ဖမ်မန်နစ် လူတန်းစားတိုက်ပွဲ

by | Nov 16, 2021 | Articles บทความ, Burmese Language, สตรีนิยม Feminism

လူတန်းစားကွဲပြားမှုနဲ့ အဲဒီ့ကွဲပြားမှုကြောင့် အမျိုးသမီးတွေကြား စည်းတားခွဲခြားထားတဲ့ပြဿနာတွေရှိနေပါတယ်။ ဖမ်မန်နစ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေဟာ လူမျိုးရေးကိစ္စတွေမပြောခင် ရှေးပဝေသဏီကတည်းက ဒီပြဿနာတွေအကြောင်းကို ပြောဆိုခဲ့ကြတာပါ။ အသစ်ပေါ်ပေါက်လာတဲ့ အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ လူဖြူအများစုရှိတဲ့အဝန်းအဝိုင်းတွေမှာ အမျိုးသမီးအချင်းချင်းကြား အသိသာဆုံးသော စည်းတားခွဲခြားထားမှုက လူတန်းစားအလွှာပါပဲ။ လှုပ်ရှားမှုအတွင်းမှာ လူတန်းစား အထက်အောက်စနစ်ရှိနေတယ်ဆိုတာ အလုပ်သမားလူတန်းစားလူဖြူအမျိုးသမီးတွေက သတိထားမိကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဖမ်မန်နစ်အုပ်စုနဲ့ တော်လှန်ရေးဝါဒီဖမ်မန်နစ်အုပ်စု နှစ်ခုကြား အငြင်းပွားမှုတွေဖြစ်ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဖမ်မန်နစ်တွေက လက်ရှိလူမှုဖွဲ့စည်းပုံထဲမှာပဲ တန်းတူအခွင့်အရေးကို တောင်းဆိုကြပါတယ်။ တော်လှန်ရေးဝါဒီဖမ်မန်နစ်တွေကတော့ လက်ရှိလူမှုဖွဲ့စည်းပုံကို အခြေခံအုတ်မြစ်ကအစ ပြောင်းလဲပစ်ပြီး ယခင်ပါရာဒိုင်းအဟောင်းတွေနေရာမှာ အချင်းချင်းကူညီရိုင်းပင်းတဲ့၊ တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းပုံစံမျိုးကို အစားထိုးချင်ကြသူတွေပါ။ ဒါပေမယ့် ဖမ်မန်နစ်လှုပ်ရှားမှု တိုးတက်ပြောင်းလဲလာပြီး အခွင့်ထူးခံ လူဖြူပညာတတ်အမျိုးသမိးတွေက ၎င်းတို့နဲ့အခြေအနေတူ အမျိုးသားတွေလိုပဲ လူတန်းစားပါဝါကိုရရှိလာတဲ့အခါ ဖမ်မန်နစ်လူတန်းစားတိုက်ပွဲဟာ ချောင်ထိုးခံလိုက်ရပါတယ်။

လှုပ်ရှားမှုအစကတည်းက အခွင့်ထူးခံအလွှာကအမျိုးသမီးတွေဟာ သူတို့ရဲ့အရေးကိစ္စတွေကပဲ တကယ့်ပြဿနာအဖြစ် လုပ်ပစ်ကြတယ်။ အဲဒီ့အခွင့်အထူးခံအမျိုးသမီးတွေက လူအများစုအာရုံစိုက်မှုကို ရတာကြောင့်ပါပဲ။ မီဒီယာရဲ့အလေးပေးမှုကိုလည်း ခံရပါတယ်။ အလုပ်သမတွေ၊ အမျိုးသမီးအများစုနဲ့ သက်ဆိုင်တဲ့ပြဿနာတွေကိုတော့ အများကြိုက်မီဒီယာတွေက ဘယ်တော့မှ အလေးထားဖော်ထုတ်တာ မရှိပါဘူး။ အိမ်ထဲမှာ အကျဉ်းချခံရပြီး အိမ်ရှင်မအဖြစ် တဆင့်နိမ့်ဆက်ဆံခံရတဲ့အပေါ် မကျေနပ်ချက်တွေကို “အမည်မရှိတဲ့ ပြဿနာတွေ” ဆိုပြီး ဘက်တီဖရိုင်ဒန်ရဲ့ The Feminist Mystique စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒီပြဿနာကို အမျိုးသမီးထုကြီးရဲ့အရေးအဖြစ်ပုံဖော်ပေမယ့် တကယ်တမ်းကျတော့ ဒါဟာ လူဖြူပညာတတ်အမျိုးသမီးအနည်းငယ်အတွက်ပဲ ကွက်ပြီးရှိနေတဲ့ ပြဿနာသာဖြစ်ပါတယ်။ သူတို့တွေက အိမ်မှာပိတ်လှောင်ခံရတဲ့အကြောင်း ညည်းညူနေတဲ့အချိန်မှာ တစ်နိုင်ငံလုံးက အမျိုးသမီးအများစုက လုပ်ငန်းခွင်ဝင်နေကြရတာပါ။ အဲဒီ့ထဲက အလုပ်သမတော်တော်များများဟာ လုပ်ငန်းခွင်ထဲမှာ လုပ်ခလစာနည်းနည်းလေးနဲ့ နာရီပေါင်းများစွာ လုပ်ကြရတဲ့အပြင် အိမ်အလုပ်လည်း သိမ်းကျုံးလုပ်နေကြရပါတယ်။ သူတို့အတွက်တော့ အိမ်မှာပဲနေရတာဟာ လွတ်လပ်ရေးလို့တောင် ဆိုနိုင်ပါတယ်။

ဘာလူမျိုးဖြစ်နေနေ အခွင့်ထူးခံအမျိုးသမီးတွေ အိမ်အပြင်ထွက်အလုပ်မလုပ်ကြတာဟာ ဂျန်ဒါခွဲခြားမှုမဟုတ်သလို လိင်အခြေပြုဖိနှိပ်မှုလို့လည်း မဆိုနိုင်ပါဘူး။ တကယ်လို့ သူတို့ အပြင်ထွက်အလုပ်လုပ်မယ်ဆိုရင်လည်း အလုပ်သမတွေ လုပ်နေရတဲ့၊ လုပ်ခလစာနည်းနည်းပဲရတဲ့၊ ကျွမ်းကျင်ဖို့မလိုတဲ့အလုပ်တွေသာ လုပ်ရမှာဖြစ်တယ်။ ရေပေါ်ဆီအလွှာက ပညာတတ်အမျိုးသမီးတွေဟာ အောက်ခြေလူလတ်တန်းစားအလွှာနဲ့ အလုပ်သမားလူတန်းစားအမျိုးသမီးတွေလုပ်နေကြတဲ့အလုပ်မျိုးတွေကိုလုပ်မယ့်အစား အိမ်မှာပဲနေကြတယ်။ တစ်ခါတလေတော့ အဲဒီ့အုပ်စုထဲက မဆိုစလောက်အရေအတွက်က အစဉ်အလာကိုချိုးဖောက်၊ ခင်ပွန်းသည်နဲ့မိသားစုရဲ့ကန့်ကွက်မှုကို ရင်ဆိုင်ပြီး သူတို့ပညာအရည်အချင်းထက်နိမ့်ကျတဲ့ အပြင်အလုပ်တွေ ထွက်လုပ်ကြပါတယ်။ အဲဒီ့ကန့်ကွက်တာကြောင့် အိမ်အပြင်ထွက်အလုပ်လုပ်ကြတဲ့အရေးကိစ္စက ဂျန်ဒါခွဲခြားမှုပြဿနာလိုလို ဖြစ်သွားပါတယ်။ ကျားပဓာနစနစ် (ပေထရီအာခီ) ကို ဆန့်ကျင်ပြီး သူတို့လိုလူတန်းစားအလွှာက အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရဖို့ တောင်းဆိုကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုဖြစ်လာပါတယ်။ အဲဒီ့လှုပ်ရှားမှုက လူတန်းစားအမြင်မပါတဲ့ ဖမ်မန်နစ်ဇင်ဖြစ်သွားပါတယ်။

အစကနဦးကတည်းက အခွင့်ထူးခံလူတန်းစား ပြုပြင်ပြောင်းလဲရေးဝါဒီ လူဖြူအမျိုးသမီးတွေက သူတို့တောင်းဆိုနေတဲ့ လွတ်လပ်မှုတွေ၊ ပါဝါတွေဟာ သူတိုနဲ့လူတန်းစားအလွှာတူက အမျိုးသားတွေ ရရှိခံစားနေပြီးသား လွတ်လပ်မှုတွေဆိုတာ ကောင်းကောင်းကြီးသိကြပါတယ်။ တကယ်တော့ အိမ်တွင်းက ကျားကြီးစိုးလွှမ်းမိုးခြင်းကို တွန်းလှန်မှုဟာ ကျားကြီးစိုးမှုကိုစိတ်ကုန်နေတဲ့၊ လူတန်းစားအလွှာပေါင်းစုံက အမျိုးသမီးတွေနဲ့ ချိတ်ဆက်ချင်ရင်ချိတ်ဆက်လို့ရတဲ့ လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်ထူးခံအမျိုးသမီးတွေသာ အိမ်အပြင်ထွက်အလုပ်လုပ်ရင် တစ်ကိုယ်စာလုံလောက်တဲ့ဝင်ငွေရမယ်လို့ စိတ်ကူးယဉ်နိုင်ကြတာပါ။ အလုပ်သမားလူတန်းစားအမျိုးသမီးတွေကတော့ သူတို့ရတဲ့လုပ်ခလစာနဲ့ လွတ်မြောက်မှာမဟုတ်ဘူးဆိုတာ သိထားပြီးသားပါ။

အလုပ်သမတွေ လုပ်ခလစာပိုရဖို့၊ လုပ်ငန်းခွင်အတွင်းမှာ ဂျန်ဒါခွဲခြားဆက်ဆံမှု၊ ထိပါးနှောင့်ယှက်ခံရမှုတွေ လျော့ပါးဖို့အရေး အခွင့်ထူးခံအမျိုးသမီးအုပ်စုတွေရဲ့ ပြုပြင်ပြောင်းလဲရေးအားစိုက်ထုတ်မှုတွေက အမျိုးသမီးအားလုံးအတွက် အပြုသဘောဆောင်တဲ့သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကျိုးအမြတ်တွေက အရေးတော့ကြီးပါတယ်။ ဒါပေမယ့် အခွင့်ထူးခံတွေသာ လူတန်းစားပါဝါရသွားပြီး အမျိုးသမီးထုကတော့ အမျိုးသားများနည်းတူလုပ်ခလစာတန်းတူမရကြပါဘူး။ ဒါဟာ တူညီတဲ့အလုပ်အတွက် တူညီတဲ့လုပ်ခလစာရရှိဖို့ ဖမ်မန်နစ်တွေရဲ့ကြိုးစားအားထုတ်မှုတွေကို လူတန်းစားအကျိုးစီးပွားက အသာစီးရသွားကြောင်း ပြသနေပါတယ်။

လက်စဘီယံဖမ်မန်နစ်အတွေးအခေါ်သမားတွေဟာ ဖမ်မန်နစ်လှုပ်ရှားမှုတွေမှာ လူတန်းစားအရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေကို လူတိုင်းနားလည်လောက်တဲ့ ဘာသာစကားနဲ့ ဖော်ထုတ်ခဲ့ကြတဲ့ အစောပိုင်းတက်ကြွလှုပ်ရှားသူတွေထဲမှာ ပါကြပါတယ်။ သူတို့က လင်ယောက်ျားရဲ့အထောက်အပံ့ကို မှီခိုမယ့်အုပ်စုမဟုတ်ဘူး။ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတိုင်းကြုံရမယ့် အခက်အခဲတွေကို ဆန့်ကျင်လိင်စိတ်ဝင်စားတဲ့အမျိုးသမီးတွေထက် သူတို့က ပိုသိထားကြပါတယ်။ ၁၉၇၀ အစောပိုင်းက ရှားလော့ ဘန့်ချ် နဲ့ နန်စီ မိုင်ရွန် တို့တည်းဖြတ်တဲ့ Class and Feminism တို့လို စာပေါင်းစုတွေမှာ ဖမ်မန်နစ်အဝန်းအဝိုင်းတွေထဲ လူတန်းစားအရေးကို ထိပ်တိုက်ရင်ဆိုင်နေရတဲ့၊ လူတန်းစားအလွှာနောက်ခံအသီးသီးက အမျိုးသမီးတွေရဲ့အရေးအသားတွေကို ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ အဲဒီ့စာအုပ်မှာပါတဲ့အက်ဆေးတိုင်းက လူတန်းစားအရေးဟာ ငွေကြေးပြဿနာတစ်ခုတည်းရယ်လို့ သတ်မှတ်လို့မရကြောင်း ထောက်ပြခဲ့ကြပါတယ်။ (အဲဒီ့အချိန်တုန်းက နာမည်ကြီးစာရေးဆရာမဖြစ်သေးတဲ့) ရီတာမေဘရောင်းရဲ့ The Last Straw အက်ဆေးမှာ ခုလို ရေးသားခဲ့ပါတယ်။

“လူတန်းစားဆိုတာ မာ့စ်အဓိပ္ပါယ်ဖွင့်ဆိုတဲ့ means of production (ကုန်ထုတ်လုပ်မှုမှာ လိုအပ်တဲ့ ကိရိယာ၊ ကုန်ကြမ်း၊ လုပ်အား) နဲ့ ဆက်နွယ်မှုတစ်ခုဆိုတာထက် ပိုပါတယ်။ လူတန်းစားလို့ဆိုလိုက်ရင် ပြုမူနေထိုင်ပုံတွေ၊ အခြေခံအတွေးအခေါ်တွေ၊ ဘယ်လိုနေရမယ်လို့ သင်ကြားခံရတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေအပေါ်မှာပါ ထားရှိတဲ့ မျှော်လင့်ခြင်းတွေ၊ ကိုယ်ပုံဖော်ထားတဲ့အနာဂတ်၊ ပြဿနာတွေကို ဘယ်လိုနားလည်ပြီး ဘယ်ပုံဖြေရှင်းမှာလဲ နဲ့ ဘယ်လိုတွေးခေါ်၊ ခံစား၊ လုပ်ဆောင်သလဲ စတာတွေ အကုန်ပါဝင်ပါတယ်”

ကျားပဓာနစနစ် (ပေထရီအာခီ) ကိုတိုက်ဖျက်ဖို့ အမျိုးသမီးအားလုံး စည်းလုံးတဲ့ နိုင်ငံအရေးအခြေခံ သွေးရင်းညီအစ်မပေါင်းစည်းမှုဟာ လူတန်းစားအရေးကို ထိပ်တိုက်မဖြေရှင်းသရွေ့ မအောင်မြင်နိုင်ပါဘူး။ လူတန်းစားအလွှာအသီးသီးပါတဲ့ ဖမ်မန်နစ်အုပ်စုတွေထဲက အမျိုးသမီးတွေက ဒါကို ပထမဆုံးသိမြင်ခဲ့ကြပါတယ်။

ဖမ်မန်နစ်လုပ်ဆောင်ချက်တွေထဲမှာ လူတန်းစားပြဿနာကို ထည့်သွင်းစဉ်းစားခြင်းဟာ လူတန်းစားနဲ့ လူမျိုးရေး ဆုံချက်နေရာကို ဖွင့်ဟပေးလိုက်ပါတယ်။ ဘောင်သွင်းယူထားတဲ့ လူမျိုး၊ လိင်၊ လူတန်းစား လူမှုစနစ်ထဲမှာ လူမည်းအမျိုးသမီးတွေဟာ စီးပွားရေးအခြေအနေအရ အောက်ဆုံးမှာရှိနေကြပါတယ်။ အစပိုင်းမှာတော့ ဖမ်မန်နစ်လှုပ်ရှားမှုမှာ အလုပ်သမားလူတန်းစားအလွှာက ပညာတတ်လူဖြူအမျိုးသမီးတွေက အလွှာစုံက လူမည်းအမျိုးသမီးတွေထက် ပိုအာရုံစိုက်ခံရပါတယ်။ ဖမ်မန်နစ်လှုပ်ရှားမှုမှာ သူတို့ဟာ လူနည်းစုဆိုပေမယ့် သူတို့ရဲ့အသံဟာ ဝါရင့်နေတဲ့အသံတွေပါပဲ။ အခွင့်ထူးခံလူတန်းစားကလာတဲ့ ရဲဘော်တွေထက်စာရင် ဒီလူမည်းအမျိုးသမီးတွေဟာ လူမျိုး၊ လူတန်းစားနဲ့ ဂျန်ဒါ လွှမ်းမိုးကြီးစိုးမှုကို တွန်းလှန်ရင်ပေးရမယ့်အဖိုးအခကို ပိုနားလည်ကြပါတယ်။ ကိုယ့်ရဲ့စီးပွားရေးအခြေအနေကို ပြောင်းလဲဖို့ဆိုရင် ဘယ်လိုရုန်းကန်ရမယ်ဆိုတာ သူတို့ ပိုသိနားလည်ကြပါတယ်။ ဘယ်လိုအပြုအမူမျိုးက သင့်တော်သလဲ၊ ဘယ်လိုပြဿနာတွေကို အခြေခံကျတဲ့ဖမ်မန်နစ်ပြဿနာတွေအဖြစ် သတ်မှတ်မလဲ ဆိုတဲ့ ကိစ္စရပ်တွေအပေါ် သူတို့နဲ့ အခွင့်ထူးခံလူတန်းစားအမျိုးသမီးတွေကြား အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပါတယ်။ လူတန်းစားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ တစ်ခါမှမပါဖူးခဲ့တဲ့ အခွင့်ထူးခံလူတန်းစားအမျိုးသမီးတွေဟာ ဖမ်မန်နစ်လှုပ်ရှားထဲမှာပါရင်းနဲ့ လူတန်းစားပြဿနာတကယ်ရှိနေကြောင်း သိမြင်လာကြပါတယ်။ အခွင့်ထူးခံအလွှာကမဟုတ်တဲ့အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုတွေကိုလည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။ ဒါ့အပြင် အငြင်းပွားမှုတွေကို ယုံကြည်ချက်ရှိရှိ၊ အပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာလည်း သိနားလည်လာကြပါတယ်။ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေရှိခဲ့ပေမယ့် အခွင့်ထူးခံ လူဖြူအမျိုးသမီးတော်တော်များများဟာ ဖမ်မန်နစ်ဇင်ကို သူတို့ပိုင်ပစ္စည်းသဖွယ် မယ်ပိုင်စီးခဲ့ကြပါတယ်။ သူတို့ကပဲ အားလုံးကို ဦးဆောင်နေသလိုမျိုးပေါ့။

ကျားပဓာနစနစ်ပင်မလမ်းကြောင်းက အခွင့်ထူးခံအမျိုးသမီးတွေရဲ့ပြဿနာတွေကိုသာ အာရုံစိုက်ချင်စရာကောင်းတယ် လို့တွေးအောင် တွန်းအားပေးပါတယ်။ ပြုပြင်ပြောင်းလဲရေးဝါဒီဖမ်မန်နစ်တွေကလည်း ရှိနေပြီးသားစနစ်ထဲကပဲ အမျိုးသမီးတွေအတွက် လူမှုတန်းတူရေးရဖို့ ရည်ရွယ်ကြပါတယ်။ အခွင့်ထူးခံအမျိုးသမီးတွေဟာ သူတို့နဲ့အလွှာတူအမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရချင်ကြတာပါ။ သူတို့ရဲ့လူတန်းစားအလွှာမှာ လိင်အခြေပြုဖိနှိပ်မှုရှိနေပေမယ့် အလုပ်သမားလူတန်းစားအမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမလိုချင်ကြပါဘူး။ အမျိုးသမီးတွေကို လူတန်းစားအလွှာတူက အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရဖို့ ဖမ်မန်နစ်တွေရဲ့ကြိုးပမ်းချက်ဟာ လူဖြူ-အရင်းရှင်-ကျားပဓာနဝါဒီတွေနဲ့ အကြောက်တရားချင်း သွားတူကြပါတယ်။ အဲဒီ့အကြောက်တရားကတော့ လူဖြူမဟုတ်တဲ့သူတွေ စီးပွားရေးနဲ့ အခွင့်ထူးမှန်သမျှကို တန်းတူရသွားရင် လူဖြူပါဝါတွေ ပျောက်ကွယ်သွားမှာ ကိုပါပဲ။ ပြုပြင်ပြောင်းလဲရေးဝါဒီဖမ်မန်နစ်တွေကြောင့် လူဖြူကြီးစိုးရေး ကျားပဓာစနစ် အားကောင်းလာသလို တစ်ပြိုင်နက်တည်းမှာပဲ သူတို့ဟာ ဖမ်မန်နစ်တော်လှန်ရေးအယူအဆကို အင်အားချိနဲ့အောင် လုပ်ပစ်လိုက်ကြပါတယ်။

ဖမ်မန်နစ်လှုပ်ရှားမှုကို ခုလိုအပိုင်စီးယူပစ်လိုက်တဲ့အပေါ်မှာ တော်လှန်ရေးဝါဒီဖမ်မန်နစ်တွေကပဲ မကျေမချမ်းဖြစ်ကြပါတယ်။ ပုံမှန်မြင်နေကျမဟုတ်တဲ့ စာနယ်ဇင်းတွေကတဆင့် ကျမတို့ရဲ့ဝေဖန်ချက်နဲ့ အမျက်ဒေါသတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူဖြူတော်လှန်ရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မယ်ရီဘားဖုက သူ့ရဲ့အက်ဆေးပေါင်းချုပ် The Coming of Black Genocide ထဲမှာ အားမနာတမ်းရေးသားခဲ့ပါတယ်။

“၇၀ ခုနှစ်များဆီက အမျိုးသမီးလှုပ်ရှားမှုက သွေးရင်းညီအစ်မပေါင်းစည်းမှုစိတ်ဓာတ်လို့ ယုံကြည်ခဲ့ကြတဲ့ လူဖြူအမျိုးသမီးတွေဟာ အချောင်တက်လာတဲ့အမျိုးသမီးတွေကြောင့် သစ္စာဖောက်ခံရသလို ခံစားကြရပြီး နာကျည်းဒေါသထွက်ခဲ့ရပါတယ်။ ကျားပဓာနစနစ်ဆီ ခါနေအောင် လှည့်ပြန်သွားတဲ့ မိန်းမတွေကြောင့်ပေါ့။ ဒါပေမယ့် အမျိုးသမီးလှုပ်ရှားမှုက ယောက်ျားတွေဆီက တစ်ဖဝါးမှ မခွာခဲ့ကြပါဘူး။ တော်လှန်ရေးတိုက်ပွဲဆိုတာ ဘယ်တော့မှမရှိခဲ့သလို လွတ်မြောက်ရေးဆိုတာလည်း ဘယ်တော့မှ မရခဲ့ပါဘူး။ ဂျီနိုဆိုက်ကြောင့်ရတဲ့ အကျိုးအမြတ်တွေကို ကျမတို့ ပျော်ပျော်ကြီး ခံစားခဲ့ကြတယ်။ ကျမတို့ဟာ ကျားပဓာနစနစ်ရဲ့ ညီမရင်းဖော်တွေဖြစ်ပါတယ်။ လူမျိုးအရရော လူတန်းစားအရပါ ဖိနှိပ်ချုပ်ချုပ်မှုတွေကို ထောက်ခံသူစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ကျားပဓာနစနစ်ရဲ့အင်အားအကြီးဆုံးပုံစံက ဥရောနယ်ချဲ့စနစ်အနေနဲ့ တည်ရှိနေပါတယ်။ အဲဒီ့စနစ်ထဲကယောက်ျားတွေရနေတာကို ကျမတို့လိုချင်နေတာဆိုရင် နောက်ဆုံးမှာတော့ ကျမတို့ကလည်း ဒီစနစ်ကို ထောက်ပံ့ပေးနေလို့ ဆိုရမှာပါ”

တကယ်တော့ ဖမ်မန်နစ်အမျိုးသမီးတော်တော်များများအတွက် ရေပေါ်ဆီစိတ်ဓာတ်ကို ဖယ်ရှားပစ်ဖို့ထက်စာရင် လူဖြူကြီးစိုးရေးအတွေးအခေါ် ပပျောက်အောင်လုပ်ရတာက ပိုလွယ်ကူတယ်လို့ ယူဆကြပါတယ်။

အခွင့်ထူးခံလူတန်းစားအမျိုးသမီးတွေအနေနဲ့ လူတန်းစားအလွှာတူအမျိုးသားတွေနည်းတူ စီးပွားရေးပါဝါ ပိုမိုရလာတဲ့အခါ ဖမ်မန်နစ်တွေပြောနေကြတဲ့ လူတန်းစားအရေးဆွေးနွေးချက်တွေဟာ အရေးမပါတော့ပါဘူး။ အဲဒီ့အစား ချမ်းသာတဲ့အမျိုးသမီးတွေပဲ စီးပွားရေးအကျိုးအမြတ်ရသွားတာကို အမျိုးသမီးအားလုံးအတွက် ကောင်းတဲ့လက္ခဏာအဖြစ် မြင်ကြဖို့ အားပေးအားမြှောက်ပြုကြပါတယ်။ တကယ့်လက်တွေ့မှာတော့ အဲဒီ့အကျိုးအမြတ်တွေဟာ အလုပ်သမတွေနဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေအတွက် ဘာအပြောင်းအလဲမှ မဖြစ်စေပါဘူး။ ဒါ့အပြင် အခွင့်ထူးခံအမျိုးသားတွေက အိမ်တွင်း ပြုစုစောင့်ရှောက်တဲ့တာဝန်ကို ခွဲမယူကြတဲ့အတွက် အလုပ်သမတွေနဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေအပေါ် တဆင့်နိမ့်လက်အောက်ခံအဖြစ် ဆက်ထားမှသာ (ဘယ်လူမျိုးမဆို) အခွင့်ထူးခံအမျိုးသမီးတွေအနေနဲ့ လွတ်လပ်မှုရမှာဖြစ်ပါတယ်။ ၉၀ ခုနှစ်ကာလတွေမှာ အခွင့်ထူးခံအမျိုးသမီးတွေက သူတို့တစ်ကိုယ်ရည်လွတ်မြောက်ဖို့အတွက် ရှိရင်းစွဲလူမှုစနစ်ကိုပဲ ဆက်ထောက်ခံကြပါတယ်။ အဆုံးမှာတော့ အခွင့်ထူးခံလူတန်းစားပါဝါက ဖမ်မန်နစ်ဇင်ကို အသာစီးရသွားတာပါပဲ။ အဲဒါ့အခါ ဖမ်မန်နစ်လှုပ်ရှားမှု ယိုင်နဲ့သွားပါတော့တယ်။

အမျိုးသားတွေနည်းတူ လူတန်းစားဂုဏ်ဒြပ်နဲ့ပါဝါတွေ အမျိုးသမီးတွေရလာတဲ့အခါ ဖမ်မန်နစ်နိုင်ငံရေးက အင်အားချိနဲ့သွားပါတယ်။ အမျိုးသမီးများစွာဟာ နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားရပါတယ်။ ဖမ်မန်နစ်ဇင်က တွန်းပို့လို့ အလုပ်ခွင်ထဲရောက်လာရတဲ့ လူလတ်လူတန်းစားနဲ့ အောက်ခြေလူလတ်တန်းစားအမျိုးသမီးတွေဟာ အိမ်အပြင်ထွက်အလုပ်လုပ်တာနဲ့ပဲ လွတ်မြောက်သွားတာမဟုတ်ပါဘူး။ အကြောင်းကတော့ ကိုယ် အိမ်အပြင်ထွက်လုပ်လည်း အိမ်မှုကိစ္စတွေကို ခင်ပွန်းသည်တွေက ညီတူညီမျှ ခွဲဝေယူမှာမဟုတ်လို့ပါပဲ။ အကြောင်းပြချက်မရှိတဲ့ကွာရှင်းမှုမျိုးမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် စီးပွားရေးအရ အကျိုးအမြတ်ပိုရပါတယ်။ ပညာရေး၊ အလုပ်အကိုင် စတဲ့ နယ်ပယ်တွေမှာ ဂျန်ဒါနဲ့လူမျိုးရေးကိစ္စတွေကို ထည့်သွင်းစဉ်းစားလာကြပေမယ့် ပြုပြင်ပြောင်းလဲရေးဖမ်မန်နစ်လှုပ်ရှားမှုရဲ့အကျိုးအမြတ်တွေကနေ အခွင့်ထူးခံ လူဖြူအမျိုးသမီးတွေကပဲ အမြတ်ထွက်သွားကြပါတယ်။ အဲဒါကို လူဖြူမဟုတ်တဲ့အမျိုးသမီးတွေ သိမြင်သွားကြတဲ့အခါ ဖမ်မန်နစ်ဇင်ဟာ လူဖြူပါဝါကြီးစိုးရေး လို့ သူတို့ထင်နေတာမှန်နေကြောင်းလည်း သိသွားကြပါတယ်။ ဖမ်မန်နစ်တွေရဲ့ အကြီးမားဆုံး တာဝန်ပျက်ကွက်မှုကတော့ တစ်ကိုယ်ရည်မိခင်တွေအပေါ် အစိုးရက ထိုးနှက်တာ၊ လူမှုဖူလုံရေးစနစ်ကို ဖျက်သိမ်းတာတွေကို အုံလိုက်ကျင်းလိုက်သပိတ်မှောက်ဆန္ဒပြမယ့် ဖမ်မန်နစ်လှုပ်ရှားမှုပေါ်ပေါက်အောင် မလုပ်နိုင်ခဲ့တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဖမ်မန်နစ်လို့ သမုတ်တဲ့ အခွင့်ထူးခံအမျိုးသမီးတွေဟာ “အမျိုးသမီးတွေက (အမျိုးသားတွေထက်) ဆင်းရဲတွင်းပိုနက်နေတဲ့ပြဿနာ” ကို ယောင်လို့တောင် လှည့်မကြည့်ကြတော့ပါဘူး။

အခွင့်ထူးခံမဟုတ်တဲ့အမျိုးသမီးတွေနဲ့ သွေးစည်းညီညွတ်မှုကို မပျက်ပြားစေဘဲ လူတန်းစားပါဝါရသွားတဲ့ ဖမ်မန်နစ်တစ်ဦးချင်းစီရဲ့အသံတွေထက် “ပါဝါဖမ်မန်နစ်ဇင်”ကိုသာ လူကြိုက်များမီဒီယာတွေက အထူးတလည်ဖော်ပြကြပါတယ်။ ဖမ်မန်နစ်နိုင်ငံရေးကို နှစ်နှစ်ကာကာယုံကြည်တယ်ဆိုရင် ကျမတို့ရဲ့ရည်မှန်းချက်က စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့နဲ့ တခြားအမျိုးသမီးတွေလည်း စီးပွားရေးအခြေအနေပိုကောင်းလာအောင် ကူညီဖို့ပဲ ဖြစ်ရမှာပါ။ ရှိရင်းစွဲ ကျားပဓာန-အရင်းရှင်စနစ်နဲ့ ပူးပေါင်းမှသာ အမျိုးသမီးတွေ စီးပွားရေးအရ အကျိုးအမြတ်ရနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ကျမတို့ရဲ့အတွေ့အကြုံတွေက ဆန့်ကျင့်နေကြပါတယ်။ လူမှုအပြောင်းအလဲဖြစ်ဖို့ တော်လှန်ရေးအမြင်ကို ထောက်ခံတဲ့၊ လူတန်းစားအလွှာအရပိုသာတဲ့ ဖမ်မန်နစ်တစ်ဦးချင်းစီက အရင်းအမြစ်တွေကို မျှဝေသုံးစွဲရပါမယ်။ ကျန်တဲ့လူတန်းစားအလွှာပေါင်းစုံက အမျိုးသမီးတွေအားလုံးရဲ့ဘဝ တိုးတက်ပြောင်းလဲဖို့လည်း ကျမတို့ရဲ့အင်အားတွေကို သုံးရမှာဖြစ်ပါတယ်။

ရေပေါ်ဆီစိတ်ဓာတ်ကို စိန်ခေါ်တဲ့ လူမှုအပြောင်းအလဲရည်မှန်းချက်က ဖမ်မန်နစ်လွတ်မြောက်ရေးရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။ အနောက်တိုင်းအမျိုးသမီးတွေ လူတန်းစားပါဝါရရှိလာပေမယ့် ဂျန်ဒါမညီမျှမှုကတော့ ပိုဆိုးလာပါတယ်။ အကြောင်းကတော့ ကမ္ဘာ့အဝှမ်း လူဖြူကြီးစိုးရေး-ကျားပဓာနစနစ်က ဆင်းရဲတဲ့တိုင်းပြည်မှ အမျိုးသမီးထုကို ကျွန်ပြုပြီးတော့သော်လည်းကောင်း၊ တဆင့်နိမ့်လက်အောက်ခံအဖြစ်သွတ်သွင်းပြီးတော့သော်လည်းကောင်း အကျိုးအမြတ်ရနေလို့ပါပဲ။ ဒီတိုင်းပြည်မှာ ထောင်လုပ်ငန်းကြီးပွားလာတာရယ်* လုပ်အားဗဟိုပြုတဲ့ လူမှုဖူလုံရေးစနစ်ရယ်၊ တင်းကြပ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒရယ်က ကျွန်စနစ်ကို စာချုပ်သဖွယ်တည်မြဲနေအောင် ဖန်တီးပေးလိုက်ပါတယ်။ လူမှုဖူလုံရေးစနစ်ကို ဖျက်သိမ်းလိုက်တဲ့အခါ ရှိရင်းစွဲ နိုင်လိုမင်းထက်စနစ်ကနေ ဆင်းရဲသားအမျိုးသမီးတွေနဲ့ ကလေးတွေကို ခေါင်းပုံဖြတ်ပြီး ဖိနှိပ်လို့ရသွားပါတယ်။

ကျမတို့နိုင်ငံမှာ လူတန်းစားအရေးပကတိပြဿနာတွေပြောင်းလဲလာနဲ့အမျှ ဆင်းရဲ-ချမ်းသာကွာဟမှုကလည်း ပိုဆိုးလာတယ်၊ အမျိုးသမီးတွေ ဆင်းရဲတွင်းပိုနက်တဲ့ပြဿနာကလည်း ဆက်ရှိနေတယ်။ ဒါကြောင့် အုံလိုက်ကျင်းလိုက်နဲ့လှုပ်ရှားမယ့် တော်လှန်ရေးအသွင်ဖမ်မန်နစ်လှုပ်ရှားမှု အသည်းအသန်လိုအပ်နေပါပြီ။ အဲဒီ့လှုပ်ရှားမှုမှာ အတိတ်ကာလက အားသာချက်တွေ (ပြုပြင်ပြောင်းလဲရေးဝါဒီတွေကြောင့် ရခဲ့တဲ့ အကျိုးအမြတ်တွေ) ကိုဆက်အသုံးချသွားပြီး လမ်းကြောင်းမှားခဲ့တဲ့ ရှိရင်းစွဲဖမ်မန်နစ်သီအိုရီကို ပြန်လည်ဝေဖန်ဆန်းစစ်ရင်းနဲ့ ဖမ်မန်နစ်လှုပ်ရှားမှုအတွက်နည်းဗျူဟာအသစ်တွေလည်း ရလာပါမယ်။ အမျှော်အမြင်ရှိတဲ့လှုပ်ရှားမှုဟာ အလုပ်သမတွေနဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေရဲ့ လက်တွေ့အခြေအနေတွေပေါ်မှာ အခြေတည်မှာပါ။ ဆိုလိုတာက အခွင့်ထူးခံအမျိုးသမီးတွေ အသိအမြင်နိုးထလာမယ်ဆိုရင် အမျိုးသမီးတိုင်းပိုင်ဆိုင်နိုင်မယ့် တန်ဖိုးနည်းအိမ်ရာတွေကို ဖန်တီးပေးပြီး လှုပ်ရှားမှုကို စတင်ရမှာပါ။ အဲဒီ့လိုအိမ်ရာတွေဖန်တီးပေးခြင်းအားဖြင့် ဖမ်မန်နစ်လှုပ်ရှားမှုဟာ အမျိုးသမီးအားလုံးရဲ့ဘဝနဲ့သက်ဆိုင်ကြောင်း ပြသရာရောက်ပါတယ်။

အခွင့်ထူးခံအမျိုးသမီးတွေက ဖမ်မန်နစ်လှုပ်ရှားမှုကို ကိုယ်ကျိုးတစ်ခုတည်းအတွက် အသုံးချတဲ့အပြင် ဖမ်မန်နစ်နိုင်ငံရေးကို အလေးမထားတဲ့အတွက် သူတို့ကို ဆက်ပြီးဖိနှိပ်မယ့် ကျားပဓာနစနစ်ကလည်း ဆက်တည်မြဲနေပါတော့တယ်။ ဒါကြောင့် ဒီလုပ်ရပ်ဟာ ဖမ်မန်နစ်ဇင်ကို သစ္စာဖောက်ရုံတင်မက ကိုယ့်ကိုယ်ကိုယ်ပါ သစ္စာဖောက်ရာကျပါတယ်။ လူတန်းစားအရေးဆွေးနွေးချက်တွေကို ပြန်အသက်သွင်းခြင်းအားဖြင့် ဖမ်မန်နစ်လို့ခံယူထားတဲ့ အမျိုးသားတွေရော အမျိုးသမီးတွေပါ သွေးစည်းညီညွတ်မှုအတွက်လိုအပ်တဲ့အခြေအနေတွေကို ပြန်ဖန်တီးပေးကြပါလိမ့်မယ်။ ဒါမှသာ တစ်ကိုယ်ရည်ဘဝတိုးတက်ဖို့ အခွင့်အလမ်းတွေ၊ အရင်းအမြစ်တွေကို ဘယ်လူတန်းစားအလွှာကမဆို လက်လှမ်းမီ မျှဝေသုံးစွဲနိုင်မယ့်ကမ္ဘာကြီးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။     ။

* အမေရိကန်ပြည်ထောင်စုမှာ တချို့အကျဉ်းထောင်တွေရဲ့ ထောင်တွင်းစီမံခန့်ခွဲမှုကို ပုဂ္ဂလိကကုမ္ပဏီတွေလက်ထဲ အပ်ထားပါတယ်။

bell hooks ရဲ့ Feminism is for everybody မှ Chapter 7 (Feminist Class Struggle) ကို ဉာဏ်ဝါ မြန်မာဘာသာသို့ ပြန်ဆိုသည်။

ระบอบอาหารโลกกำลังฆ่าเด็ก

ระบอบอาหารโลกกำลังฆ่าเด็ก

วิกฤตอาหารขาดแคลนและอาหารไม่ปลอดภัย เป็นมากกว่าแค่ปัญหาด้านสุขภาพ แต่บ่งชี้ถึงปัญหาทางโครงสร้างของระบอบอาหารภายใต้ทุนนิยม ที่มองอาหารเป็นสินค้าทำกำไรให้กับบริษัทผูกขาด แทนที่จะเป็นสิทธิมนุษยชนของคนในสังคม

Aung San & “My Fathers Tatmadaw”

Aung San & “My Fathers Tatmadaw”

On the night of 31 December 1941, at the height of the Imperial Japanese march across Asia, thirty young Burmese men gathered in a house in occupied Bangkok. A silver bowl was brought among them, and a syringe passed around. Blood was drawn from each man’s arm and secreted into the bowl. Together, they pledged loyalty to Burmese independence and eternal comradeship. Through that ceremony, through the spilling and sharing of blood, the Burmese Independence Army was brought into being, and thus the embryonic stage of the Tatmadaw.

เมื่อช้างชูคบเพลิงที่มอดดับ

เมื่อช้างชูคบเพลิงที่มอดดับ

หากพิจารณาจากเรื่องรูปแบบอำนาจ เราก็จะพบว่าความพยายามอย่างยิ่งที่จะค้นหาความหมายหรือเข้าใจเหตุผลเบื้องหลังการตัดสินใจฝ่ายเดียวอาจไม่สำคัญเท่ากับการตั้งต้นว่าไม่มีอะไรอยู่เบื้องหลังการทำงานของอำนาจ (นอกจากตัวของอำนาจเอง) ชุมชนผู้สมัครใจยามเช้านั้นสามารถค้นพบเหตุผลมากมายไม่สิ้นสุดที่จะบอกว่าการตัดสินใจของมหาวิทยาลัยมีเหตุผลหรือไร้เหตุผลได้ตลอดตราบเท่าที่การดำรงอยู่ของสภาพบังคับของอำนาจที่ตัดสินใจฝ่ายเดียวถูกบอกปัด การเลือกที่จะเปิดหรือปิดไฟไม่ใช่อะไรอื่นนอกจากรูปธรรมของอำนาจที่จะบังคับให้ผู้อื่นต้องทำตามอย่างไม่อาจหลีกเลี่ยง อำนาจที่พร้อมจะก่อร่างความสมเหตุสมผลให้กับการกระทำของตัวเองเสมอ

ขนมปังและการปฏิวัติ

ขนมปังและการปฏิวัติ

แปลจากบทกลอนของคุณ วิเจย์ ประชาฏ

ขณะที่ฉันอยู่รัสเซีย ปี ค.ศ. 1929 คนขับรถม้าทุกคน [Izvoshchik] จะถามฉันทันทีที่ฉันขึ้นไปบนรถม้า [droshka] ของเขาว่า: ราคาขนมปังในประเทศของคุณเท่าไหร่?
(รีเบคก้า เรย์เฮอร์, 2 เมษายน ค.ศ. 1974)

สร้างเอเชียใหม่ในฝันของเรา

สร้างเอเชียใหม่ในฝันของเรา

ในซีกโลกใต้จะสามารถร่วมมือกันด้วยอธิปไตยและศักดิ์ศรีหรือไม่ พวกเขาจะสามารถสร้างระบอบสถาบันที่รับใช้ประชาชนของตนเองมากกว่าทุนระดับโลกได้หรือไม่ พวกเขาจะสามารถสร้างรูปแบบความร่วมมือที่นอกเหนือไปจากพันธมิตรทางทหารและการพึ่งพาทางตลาดได้หรือไม่

The South – Insurgency & Reaction

The South – Insurgency & Reaction

The south’s political orientation stands in sharp contrast to Thailand’s other periphery regions, which typically lean left and retain strong anti-Bangkok political memories- yet historically, the south was known for its peasant organisers and communist insurgent activity. The transformation of the region into a bastion of right-wing loyalism has long presented a puzzle: Why did the South get so Salim?

ภาคใต้ – การลุกฮือต่อต้านสู่ปฏิกริยา

ภาคใต้ – การลุกฮือต่อต้านสู่ปฏิกริยา

นอดีต ภาคใต้เป็นที่รู้จักกันดีในเรื่องของผู้นำชาวนาและกิจกรรมการก่อกบฏของคอมมิวนิสต์ การเปลี่ยนแปลงของภูมิภาคนี้ให้กลายเป็นฐานที่มั่นของลัทธิภักดีฝ่ายขวาได้สร้างปริศนามานานแล้วว่า ทำไมภาคใต้ถึงเป็นสลิ่มได้ขนาดนี้?

ไม่มีสิ่งใดล้ำค่าไปกว่าความเป็นอิสระและเสรีภาพ

ไม่มีสิ่งใดล้ำค่าไปกว่าความเป็นอิสระและเสรีภาพ

ปัญญาชนและนักกิจกรรมหญิงจากทั่วเอเชียรวมตัวกันเพื่อเปิดเผยความจริงเพียงหนึ่งเดียว: ฐานทัพทหารสหรัฐฯ ที่กระจายอยู่ทั่วทวีปไม่ได้ปกป้องคนของพื้นที่ แต่เป็นการนำสงครามมาสู่แผ่นดิน ทำลายล้างดินแดน และคร่าชีวิตผู้คนไปมากมายเพื่อราคา

ประเทศไทยยุคปลาย 

ประเทศไทยยุคปลาย 

ในปี 2474 ผู้คนได้พูดถึง “สยามยุคปลาย” บ้างไหม? จากการค้นหาอย่างคร่าวๆ ใน Google ดูเหมือนว่าผู้คนจะพูดถึง “ทุนนิยมยุคปลาย” มากขึ้นเรื่อยๆ เมื่อไม่นานมานี้ ขณะวางแผนกับเพื่อนๆ ในกรุงเทพฯ เราต้องคำนึงถึงเรื่องสะพานถล่มในแผนอาหารค่ำของเราด้วย ไม่ใช่แค่สะพานเท่านั้นที่ถล่ม เครนล้มทับรถไฟ รถบัสระเบิด อาคารพังทลาย โกดังระเบิด นี่กลายเป็นเรื่องปกติไปแล้ว

Late Stage Thailand

Late Stage Thailand

In 1931 did people talk about Late-stage Siam? Given a cursory Google search people seem to be increasingly talking about Late-stage Capitalism (ทุนนิยมขั้นปลาย). Recently, when making plans with friends in Bangkok, we had to factor bridge collapses into our dinner plans. It’s not just bridges that collapse, cranes fall on trains, buses explode, buildings crumble into the ground, warehouses explode. This has become quite routine. 

Nangbaek – The New Ultras

Nangbaek – The New Ultras

The rise of the Nangbaek (นางแบก) movement perhaps marks an entirely new political ideology and approach to Left politics. Domestically, it is the end of political innocence and the key to unlocking a materialist understanding of 21st century politics in the global south.

นางแบกและจุดจบของความบริสุทธิ์ผุดผ่องทางการเมือง

นางแบกและจุดจบของความบริสุทธิ์ผุดผ่องทางการเมือง

การเกิดขึ้นของขบวนการนางแบกอาจเป็นจุดบ่งชี้ถึงอุดมการณ์ทางการเมืองและแนวทางการเมืองฝ่ายซ้ายแบบใหม่ทั้งหมด ในระดับประเทศ อาจเรียกได้ว่าเป็นจุดสิ้นสุดของความไร้เดียงสาทางการเมือง และเป็นกุญแจสำคัญในการไขความเข้าใจเชิงวัตถุนิยมเกี่ยวกับการเมืองในศตวรรษที่ 21 ในซีกโลกใต้