (hierarchy) ပုံစံနဲ့ဖွဲ့စည်းပုံဖော်ထားမှုမှာ ချစ်ခြင်းမေတ္တာ ဟာလည်း ၎င်းဘောင်အောက်ထဲရောက်သွားပြီး ချုပ်ထိ်န်းလိုခြင်း၊ ကျား ဗဟိုပြုထားခြင်း၊ စီးပွားရေးဆန်သော အကျိုးအမြတ် ချစ်ခြင်း၊ အားကြီးသူနဲ့ အားနည်းသူပြိုင်ပွဲစတဲ့ပုံစံမျိုးစုံနဲ့ တည်ရှိလာပါတော့တယ်။ အမျိုးသမီးတွေဟာ ၎င်းဘောင်ထဲမှာ အမြဲတမ်း ပါရမီဖြည့်ရမယ့် သူများအဖြစ် ချစ်ခြင်းမေတ္တာကို လေ့ကျင့်ကြပြီး အမျိုးသားများကတော့ လူ့အဖွဲ့အစည်းရဲ့ အောင်မြင်မှုဆိုတဲ့ သတ်မှတ်ချက်တစ်ခုကိုရဖို့ ပါရမီဖြည့်ဖက်ကောင်းကောင်း လိုအပ်တယ် ဆိုတဲ့ အတွေးအခေါ်တွေစပြီး တွေးလာပါတော့တယ်၊ ဒီလိုဖိုကြီးစိုးတဲ့ ချစ်ခြင်းမေတ္တာမှာ လူအချင်းချင်း ပြုမူနေထိုင်ရမယ့်ကျင့်ဝတ်တွေပျောက်ဆုံးပြီး မတရားမှုများအတိနဲ့လူသား ဆက်ဆံရေးတွေ ပေါ်ပေါက်လာပါတော့တယ်။

ကျွန်မတို့ဟာ လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့လူသားတိုင်းကို ကျား၊ မ၊ LGBTIQ (လိင်စိတ်ခံယူမှု ကွဲပြားသူများ) စသဖြင့် ခွဲမြင်နေသရွေ့လူသားတို့ပီပီ ပြုမူဆောင်ရွက်ရမယ့် စိတ်နေစိတ်ထား။ အမူအကျင့်များလည်း မပေါ်လာနိုင်တော့ပါ။ လူသားတို့ရဲ့ချစ်ခြင်းကို ကျား၊မ ဆိုတဲ့ဘောင်ထဲ ကျဉ်းမြောင်းစွာသတ်မှတ်ပြီး ထည့်ထားမယ်ဆိုရင် ကျွန်မတို့ လူ့အဖွဲ့အစည်း မှာ တရားမျှတမှုကို လက်လှမ်းမီဖို့ဆိုတာလည်း ခရီးအဝေးကြီးဖြစ်နေဦးမှာပါ။ မိန်းမဖြစ်လို့ အပိုင်တွက်ထားပြီး၊ ဒါလုပ်ပေးရမယ်၊ ဒီပါရမီဖြည့်ရမယ်၊ ယောက်ျားမို့လို့ဒါတွေတော့ မှီခိုလို့ ရရမယ်၊ အားကိုးလို့ရရမယ်လို့ တရားသေသတ်မှတ်ပြီး ချစ်ခြင်းကို ပုံဖော်နေသရွေ့ ကျွန်မတို့ဟာ တရားမျှတမှုနဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။ တစ်ဦးယောက်ရဲ့ရွေးချယ် ပိုင်ခွင့်ကို တည်ဆောက်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ အကျဉ်းထောင်ချထားမယ်ဆိုရင် ကျွန်မ တို့ရဲ့လူသားဆန်တဲ့ ချစ်ခြင်းဟာ ပျောက်ဆုံးပြီး နောက်ဆုံးမှာ စီးပွားရေးဆန်တဲ့ ချစ်ခြင်း မေတ္တာတွေပဲ ရှိလာပါလိမ့်မယ်။ တစ်ဦးရဲ့ရွေးချယ်ပိုင်ခွင့်အတွက် ၎င်းကို ချစ်ရသူများက မတရားစွာထောက်ခံ ပါရမီဖြည့်ခိုင်းတာဟာလည်း လူ့အခွင့်အရေးချိုးဖော်မှုတစ်ခုဖြစ်ပြီး ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။ တရားမျှတမှုရှိဖို့က ကျွန်မတို့ရဲ့ စိတ်စွမ်းအင်တွေဟာ သတ္တိရှိဖို့ လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာကို မြတ်နိုးတဲ့စိတ်ရှိရပါမယ်။ လွတ်လပ်တဲ့ စိတ်အင်အားရှိဖို့လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ တရားမျှတမှုကို ချစ်ခြင်းမေတ္တာကနေစပြီး တရားမျှတမှုရှိဖို့လုပ်ရင်း လွတ်လပ်စွာ ရှင်သန်နိုင် ကြပါစေလို့ ဆန္ဒပြုရင်း….။

Nangbaek – The New Ultras

Nangbaek – The New Ultras

The rise of the Nangbaek (นางแบก) movement perhaps marks an entirely new political ideology and approach to Left politics. Domestically, it is the end of political innocence and the key to unlocking a materialist understanding of 21st century politics in the global south.

นางแบกและจุดจบของความบริสุทธิ์ผุดผ่องทางการเมือง

นางแบกและจุดจบของความบริสุทธิ์ผุดผ่องทางการเมือง

การเกิดขึ้นของขบวนการนางแบกอาจเป็นจุดบ่งชี้ถึงอุดมการณ์ทางการเมืองและแนวทางการเมืองฝ่ายซ้ายแบบใหม่ทั้งหมด ในระดับประเทศ อาจเรียกได้ว่าเป็นจุดสิ้นสุดของความไร้เดียงสาทางการเมือง และเป็นกุญแจสำคัญในการไขความเข้าใจเชิงวัตถุนิยมเกี่ยวกับการเมืองในศตวรรษที่ 21 ในซีกโลกใต้

คู่มือเบื้องต้นเกี่ยวกับปิโตรดอลลาร์และสงครามกับอิหร่าน

คู่มือเบื้องต้นเกี่ยวกับปิโตรดอลลาร์และสงครามกับอิหร่าน

ในขณะที่คุณและผมกังวลว่าสงครามและภาวะเงินเฟ้อจะส่งผลกระทบต่อครอบครัวและประเทศชาติของเราอย่างไร นักลงทุนในตลาดพันธบัตรกลับจ้องมองตัวเลขบนหน้าจออย่างตั้งอกตั้งใจ และคำนวณสิ่งที่อาจเกิดขึ้นกับเครื่องมือทางการเงินที่ดูซับซ้อนเหล่านั้น หน้าที่ของพวกเขาคือการปกป้องสมบัติของคนร่ำรวย ตลอดห้าสิบปีที่ผ่านมา ความมั่นคงของดอลลาร์สหรัฐฯ โดยเฉพาะอย่างยิ่งในรูปของพันธบัตรกระทรวงการคลังสหรัฐฯ นั้น ส่วนหนึ่งขึ้นอยู่กับสิ่งที่เรียกว่าระบบ ‘ปิโตรดอลลาร์’

ช่องแคบฮอร์มุซ ประตูสู่ทะเลใหญ่

ช่องแคบฮอร์มุซ ประตูสู่ทะเลใหญ่

สำหรับหลายประเทศยากจน สงครามครั้งนี้เกิดขึ้นหลังจากหลายทศวรรษของการปรับโครงสร้างแบบเสรีนิยมใหม่และวงจรการรัดเข็มขัดหนี้สิน ในขณะที่สงครามคุกคามที่จะทำให้หลายประเทศเหล่านี้ล่มสลาย จึงจำเป็นต้องมีการตอบสนองระหว่างประเทศที่ประสานงานกัน

ต่อต้านสงครามอย่างไม่มีวันสิ้นสุด

ต่อต้านสงครามอย่างไม่มีวันสิ้นสุด

จิตวิญญาณของมนุษย์นั้นแข็งแกร่งเกินกว่าจะถูกทำลายโดยผู้ทรมาน และจะใช้ทุกวิถีทางเพื่อต่อต้านโลกที่ประวัติศาสตร์แห่งสงครามที่ไม่มีวันสิ้นสุดนี้จะเป็นตัวกำหนดอนาคตของเรา

เซเนกัลอยู่บนขอบเหวแห่งการล่มสลาย

เซเนกัลอยู่บนขอบเหวแห่งการล่มสลาย

เซเนกัลซึ่งแบกรับภาระจากลัทธิล่าอาณานิคมใหม่และการทุจริตมานานหลายทศวรรษ กำลังเผชิญกับภาวะที่กลืนไม่เข้าคายไม่ออกซึ่งประเทศต่างๆ ในซีกโลกใต้ต้องเผชิญอยู่บ่อยครั้ง นั่นคือ จะพัฒนาประเทศอย่างยั่งยืนได้อย่างไรภายใต้ภาระหนี้สินมหาศาล

คิวบาไม่หวาดกลัว

คิวบาไม่หวาดกลัว

มีคนที่ไม่เห็นด้วยกับการปฏิวัติ แต่มีพวกเราอีกมากมายที่สนับสนุนการปฏิวัติ และเราไม่หวาดกลัว

ฝ่ายขวาจัดประกาศสงครามกับผู้หญิง

ฝ่ายขวาจัดประกาศสงครามกับผู้หญิง

แทนที่จะให้ความสำคัญกับปัญหาความรุนแรงและความเหลื่อมล้ำที่กระทบต่อผู้หญิงในสังคมปิตาธิปไตย ฝ่ายขวาจัดกลับมองขบวนการสตรีนิยมและความหลากหลายทางเพศว่าเป็นศัตรูหลักที่ต้องกำจัด

หมู่บ้านละเอปสตีน

หมู่บ้านละเอปสตีน

คุณปู่ของคุณอายุเท่าไหร่ตอนที่แต่งงานกับคุณย่าของคุณ? การแต่งงานครั้งนั้นเป็นการจัดขึ้นอย่างไร? คุณย่ารู้สึกอย่างไรในคืนนั้น? แน่นอนว่าเรื่องนี้ไม่ได้หมายถึงคุณย่าทุกคน บางทีคุณปู่ของคุณอาจจะเป็นส่วนที่ “โอเค” คนหนึ่ง แต่เมื่อคุณอ่านเรื่องราวที่น่าสยดสยองเกี่ยวกับ...

ชาวส้ม

ชาวส้ม

นับตั้งแต่ปี 2562 รูปแบบทางการเมืองใหม่ได้ปรากฏขึ้น ซึ่งเลียนแบบการต่อสู้ของสีเดิม จากเดิมที่เป็นการต่อสู้ระหว่างแดงกับเหลือง ได้เปลี่ยนไปเป็นแดงกับส้ม อย่างไรก็ตาม ในแง่มุมที่แปลกประหลาด การเปลี่ยนแปลงนี้กลับถูกตีความโดยคนภายนอกและผู้ที่เพิ่งเข้ามาเกี่ยวข้องกับการเมืองไทยว่าเป็นความพลิกผันทางการเมืองนับตั้งแต่พรรคแดงได้กลับมาครองรัฐสภาอีกครั้งหลังการเลือกตั้งปี 2566

อิสราเอลและสหรัฐอเมริกาไม่สามารถชนะสงครามอิหร่าน

อิสราเอลและสหรัฐอเมริกาไม่สามารถชนะสงครามอิหร่าน

สหรัฐอเมริกาและอิสราเอลละเมิดอธิปไตยโจมตีอิหร่านอีกครั้ง สังหารพลเรือนอิหร่านจำนวนมาก สหรัฐฯ กล่าวอ้างว่าอิหร่านพัฒนาอาวุธนิวเคลียร์ที่ไม่มีอยู่จริง จนกลายเป็นความโหดร้ายซ้ำรอยประธานาธิบดี บุช บุกอิรัก ค.ศ. 2003

Each Village Its Own Epstein

Each Village Its Own Epstein

The revelations of the Epstein Network has provided an insight into how these elite networks of sexual abusers function. While this may come as a shock to the respectable journalist/ commentariat class, the existence and prevalence of such networks have been long known by generations of poor women of Southeast Asia, a people who have been fetishised, captured, trafficked and commodified for centuries. In this sense, The Epstein revelations reveal nothing new to us. These networks are not unique to the international elite, the crimes of class society are synchronous, there is an Epstein in Singapore, there is an Epstein in Bangkok, an Epstein in Kalasin, an Epstein in Surat Thani and they are persistent and entrenched at the hyper local level