ကိုဗစ်-၁၉ ကာလအတွင်းမှ ကိုလိုနီနယ်စည်းရိုးများ၏ သေမင်းနိုင်ငံရေး

by | Sep 16, 2021 | Articles บทความ, Burmese Language

မူရင်း – Niamh Ni Bhriain

ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်နေတုန်းမှာတောင် ကျွန်ုပ်တို့ဟာ စုပေါင်းလုပ်ဆောင်မှုနဲ့ နိုင်ငံတကာစည်းလုံးညီညွတ်မှုနဲ့ ကိုလိုနီနယ်နိမိတ်ဗဟိုပြုအုပ်ချုပ်ရေးကို အမြန်ဖျက်ဆီးရမယ်

ကိုဗစ်-၁၉ ကြောင့် နေတိုင်း ထောင်နဲ့ချီပြီး သေဆုံးနေကြပေမယ့် ဒီကပ်ရောဂါကြီးဟာ တခြားနည်းနဲ့လည်း လူသတ်နေပါသေးတယ်။ ကပ်ရောဂါကိုတုန့်ပြန်ဖို့အတွက် ကမ္ဘာအနှံ့ကအစိုးရတွေဟာ နိုင်ငံတကာခရီးသည်တွေ မလာအောင် နယ်စပ်တွေကို ပိတ်လိုက်ပြီး လူတွေရဲ့ လှုပ်ရှားသွားလာမှုကို ပြင်းထန်စွာ ကန့်သတ်လိုက်ကြတယ်။ တချို့အတွက်တော့ ဒါဟာ မကြုံစဖူးဖြစ်ပေမယ့် ကမ္ဘာ့လူထုတော်တော်များများအတွက်တော့ အရမ်း ဆင်းရဲလို့၊ ထိန်းသိမ်းရခက်လို့၊ မလိုလားလို့ ဆိုပြီး နယ်စပ်တွေ ခိုင်ခိုင်မာမာပိတ်ထားခံရတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။

ဒီနေ့ ကျွန်ုပ်တို့ အသေခံကာကွယ်၊ ဒါမှမဟုတ် အသေခံကျော်ဖြတ်ရတဲ့ နယ်စပ်တော်တော်များများဟာ မှောင်မိုက်တဲ့ ကိုလိုနီအတိတ်က အစပြုလာတာပါ။ ခေတ်သစ်နယ်စပ်တံတိုင်းတွေဟာ ကိုလိုနီစနစ်က ဖန်တီးခဲ့တာဖြစ်တယ်။ ဒါကြောင့် အဲဒီ့နယ်စပ်တံတိုင်းတွေဟာ သဘာဝအတိုင်းပေါ်လာတာမဟုတ်တဲ့အပြင် နိုင်ငံရေးအကျိုးအမြတ်တွေနဲ့ တိုက်ရိုက်ကို သက်ဆိုင်နေပါတယ်။ ဒီနယ်နိမိတ်တွေကို ထောက်ခံအားပေးတိုင်း ကျွန်ုပ်တို့ဟာ ဖိနှိပ်မှုတွေ၊ ကမ္ဘာတစ်လွှား လူမျိုး၊ အသားအရောင်နဲ့ လူတန်းစားအပေါ် မူတည်ပြီး ခွဲခြားထားတဲ့ နိုင်ငံရေးစနစ်တွေကို တစ်ပြိုင်တည်း ပံ့ပိုးနေတာ ဖြစ်တယ်။

အောက်ခြေကစတဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးနဲ့ နယ်ချဲ့စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ တခြားနေရာတွေမှာ အင်အားကြီးလာပြီး အရင်က ထိလို့တောင်မရတဲ့ နယ်ချဲ့သမားတွေရဲ့ရုပ်တုတွေနဲ့ တခြားပြယုဒ်တွေကို ဖြိုဖျက်နေကြပြီ။ အလားတူပဲ ရဲတပ်ဖွဲ့နဲ့ အကျဥ်းထောင်တွေကို ဖျက်သိမ်းဖို့ပြောတဲ့ တော်လှန်ရေးသမားတွေရဲ့တောင်းဆိုမှုတွေဟာလည်း လူမျိုးရေးခွဲခြားမှုစနစ်ကို ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကနေ ပျံ့လာပြီး ပင်မရေစီးကြောင်းမှာ နေရာရလာပြီ။ ဥပဒေကိုကာကွယ်ဖို့၊ ကျွန်ုပ်တို့ကို လုံခြုံအောင် လုပ်ဖို့ ဝေးစွ…ဒီအကြမ်းဖက်အင်အားတွေဟာ နယ်ချဲ့မှုနဲ့ နယ်ချဲ့ခံလူထုကိုကျွန်ပြုမှုက သက်ဆင်းလာပြီး စနစ်ရဲ့ မတရားမှုနဲ့ မညီမျှမှုတွေကို ကိုယ်စားပြုနေတယ်။

နိုင်ငံတစ်ခုချင်းစီရဲ့ တစ်နိုင်ငံစာဖြေရှင်းမှုတွေဟာ ကမ္ဘာ့ပြဿနာအတွက် မလုံလောက်ဘူးဆိုတာကို ဒီကပ်ရောဂါက ပြခဲ့တယ်။ နိုင်ငံတော်နယ်နိမိတ်တွေကို ကျော်လွန်တဲ့ နိုင်ငံတကာစည်းလုံးညီညွတ်မှုနဲ့ စုပေါင်းလှုပ်ရှားမှုတွေကို ကျွန်ုပ်တို့ လိုအပ်တယ်။ နယ်စည်းရိုးတွေကို ဖျက်သိမ်းဖို့ တောင်းဆိုခြင်းဟာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ ကြွေးကြော်သံ ဖြစ်လာရမယ်။ လက်ရှိနယ်နိမိတ်ဗဟိုပြုအုပ်ချုပ်မှုကို စိန်ခေါ်၊ နယ်စည်းရိုးတွေကို ကိုလိုနီဖန်တီးမှုတွေအနေနဲ့ အမြင်ပြောင်း၊ ဒါတွေကို ဖျက်သိမ်းဖို့နဲ့ နေရာကောင်းမှာ ကံကောင်းလို့ မွေးလာသူတွေအတွက်ပဲ မဟုတ်ပဲ လူတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရဖို့ တောင်းဆိုရမယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာ နယ်နိမိတ်ဆိုတဲ့ အယူအဆကို စိန်ခေါ်ပြီး ကိုလိုနီနယ်နိမိတ်ဗဟိုပြုအုပ်ချုပ်မှုကို အင်တိုက်အားတိုက် ဖျက်ဆီးရမယ့် အချိန်ရောက်လာပြီ။

နာမည်နောက်တစ်မျိုးတပ်ထားသော ကိုလိုနီစနစ်

ရာစုနှစ်ပေါင်းများစွာ ဥရောပလူဖြူခေါင်းဆောင်တွေဟာ ကမ္ဘာ့မြေပုံပေါ်မှာ မျဥ်းဖြောင့်တွေ ရေးဆွဲပြီး တစ်ယောက်တစ်နယ်စီ သိမ်းယူခဲ့ကြတယ်။ ဒီနယ်နိမိတ်တွေဟာ ဒေသခံ ပထဝီအနေအထား၊ ယဥ်ကျေးမှု၊ ဘာသာစကားဆက်နွယ်မှုတို့နဲ့ ဘာမှမဆိုင်ပါ။ အဲဒီမြေပေါ်မှာ နှစ်ထောင်ချီ နေလာတဲ့ လူတွေရဲ့ ဘဝကိုလည်း ထည့်သွင်းမစဉ်းစားခဲ့ဘူး။ တကယ်တော့လည်း အဲဒီလူတွေဟာ အရေးမကြီးဘူးလို့ သတ်မှတ်ခံရတဲ့ လူမည်းတွေ၊ လူညိုတွေ၊ ဌာနေတိုင်းရင်းသားတွေ ဖြစ်နေတာကိုး။

နောက်ဆုံးတော့ နယ်ချဲ့မြေတွေအပေါ်မှာရှိတဲ့ အာဏာကို အနည်းငယ်လျှော့လိုက်ရပေမယ့် ဥရောပနိုင်ငံတွေက ဖန်တီးထားတဲ့ နယ်နိမိတ်တွေဟာ အခုထိရှိနေသေးပြီး ဒီနယ်နိမိတ်တွေကိုလည်း အရင်ကိုလိုနီပါဝါတွေက ထိန်းချုပ်ထားတုန်းပါပဲ။ ကိုလိုနီပါဝါတွေဟာ နယ်စည်းရိုးတွေကို သူတို့နိုင်ငံနယ်နိမိတ်တွေရဲ့ ပြင်ပမှာ ထိရောက်စွာ တည်ဆောက်နိုင်ခဲ့တယ်။ ခြုံပြောရရင် နိုင်ငံပြင်ပနယ်စည်းရိုးတည်ဆောက်မှုဟာ ကိုလိုနီစနစ်ကို နာမည်ပြောင်းတပ်လိုက်တာပါပဲ။

နိုင်ငံပြင်ပနယ်စည်းရိုးတည်ဆောက်မှုဟာ အိုးမဲ့အိမ်မဲ့ဖြစ်အောင် အတင်းအကြပ် အလုပ်ခံရတဲ့လူတွေကို ကမ္ဘာမြောက်ဘက်နိုင်ငံတွေဆီ သွားရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်မလျှောက်နိုင်အောင် တားဆီးဖို့ ရည်ရွယ်တယ်။ ဒီပေါ်လစီနဲ့ ရွှေ့ပြောင်းသွားလာသူတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတယ်။ များသောအားဖြင့် သူတို့ဟာ မလုံခြုံတဲ့ တတိယနိုင်ငံတွေမှာ အချုပ်ခံရပြီး နိုင်ငံတကာကာကွယ်မှုမရပဲ မကြာခဏ ညှင်းပန်းနှိပ်စက်ခံရတယ်။ သူတို့အတွက် လုံခြုံတဲ့အနေအထားကို ဖန်တီးမပေးနိုင်သလို အိမ်လည်း မပြန်နိုင်ပဲ ဟိုမရောက်ဒီမရောက် အခြေအနေမှာ ညပ်နေတယ်။

တကယ်လို့ ဗြိတိသျှ (သို့) အမေရိကန် နယ်စပ်ကို ရောက်တဲ့အခါမှာ ဝင်ခွင့်ရမရကို ဆီနီဂေါ (သို့) ဂွာတီမာလာ နိုင်ငံက ဝန်ထမ်းတွေက ဆုံးဖြတ်ပေးတယ်လို့ မြင်ယောင်ကြည့်။ တော်တော်များများက ဒါကို နားမလည်နိုင်စရာ၊ လှောင်စရာလို့ ယူဆကြမှာပဲ။ လက်တွေ့မှာက ဒီလိုမျိုး ပြောင်းပြန် ဖြစ်နေတယ်။ အနောက်အင်အားစုတွေဟာ ကမ္ဘာ့တောင်ဘက်အစိုးရတွေရဲ့ နိုင်ငံတော်နယ်စပ်ထိန်းချုပ်ရေးပေါ်လစီတွေကို တိုက်ရိုက်လွှမ်းမိုးနေပြီး သူတို့နယ်စပ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးနေတယ်။ ကမ္ဘာ့ နယ်စည်းရိုးနိုင်ငံရေးနဲ့ နယ်ချဲ့အင်အားဆက်နွယ်မှုတို့ကို မဖြေရှင်းမချင်း ကိုလိုနီစနစ်က သက်ရှိထင်ရှားရှိပြီး ဒေါင်ဒေါင်မြည် နေဦးမှာပဲ။

၁၉၉၂ ခုနှစ်က စလိုက်တာ ၂၀၀၅ ခုနှစ်မှာ ပိုကြမ်းကြမ်းတမ်းတမ်း လုပ်တဲ့အချိန်က စပြီး အီးယူနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ တောင်ဘက်ဆို ဆီနီဂေါ၊ အရှေ့ဘက်ဆို အဇာဘိုင်ဂျမ်အထိ ဥရောပနယ်စည်းရိုးထိန်းချုပ်မှုကို ပြင်ပသို့ ပို့တဲ့  ပေါ်လစီတွေ ကျင့်သုံးနေကြတယ်။ နှစ်နိင်ငံသဘောတူညီမှုစာချုပ်တွေ၊ နိုင်ငံတကာသဘောတူညီမှုစာချုပ်တွေအောက်မှာ ဥရောပနိုင်ငံပေါင်းစုံကို ကိုယ်စားပြုတဲ့ လုံခြုံရေးအဖွဲ့တွေ၊ Europe’s Borders၊ Coast Guard Agency နဲ့ Frontex လို့ အဖွဲ့အစည်းတွေဟာ တတိယနိုင်ငံတွေကို သွားပြီး ကင်းလှည့်ကြတယ်၊ ဟိုက နယ်စောင့်တပ်ဖွဲ့တွေကိုလည်း သင်တန်းပေးကြတယ်။ ဒီလိုမျိုး နိုင်ငံပြင်ပနယ်စည်းရိုးလုံခြုံရေးကို မြှင့်တင်ခြင်းနဲ့ ဥရောပတဝိုက်မှာ ခံတပ်ကြီးဆောက်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ အာဏာရှင်အစိုးရတွေကို တင်မြှောက်လိုက်ပြီး ဒီမိုကရေစီကို ဖျက်ဆီး၊ မငြိမ်မသက်ဖြစ်အောင်လုပ်၊ လူအများအပြားကို အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ရွှေ့ပြောင်းရအောင် လုပ်ဆောင်ခဲ့ကြတယ်။

ဒီလိုပဲ အမေရိကန်ပြည်ထောင်စုဟာလည်း ဂွာတီမာလာနဲ့ မက်ဆီကိုကြား တောင်ပိုင်းနယ်စပ်မှာ နယ်စည်းရိုး ချလိုက်တယ်။ ၂၀၁၄ ခုနှစ်ကစပြီး မက်ဆီကိုတောင်နယ်စပ်စီမံကိန်းအရ အမေရိကန်အစိုးရဟာ မက်ဆီကို လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တရားဝင် သင်တန်းတွေပေး၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ခဲ့တယ်။ မှန်းထားတဲ့အတိုင်းပဲ မက်ဆီကိုရဲ့ တောင်နယ်စပ်ထိန်းချုပ်ရေးကို ပံ့ပိုးထားပေမယ့် ဟွန်ဒူရာစ်၊ အဲလ်ဆယ်ဗယ်ဒေါလ်နဲ့ ဂွာတီမာလာတို့လို နိုင်ငံတွေက လူတွေထွက်ပြေးရွှေ့ပြောင်းလာရတဲ့ အကြောင်းအရင်းဇာစ်မြစ်ကို မဖြေရှင်းတဲ့အတွက် နယ်စပ်ဖြတ်ကူးလာမှုကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ရွှေ့ပြောင်းသူတွေဟာ မှောင်ခိုသမားတွေကို အားကိုးပြီး အန္တရာယ်များတဲ့ လမ်းကြောင်းတွေကနေ ဖြတ်ကျော်ဖို့ ဖိအားပေးခံရ၊ ဒါမှမဟုတ်ရင် မြောက်ဘက်ကိုလဲ ဆက်မသွားနိုင်၊ အိမ်လည်းမပြန်နိုင်နဲ့ နယ်စပ်ရဲ့ တောင်ဘက်မှာ ဟိုမရောက်ဒီမရောက် ဖြစ်သွားတာပဲ ရှိတယ်။

ဇူလိုင် ၂၀၁၃ မှာ ဩစတေးလျနိုင်ငံဟာ ပင်လယ်ကလာရောက်သူတွေကို ဖမ်းဆီးပြီး ဩစတေးလျပြင်ပက နောင်အူးရူကျွန်းနဲ့ မာနက်စ်ကျွန်းတို့ရဲ့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစင်တာတွေမှာ အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းထားမယ်လို့ ကြေညာလိုက်တယ်။ ဒီနည်းလမ်းဟာ အမေရိကန်ဒေါ်လာ ၅.၄ ဘီလျံကျော် ကုန်ထားပြီ ဖြစ်ပြီး အဲဒီကျွန်းတွေမှာ လူ ၃၀၀၀ ကျော် ထိန်းသိမ်းခံနေရတယ်။ ဒီလူတွေဟာ ဒုက္ခသည်ဖြစ်ကြောင်းသတ်မှတ်ချက် ပြည့်စုံရင်တောင်မှ ပင်လယ်ကလာတဲ့အတွက် အစိုးရက ဒုက္ခသည်အနေနဲ့ မသတ်မှတ်ဘူး။ ဒီလိုနဲ့ စောင့်ရင်းစောင့်ရင်း ညှင်းပန်းနှိပ်စက်မှုတွေခံရလွန်းလို့ (စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုလည်းပါတယ်) တချို့ကလည်း ဟိုမရောက်ဒီမရောက်ဘဝက လွတ်အောင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်။

နိုင်ငံပြင်ပနယ်စည်းရိုးတည်ဆောက်မှုနဲ့ အတင်းအကြပ်နယ်နှင်မှုဟာ လုပ်ရိုးလုပ်စဉ် ဖြစ်လာတာနဲ့အမျှ နယ်စပ်လုံခြုံရေးစီးပွားလုပ်ငန်းဟာလည်း ဖွံ့ဖြိုးလာတယ်။ ပုဂ္ဂလိကကော်ပိုရိတ်သမားတွေဟာ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခဘေးကြီးကနေ အမြတ်များများရနိုင်တဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ညှစ်ထုတ်နေကြတယ်။ အာဏာလမ်းကြောင်းအပေါ်က ဩဇာရှိမူဝါဒချမှတ်သူတွေကို လွှမ်းမိုးနိုင်တဲ့အတွက် နယ်စည်းရိုးနိုင်ငံရေးဦးတည်ချက်တွေကို ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေက တဖြည်းဖြည်းနဲ့ ချမှတ်လာကြတာကို တွေ့လာရတယ်။ ၂၀၁၈ ခုနှစ်မှာ နယ်စပ်လုံခြုံရေးဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလျံကျော်တန်ဖိုးရှိပြီး လာမယ့်နှစ်တွေမှာ အနည်းဆုံး ၈ ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်။ ဒီခန့်မှန်းချက်ကို ကိုဗစ်-၁၉ မတိုင်ခင်က ပြုလုပ်ခဲ့တာဖြစ်ပြီး အခုတော့ ပိုလို့တောင် များနိုင်သေးတယ်။

ဒီနယ်စည်းရိုးနယ်ချဲ့မှုပဟေဠိကို အဖြေရှာရာမှာ ပုဂ္ဂလိကလုံခြုံရေးကုမ္မဏီတွေရဲ့ အရေးပါလွှမ်းမိုးမှုကို မေ့ထားလို့ မရဘူး။ နယ်စပ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်လိုက်တဲ့အခါမှာ နိုင်ငံ့တာဝန်တွေကို နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်မှာမရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေဆီ လွှဲပြောင်းလိုက်ပါတယ်။ ဒီလိုအဖွဲ့အစည်းတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံရတာ မရှိသလောက် ရှားပါတယ်။

နောက်ဆုံးတော့ ရိုးရိုးရှင်းရှင်းပြောရရင် ပုဂ္ဂလိကကုမ္ပဏီတွေဟာ အမြတ်နောက်ပဲလိုက်တာ ဖြစ်တဲ့အတွက် အမြတ်များများရအောင် ဘာမဆိုလုပ်မှာပဲ။ သူတို့ဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့ နည်းတွေကျင့်သုံးပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေလို ပြည်သူအပေါ်မှာ တာဝန်ခံမှုရှိမှာ မဟုတ်ဘူး။ မကြာခဏဆိုသလိုပဲ နယ်စပ်ထိန်းချုပ်ရေးအားမြှင့်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ တစ်ချိန်တည်းမှာ နယ်စပ်လုံခြုံရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေရဲ့ အဓိက အစုရှယ်ယာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်နေခြင်းဟာ ကိုယ်ကျိုးစီးပွား ဖြစ်နေတာပဲ။

နောက်ဆုံးတော့ ဒီအခြေအနေကို ရောက်လာတယ်။ နယ်စပ်ထိန်းချုပ်ရေးကို မြှင့်တင်ဖို့ နိုင်ငံရေးဆုံးဖြတ်ချက်ချသူတွေ၊ ဒီလိုလူတွေကို လွှမ်းမိုးသူတွေဟာ ဒီနည်းနဲ့ ကျိကျိတက်ချမ်းသာနေကြတယ်။ သူတို့ဟာ နိုင်ငံခြားကလာသူတွေဟာ တရားမဝင်ဘူး၊ အန္တရာယ်များတယ်၊ ကျွန်ုပ်တို့ရဲ့ ယဥ်ကျေးမှုကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အမြင်တွေကို ဖန်တီး၊ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ ဆင်ခြေကိုသုံးပြီး နယ်စပ်လုံခြုံရေးလုပ်ငန်းတွေ မြှင့်တင်ဖို့အတွက် နရေးတစ်တစ်ခု ထွင်ထားကြတယ်။

နယ်စည်းရိုးတွေက နေရာတိုင်းမှာ

နယ်နိမိတ်တွေဟာ ပထဝီမျက်နှာပြင်ကို ကောက်ကြောင်းဆွဲပြီး တရားစီရင်ပိုင်ခွင့်နယ်မြေကို ခွဲခြားသတ်မှတ်တဲ့ မျဥ်းတွေထက် ပိုပါတယ်။ ဒီနယ်နိမိတ်တွေဟာ လူ့အဖွဲ့အစည်းကို စီမံစောင့်ကြည့်တဲ့ နည်းတစ်ခု…ကိုလိုနီအုပ်ချုပ်မှုက စလိုက်တာ ဒီနေ့အထိဆက်ရှိနေတဲ့ ကျွန်ုပ်တို့နေစဥ်ဘဝရဲ့ လူမျိုး၊ အသားအရောင်၊ လူတန်းစား ခွဲခြားမှုတွေကို အားဖြည့်ပေးမှု ဖြစ်တယ်။

အသားအရောင်စုံညီသူတွေ (လူဖြူမဟုတ်သူတွေ)၊ ဆင်းရဲနွမ်းပါးသူတွေ၊ ရွှေ့ပြောင်းသူတွေ၊ အထောက်ထားမဲ့ရွှေ့ပြောင်းနေထိုင်သူတွေကို ချုပ်နှောင်တဲ့ နံရံတွေ မြင့်တက်လာပြီး သူတို့ကို ကြောက်ရွံ့မှုနဲ့ မလုံခြုံမှုအောက်မှာ ထာဝရလှောင်ပိတ်ထားလိုက်တယ်။ အုပ်ချုပ်ရေး၊ ဥပဒေ၊ ငွေရေးကြေးရေး အတားအဆီးတွေက ကျန်းမာရေး၊ နေထိုင်ရေး၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးတွေ ရရှိရာမှာ အဟန့်အတားဖြစ်နေတယ်။ ကမ္ဘာ့နယ်ချဲ့နယ်နိမိတ်ဗဟိုပြုအစိုးရမှုရဲ့ အစိတ်အပိုင်းအဖြစ် စလိုက်တဲ့  ချုပ်ချယ်တဲ့စည်းမျဥ်းစည်းကမ်းတွေဟာ ကျွန်ုပ်တို့ ရပ်ရွာအသိုင်းအဝိုင်းက လူမှုလုပ်ငန်းဝန်ဆောင်မှုပေးသူတွေဆီ ရောက်ရှိလာပြီး သူတို့ဟာ အခြေခံလူမှုဝန်ဆောင်မှုတွေကို ကျွန်ုပ်တို့ရမရ ထိန်းချုပ်တဲ့ တံခါးစောင့်တွေ ဖြစ်သွားတယ်။

ဆရာဝန်ဆီက ရက်ချိန်းယူဖို့၊ ကျောင်းလျှောက်ဖို့၊ အမြဲနေရပ်လိပ်စာတစ်ခု ရဖို့နဲ့ အလုပ်ရှာဖို့အတွက် ကျွန်ုပ်တို့ဟာ ဒီမှာနေထိုင်ကြောင်းသက်သေပြရင်ပြ၊ ဒါမှမဟုတ်ရင် စီးပွားရေးအရ တန်ဖိုးရှိကြောင်း ပြနိုင်ရတယ်။ မပြနိုင်သူတွေဟာ အမှောင်ရိပ်ထဲမှာ နေထိုင်ကြရတယ်။ မကြာခဏဆိုသလိုပဲ အထောက်အထားမဲ့နေထိုင်သူတွေဟာ ဆေးရုံသွားရင် နယ်နှင်ခံရမှာ ဖြစ်တဲ့အတွက် ရောဂါဒဏ်ကို ကြိတ်ခံကြရတယ်။ ဒီလိုပဲ စနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ် ခံနေရသူတွေဟာ ဆေးကုသမှုလိုအပ်လာရင် ဘဝတစ်လျှောက်လုံး ဆပ်မကုန်တဲ့ အကြွေးတွေတင်ကြလိမ့်မယ်။

အလုပ်သမားလူတန်းစားဟာ လူ့အဖွဲ့အစည်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ အလုပ်တွေ လုပ်ဆောင်ပေမယ့် ကပ်ရောဂါကြီးက ရှင်းရှင်းလင်းလင်း ပြလိုက်သလိုပဲ သူတို့ဟာ ရသင့်သလောက် လစာမရပဲ ခေါင်းပုံဖြတ်ခံနေရတယ်။ တိုင်းလို့မရနိုင်တဲ့ သူတို့ရဲ့ ပေးဆပ်မှုတွေဟာ အရင်းရှင်စနစ်ရဲ့ အသိမှတ်မပြုမှုကြောင့် မမြင်နိုင်ကိုယ်ပျောက်ဖြစ်နေရတယ်။ အလုပ်ရပ်လိုက်တော့မှ သူတို့ရဲ့ မရှိခြင်းကို အကြောင်းပြုပြီး သူတို့ကို မြင်လာရတယ်။

နယ်နိမိတ်ဗဟိုပြုအုပ်ချုပ်မှုရဲ့ပစ်မှတ်ထားခံရသူတွေက တစ်ယောက်ကိုတစ်ယောက် ဖေးမစောင့်ရှောက်ရင်း ဒီစနစ်ကို အတူတကွတွန်းလှန်ကြပါတယ်။ အထောက်အထားမဲ့နေထိုင်သူအလုပ်သမားတွေဟာ အချင်းချင်းပံ့ပိုးပြီး အလုပ်တွေရှာကြတယ်၊ ချက်လက်မှတ်တွေ ထုတ်ကြတယ်၊ စာရွက်စာတမ်းတွေကို လိမ်လည်ရေးသားကြတယ်၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ သူတို့ကို စာနာပြီး ကူညီပေးမယ့်၊ အုပ်ချုပ်သူတွေဆီ မတိုင်မယ့် ပညာရှင်တွေကို ညွှန်ကြတယ်။ ကိုယ့်ဖြစ်တည်မှုကို အသိအမှတ်မပြုတဲ့နိုင်ငံထဲမှာ သိက္ခာရှိရှိနေဖို့ဆိုရင် ဒီလိုသွေးစည်းညီညွတ်မှရမှာကြောင့်ပါပဲ။ နယ်စည်းရိုးထိန်းချုပ်မှုက ကျွန်ုပ်တို့ဘဝရဲ့ နေရာတိုင်းကို ကျူးကျော်လာတဲ့အခါ ဒီကမ္ဘာလေးတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာပြီ။

ဒီဂျစ်တယ် နယ်စည်းရိုးများ

ကျွန်ုပ်တို့ ကမ္ဘာကို ဒစ်ဂျစ်တယ်အဖြစ် ပြောင်းလဲလာတာနဲ့အမျှ နယ်စည်းရိုးတွေကလည်း ဒစ်ဂျစ်တယ် ဖြစ်လာတယ်။ ပင်မရေစီးကြောင်းမှာ နယ်စပ်တံတိုင်းတွေခြံစည်းရိုးတွေဆောက်တဲ့အကြောင်းကိုပဲ ဦးစားပေးပြောပေမယ့် တကယ်တော့ အတုအယောင်တံတိုင်းတွေဖြစ်တဲ့ ဒရုန်းတွေ၊ အာရုံခံကိရိယာတွေ၊ တခြား ဘိုအိုမက်ထရစ်ခေါ်ဇီဝဗေဒစစ်ဆေးချက်တွေ၊ စောင့်ကြည်ရေးနည်းပညာတွေက ရှိနေပြီဖြစ်ပြီး အလှမ်းဝေးတဲ့ နယ်စည်းရိုးတွေကိုတောင်မှ ဖြတ်လို့မရအောင် လုပ်ထားတယ်။

ဇွန်လမှာ အီးယူက အပြန်အလှန်ချိတ်ဆက်လည်ပတ်တဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ကို ၂၀၂၂ ခုနှစ်မှာ စသုံးဖို့ စာချုပ်ချုပ်လိုက်တယ်။ ဒီစနစ်ဟာ အငယ်ဆုံး ခြောက်နှစ်ကလေးအရွယ်ကစပြီး ရှန်ဂန်ဒေသကို ဝင်လာတဲ့ တတိယနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်အများအပြားကို ကောက်ယူနိုင်တယ်။ ဒီအချက်အလက်ဒေတာဘေ့စ်ကို ဥရောပတစ်ခွင်က ရာနဲ့ချီတဲ့ အုပ်ချုပ်သူတွေ၊ ထောင်နဲ့ချီတဲ့ အရာရှိတွေက ရယူနိုင်ပြီး ၂၀၂၂ အမှီ လူသန်း ၄၀၀ ရဲ့ လက်ဗွေရာတွေ၊ မျက်နှာပုံတွေ သိုလှောင်ထားနိုင်တယ်။ ဒီလိုမျိုး ဥရောပသားမဟုတ်သူတွေကို အစုလိုက်အပြုံလိုက်စောင့်ကြည့်ခြင်းဟာ တတိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေခြင်းဖြစ်ပြီး သူတို့ကို ချက်ချင်း  မသင်္ကာမှုနဲ့ မြင်ကာ အန္တရာယ်များတယ်လို့ သတ်မှတ်လိုက်ခြင်းဖြစ်တယ်။

ကိုဗစ်-၁၉က ငွေသားမသုံးတော့တဲ့ လူ့အဖွဲ့အစည်းဆီရောက်အောင် တွန်းပို့နေပါပြီ။ ကျွန်ုပ်တို့ဟာ ကဒ်နဲ့ ပိုက်ဆံရှင်းဖို့ တိုက်တွန်းခံနေရပြီး တစ်ခါတလေ ကဒ်နဲ့ပဲ ပိုက်ဆံရှင်းလို့ရတယ်။ အထောက်အထားမဲ့နေထိုင်သူတွေဟာ ကဒ်မရှိတဲ့ လူ့အဖွဲ့အစည်းမှာ မနေထိုင်နိုင်ပါ။ ဒီအစီအမံတွေဟာ သူတို့ကို လူ့အဖွဲ့အစည်းကနေ တွန်းထုတ်ပြီး လူမှုဘဝမှာ သူတို့နဲ့ အပြန်အလှန်ဆက်သွယ်ဖို့ မဖြစ်နိုင်လောက်အောင် လုပ်နေတယ်။

ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ဒစ်ဂျစ်တယ်နည်းနဲ့ ထိန်းချုပ်ကာကွယ်ဖို့ အကြီးစားကြိုးပမ်းမှုတွေကို လုပ်ဆောင်နေကြတယ်။ ခြေရာကောက်တဲ့အက်ပလီကေးရှင်းတွေကို ထုတ်ထားကြပြီး ကျွန်ုပ်တို့ကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတွေ ဒေါင်းလုပ်ဆွဲသုံးနေကြတယ်။ ဒါဟာ အလွန်အမင်း ဒေတာကောက်ခံမှုပဲ။ သန်းပေါင်းများစွာသော လူတွေဟာ လိုချင်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ မလုပ်မနေရအခြေအနေကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာကောက်တာ ခံရတော့မယ်။ ဒီဒေတာအချက်အလက်တွေကို ဘယ်လို သုံးမလဲ၊ သိုလှောင်မလဲ၊ ဖျက်ဆီးမလဲ…ဘယ်သူတွေက ဘာအတွက်သုံးမှာလဲ ဆိုတာလည်း မသိရဘူး။ သမိုင်းကပြခဲ့တာကတော့ စောင့်ကြည့်မှုဟာ ဝိုင်းရံတိုက်ခိုက်ခံရတဲ့ လူထုကို ငြိမ်သက်အောင်လုပ်ဖို့နဲ့ ဖြစ်လာမယ့် ဆန္ဒပြမှုတွေကို တားဆီးထိန်းချုပ်ဖို့အတွက် အရေးပါတယ်။

ဒစ်ဂျစ်တယ်နယ်စည်းရိုးစောင့်ကြည်မှုဟာ ရှိပြီးသား၊ ဒီကျန်းမာရေးပြဿနာ မဖြစ်ခင်ထဲက ကြံစည်ပြီးသား ဖြစ်ပေမယ့် အခုအချိန်မှာ ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ဖို့ လိုအပ်ချက်နဲ့ နယ်စည်းရိုးနိုင်ငံရေးအတွက် အသုံးဝင်မှု နှစ်ခုကြား အန္တရာယ်များလောက်အောင် စည်းတွေ မကွဲပြားဖြစ်နေတယ်။ ကျန်းမာရေးနဲ့ နယ်စပ်လုံခြုံရေးစောင့်ကြည့်ရေး နှစ်ခုရှုပ်ထွေးလာခြင်းဟာ ကျွန်ုပ်တို့ကို မရေရာတဲ့လမ်းကြောင်းဆီရောက်အောင် ပို့နေပြီး ကျန်းမာရေးကို ပိုစိစစ်ပြီး လုံခြုံအောင် လုပ်လာတာနဲ့အမျှ ဒီအရာဟာ ပိုရှုပ်လာတော့မယ်။

နယ်စည်းရိုးနိုင်ငံရေးနဲ့ ကိုဗစ်-၁၉

ကိုဗစ်-၁၉ ဖြစ်လာတဲ့အခါ အစိုးရတွေက နယ်စပ်လုံခြုံမှုကို ဆထက်ပိုတိုးပြီး ဗိုင်းရပ်စ်ကို အကြောင်းပြကာ မရှက်မရွံ့ အာဏာရှင်ဆန်တဲ့ အစီအမံတွေနဲ့ နယ်စည်းရိုးနိုင်ငံရေးကို အရင်ထက် ပိုအန္တရာယ်များအောင် လုပ်ခဲ့ကြတယ်။

ခိုလှုံခွင့်ကို ဥပဒေအရ အာမခံဖို့ တာဝန်ရှိပေမယ့်လည်း ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ နိုင်ငံတကာစောင့်ရှောက်မှုပေးရမယ့် သူတို့ဥပဒေတာဝန်တွေကို ဆန့်ကျင်ပြီး ဥရောပကမ်းခြေကို ရောက်မယ့် လူတွေကို တွန်းထုတ်တာ၊ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေကို သူတို့ရဲ့ ရပိုင်ခွင့်အရ ခိုလှုံခွင့်မလျှောက်ခင် နယ်နှင်တာတွေ လုပ်ခဲ့ကြတယ်။ ဒါဟာ အခြေခံမူဖြစ်တဲ့ ရွှေ့ပြောင်းသူဒုက္ခသည်တွေအတွက် အန္တရာယ်ရှိရင် မူရင်းနိုင်ငံကို ပြန်မပို့ရဆိုတဲ့ အချက်ကို ချိုးဖောက်တာဖြစ်ပြီး ထုံးစံအရ လက်ခံလိုက်ရင် ဥပဒေတာဝန်ရှိသွားတဲ့ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာရေကြောင်းဥပဒေတို့ကို ပြင်းထန်စွာ ဖောက်ဖျက်တာပဲ ဖြစ်တယ်။

ဥရောပမှာ အီတလီနဲ့ မော်လ်တာတို့ဟာ ဆိပ်ကမ်းတွေကို ပိတ်လိုက်ပြီး သိရက်နဲ့ လှေတွေကို မျောနေစေပြီး ပင်လယ်မှာ လူသေစေတယ်။ ဖြစ်ရပ်တစ်ခုမှာဆို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံက ပြေးလာတဲ့ လူ ၆၃ ယောက်ကို သယ်လာတဲ့ ရာဘာလှေဟာ တစ်ပတ်အကြာ မျောနေတယ်။ ၁၂ ယောက်ဟာ ရေဓာတ်ခမ်းခြောက်မှုနဲ့ ရေနစ်မှုတို့ကြောင့် သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကတော့ လစ်ဗျားဆီ အတင်းအကြပ် ပြန်အပို့ခံရပြီး ထရီပိုလီက ညှင်းပန်းနှိပ်စက်တယ်လို့ နာမည်ကြီးလှတဲ့ ထိန်းသိမ်းရေးစခန်းမှာ အထားခံရတယ်။ လှေရဲ့ ဒုက္ခအခြေအနေအကြောင်းကို ဥရောပက နိုင်ငံတော်ကမ်းခြေစောင့်တပ်ဖွဲ့တော်တော်များများနဲ့ Frontex ကို အကြောင်းကြားခဲ့ပေမယ့် ဘယ်သူမှ သွားမကယ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်များအတွင်းမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြစ်မှုအဖြစ် သတ်မှတ်လာတာကြောင့် အန်ဂျီအိုတွေရဲ့ တုံ့ပြန်နိုင်စွမ်းရည်ဟာ အရမ်းလျော့ကျလာတယ်။ ကိုဗစ်-၁၉ ကြောင့် ဆိပ်ကမ်းတွေ ပိတ်လိုက်တဲ့အတွက် အခြေအနေက ပိုဆိုးလာပြီး အန်ဂျီအိုတွေဟာ သင်္ဘောတွေကို ဆိပ်ကမ်းမှာပဲ ကျောက်ချထားရတယ်။ ဒါပေမယ့် ရှင်းအောင်တော့ ပြောရမယ် – ပင်လယ်မှာ ရှာဖွေကယ်တင်ရေးလုပ်ရမယ့် တာဝန်ဟာ အရပ်ဘက်အဖွဲ့အစည်းနဲ့ မဆိုင်ဘူး။ နိုင်ငံတော်တွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံတွေက ဘာမှမလုပ်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်ကယ်နေရတာဖြစ်တယ်။

ခိုလှုံခွင့်တောင်းသူတွေကို ဘယ်လိုမှ အဝင်မခံဖို့ ဥရောပခေါင်းဆောင်တွေရဲ့ ရှေရှည်စုပေါင်းလုပ်ဆောင်မှုတွေကြောင့် ခိုလှုံခွင့်တောင်းသူတွေဟာ များသောအားဖြင့် အသက်နဲ့ ပေးဆပ်ရတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အနည်းဆုံး တစ်နေ့ခြောက်ယောက်လောက် မြေထဲပင်လယ်ကို ကူးဖို့ကြိုးစားရင်း သေဆုံးကြတယ်။ လက်တွေ့မှာတော့ ဒီထက်သေဆုံးမှု ပိုများနိုင်ပါတယ်။

ဂျော့ဖလွိုက်လည်ပင်းကို အသက်မရှူနိုင်တော့တဲ့အထိ ဒူးနဲ့ဖိခဲ့တဲ့ ဒဲရက်ချော်ဗင်လိုပဲ ဥရောပခေါင်းဆောင်တွေကလည်း သူတို့ရဲ့ နယ်စပ်ထိန်းချုပ်ရေးပေါ်လစီတွေနဲ့ နှစ်စဥ် ထောင်နဲ့ချီတဲ့ လူတွေရဲ့ အသက်ရှူလမ်းကြောင်းကို စနစ်တကျ ဖြတ်တောက်ထားတယ်…ကွာတာက သူတို့ဟာ တိုက်ရိုက် လက်အပေမခံတာပဲ ရှိတယ်။ ပြီးတော့ ဂျော့ဖလွိုက်လိုပဲ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေကို ဝန်းရံထားတဲ့ ပင်လယ်ပြင်အောက်ကို နစ်မြုပ်သွားတဲ့ သက်မဲ့ရုပ်အလောင်းတွေဟာ ချမ်းသာသူတွေအာဏာရှိသူတွေအတွက်တော့ တန်ဖိုးမဲ့တဲ့ လူမည်းအသက်တွေပါ။ မြေထဲပင်လယ်ဟာ ဥရောပခေါင်းဆောင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ သောင်းနဲ့ချီတဲ့ နာမည်မဲ့ဝိညာဥ်တွေ နားခိုရာ ပင်လယ်သုဿာန်ကြီးပါပဲ။ 

အမေရိကန်ပြည်ထောင်စုမှာ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနဟာ မထင်ရှားတဲ့ ကွာရန်တင်းဥပဒေတစ်ခုကို ညွှန်းပြီး နိုင်ငံသားမဟုတ်သူတွေကို ဝင်ခွင့်မပေးဖို့နဲ့ အထောက်အထားမရှိပဲ ရောက်ရှိသူလာတွေကို ချက်ချင်းနယ်နှင်ဖို့ ကြေညာချက်ထုတ်လိုက်တယ်။ ဇူလိုင် ၁ ရက်နေ့ ရောက်တဲ့အခါ လူပေါင်း ၇၀, ၀၀၀ ဟာ ခိုလှုံခွင့်တောင်းခွင့်မရှိ၊ နယ်နှင်အမိန့်ကို ပြန်တုံ့ပြန်ခွင့်မရှိပဲ ဆိုက်ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ နယ်နှင်ခံရခဲ့ပြီးပြီ။ ဒီပြည်သူ့ကျန်းမာရေးဥပဒေဟာ အရင်လူဝင်မှုကြီးကြပ်ရေးဥပဒေအရတောင် မဖြစ်နိုင်လောက်တဲ့ အတိုင်းအတာနဲ့ လူအများအပြားကို နယ်နှင်ခဲ့တယ်။

နယ်စည်းရိုးတွေကို Decolonize* လုပ်

လူသမိုင်းဟာ ရွှေ့ပြောင်းသွားလာမှုသမိုင်းပါပဲ။ အရင်တန်းကလည်း ဒီလိုပဲဖြစ်ခဲ့တယ်၊ အမြဲတမ်း ဒီလိုပဲ ဖြစ်နေမှာပဲ။ ဘာမှကြံရာမရတော့လို့ပဲဖြစ်ဖြစ်၊ မျှော်လင့်ချက်နဲ့ စိတ်ပျက်မှု သံသရာလည်ပြီးတော့ပဲဖြစ်ဖြစ်၊ ရှင်သန်လိုတဲ့ လူ့ဗီဇကြောင့်ပဲဖြစ်ဖြစ် လူတွေဟာ စစ်ဒဏ်ခံရတဲ့နိုင်ငံတွေဆီကပြေး၊ သဘာဝဘေးကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးစီးပွားရေး အကြမ်းဖက်ပျက်ဆီးမှုကိုရှောင် အမြဲရွှေပြောင်းနေမှာပဲ။ သူတို့ကို လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်နဲ့ ခိုလှုံခွင့်ပေးမယ့်အစား ပြင်ပနယ်စည်းရိုးတည်ဆောက်မှုနဲ့ နယ်စပ်လုံခြုံရေးလုပ်ငန်းတွေဟာ သူတို့ကို မလုံခြုံအောင် လုပ်နေပြီး ရှေ့လည်းဆက်မသွားနိုင်၊ အိမ်လည်းမပြန်နိုင်အောင် ဖြစ်စေတယ်။ ဒန်တေရဲ့ငရဲပြည်စာအုပ်မှာရေးသားထားသလိုပဲ သူတို့ဟာ ငရဲပြည်ရဲ့ အစွန်ဆုံးမှာရှိတဲ့ သောင်မတင်ရေမကျအခြေအနေကို အနှင်ခံထားရတယ်။

ဇွန်လမှာ အကြမ်းဖက်ဝါဒ မြင့်တက်လာတာကို အကြောင်းပြပြီး သမ္မတအီမန်နျူရယ်မက်ခရွန်က ဆာဟယ်လ်ဒေသကို ဥရောပလိုဖြစ်အောင်လုပ်ဖို့ လိုလာပြီလို့ ကြေညာခဲ့တယ်။ အာဏာရှိသူက အာဏာမဲ့သူကို တိုင်းတာလို့မရတဲ့  ကြောက်မက်ဖွယ်ဒဏ်ရာတွေ ပေးဖို့သာ အကျိုးပြုတဲ့ တိုင်းတပါးကို စိုးမိုးခြယ်လှယ်မှုနဲ့ နယ်စည်းရိုးများ အတင်းအကြပ် တည်ဆောက်မှုတွေ လုပ်ဖို့အတွက်တော့ နယ်ချဲ့အင်အားစုတွေက အကြောင်းပြချက်တွေ အမြဲရှာတွေ့နေမှာပဲ။

ဒီကိုလိုနိုင်ဇေးရှင်း (decolonization) အကြောင်း ပွင့်ပွင့်လင်းလင်း မဆွေးနွေးမချင်း ဒါတွေက ဆက်ဖြစ်နေမှာပဲ။ ဒီဆွေးနွေးမှုဟာ နယ်စည်းရိုးတွေကို သူ့အတိုင်းသီးသန့်မမြင်သင့် (သို့) ရွှေ့ပြောင်းသူတွေကို သူ့ဘာသာရွှေ့ပြောင်းနေတယ်လို့ မမြင်သင့်ဘူး။ ကမ္ဘာ့လူထုတော်တော်များများကို သိက္ခာရှိတဲ့ဘဝနဲ့ မနေနိုင်ပဲ ပြောင်းရွှေ့ဖို့ ဖိအားတွေ ရင်ဆိုင်ရအောင် လုပ်တဲ့ နယ်ချဲ့နိုင်ငံခြားရေးမူဝါဒ၊ အရင်းရှင်စနစ်တွန်းအားပေးစီပွားရေးသဘောတူညီချက်များနဲ့ ကမ္ဘာ့စီးပွားရေးဈေးကွက်၊ ဖိုကြီးစိုးမှုအာဏာဆက်နွယ်မှု…ဒါတွေအားလုံးရဲ့ အခြေခံသဘောအရကို မှားယွင်းနေတာတွေ အကုန်လုံးကို ထည့်တွက်ရမယ်။

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စည်းလုံးရမယ်။ အဝေးကို လှမ်းမြင်ပြီး သူတို့ရဲ့ ကြွေးကြော်သံတွေနဲ့ နယ်နိမိတ်ဘောင်တွေကို ဖြတ်၊ နိုင်ငံနဲ့ ဒေသအခြေအနေတွေကို ကျော်လှမ်းနိုင်ရမယ်။ လူမည်း၊ လူညိုနဲ့ ဌာနေတိုင်းရင်းသားဘဝတွေအားလုံးဟာ ကျွန်ုပ်တို့အတွက် တန်ဖိုးရှိရမယ် – ကမ္ဘာအနှံ့ပေါ့။

ကျွန်ုပ်တို့ဟာ မရှက်မရွံ့နဲ့ အပြင်းအထန် ရှုတ်ချပြီး နယ်စည်းရိုးတွေကို ဖျက်သိမ်းဖို့၊ ဖျက်သိမ်းဆိုတဲ့ အဓိပ္ပာယ်အပြည့်အဝအတိုင်းဖြစ်ဖို့ တောင်းဆိုရမယ်။ နယ်စည်းရိုးတွေကို ကိုလိုနီဖန်တီးမှုတွေအနေနဲ့ မြင်ပြီး ညီညီညွတ်ညွတ် ဖျက်ဆီးရမယ်။ ကျွန်ုပ်တို့ စည်းရုံးရမယ် – လမ်းတွေပေါ်ထွက်၊ အများသုံးနေရာတွေကို သိမ်းပိုက်၊ အလုပ်သမားတွေအချင်းချင်း စည်းရုံး၊ အလုပ်တွေနား၊ ဆန္ဒပြ၊ သပိတ်မှောက်။ ညီညွတ်ခြင်းဟာ အားပဲ။ တိတ်ဆိတ်မနေသင့်ဘူး။

အိုင်ယာလန်တော်လှန်ရေးသမားနဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမား ရော်ဂျာကေ့စ်မန့်ရဲ့ စကားအတိုင်းဆိုရရင် ကမ္ဘာ့နယ်စည်းရိုးတွေကို ပံ့ပိုးထားတဲ့ နယ်ချဲ့ဖွဲ့စည်းပုံစနစ်တွေ၊ စနစ်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကျွန်ုပ်တို့ဟာ “အလုပ်နဲ့ သက်သေပြတော်လှန်ရမယ်”။

*ကိုလိုနီပြုကျင့်ခံရသော ဒေသများတွင် ယနေ့တိုင် စိမ့်ဝင်ပျံ့နှံနေသော ကိုလိုနီအမူအကျင့်၊ သဘောတရားများကို ပြန်လည်ချေဖျက်ခြင်း

____________________________________________________________________

Niamh Ni Bhriain ၏ The deadly politics of colonial borders under COVID-19 ကို ဒေါင်းတေဇ မြန်မာဘာသာသို့ ပြန်ဆိုသည်။

 

คู่มือเบื้องต้นเกี่ยวกับปิโตรดอลลาร์และสงครามกับอิหร่าน

คู่มือเบื้องต้นเกี่ยวกับปิโตรดอลลาร์และสงครามกับอิหร่าน

ในขณะที่คุณและผมกังวลว่าสงครามและภาวะเงินเฟ้อจะส่งผลกระทบต่อครอบครัวและประเทศชาติของเราอย่างไร นักลงทุนในตลาดพันธบัตรกลับจ้องมองตัวเลขบนหน้าจออย่างตั้งอกตั้งใจ และคำนวณสิ่งที่อาจเกิดขึ้นกับเครื่องมือทางการเงินที่ดูซับซ้อนเหล่านั้น หน้าที่ของพวกเขาคือการปกป้องสมบัติของคนร่ำรวย ตลอดห้าสิบปีที่ผ่านมา ความมั่นคงของดอลลาร์สหรัฐฯ โดยเฉพาะอย่างยิ่งในรูปของพันธบัตรกระทรวงการคลังสหรัฐฯ นั้น ส่วนหนึ่งขึ้นอยู่กับสิ่งที่เรียกว่าระบบ ‘ปิโตรดอลลาร์’

ช่องแคบฮอร์มุซ ประตูสู่ทะเลใหญ่

ช่องแคบฮอร์มุซ ประตูสู่ทะเลใหญ่

สำหรับหลายประเทศยากจน สงครามครั้งนี้เกิดขึ้นหลังจากหลายทศวรรษของการปรับโครงสร้างแบบเสรีนิยมใหม่และวงจรการรัดเข็มขัดหนี้สิน ในขณะที่สงครามคุกคามที่จะทำให้หลายประเทศเหล่านี้ล่มสลาย จึงจำเป็นต้องมีการตอบสนองระหว่างประเทศที่ประสานงานกัน

ต่อต้านสงครามอย่างไม่มีวันสิ้นสุด

ต่อต้านสงครามอย่างไม่มีวันสิ้นสุด

จิตวิญญาณของมนุษย์นั้นแข็งแกร่งเกินกว่าจะถูกทำลายโดยผู้ทรมาน และจะใช้ทุกวิถีทางเพื่อต่อต้านโลกที่ประวัติศาสตร์แห่งสงครามที่ไม่มีวันสิ้นสุดนี้จะเป็นตัวกำหนดอนาคตของเรา

เซเนกัลอยู่บนขอบเหวแห่งการล่มสลาย

เซเนกัลอยู่บนขอบเหวแห่งการล่มสลาย

เซเนกัลซึ่งแบกรับภาระจากลัทธิล่าอาณานิคมใหม่และการทุจริตมานานหลายทศวรรษ กำลังเผชิญกับภาวะที่กลืนไม่เข้าคายไม่ออกซึ่งประเทศต่างๆ ในซีกโลกใต้ต้องเผชิญอยู่บ่อยครั้ง นั่นคือ จะพัฒนาประเทศอย่างยั่งยืนได้อย่างไรภายใต้ภาระหนี้สินมหาศาล

คิวบาไม่หวาดกลัว

คิวบาไม่หวาดกลัว

มีคนที่ไม่เห็นด้วยกับการปฏิวัติ แต่มีพวกเราอีกมากมายที่สนับสนุนการปฏิวัติ และเราไม่หวาดกลัว

ฝ่ายขวาจัดประกาศสงครามกับผู้หญิง

ฝ่ายขวาจัดประกาศสงครามกับผู้หญิง

แทนที่จะให้ความสำคัญกับปัญหาความรุนแรงและความเหลื่อมล้ำที่กระทบต่อผู้หญิงในสังคมปิตาธิปไตย ฝ่ายขวาจัดกลับมองขบวนการสตรีนิยมและความหลากหลายทางเพศว่าเป็นศัตรูหลักที่ต้องกำจัด

หมู่บ้านละเอปสตีน

หมู่บ้านละเอปสตีน

คุณปู่ของคุณอายุเท่าไหร่ตอนที่แต่งงานกับคุณย่าของคุณ? การแต่งงานครั้งนั้นเป็นการจัดขึ้นอย่างไร? คุณย่ารู้สึกอย่างไรในคืนนั้น? แน่นอนว่าเรื่องนี้ไม่ได้หมายถึงคุณย่าทุกคน บางทีคุณปู่ของคุณอาจจะเป็นส่วนที่ “โอเค” คนหนึ่ง แต่เมื่อคุณอ่านเรื่องราวที่น่าสยดสยองเกี่ยวกับ...

ชาวส้ม

ชาวส้ม

นับตั้งแต่ปี 2562 รูปแบบทางการเมืองใหม่ได้ปรากฏขึ้น ซึ่งเลียนแบบการต่อสู้ของสีเดิม จากเดิมที่เป็นการต่อสู้ระหว่างแดงกับเหลือง ได้เปลี่ยนไปเป็นแดงกับส้ม อย่างไรก็ตาม ในแง่มุมที่แปลกประหลาด การเปลี่ยนแปลงนี้กลับถูกตีความโดยคนภายนอกและผู้ที่เพิ่งเข้ามาเกี่ยวข้องกับการเมืองไทยว่าเป็นความพลิกผันทางการเมืองนับตั้งแต่พรรคแดงได้กลับมาครองรัฐสภาอีกครั้งหลังการเลือกตั้งปี 2566

อิสราเอลและสหรัฐอเมริกาไม่สามารถชนะสงครามอิหร่าน

อิสราเอลและสหรัฐอเมริกาไม่สามารถชนะสงครามอิหร่าน

สหรัฐอเมริกาและอิสราเอลละเมิดอธิปไตยโจมตีอิหร่านอีกครั้ง สังหารพลเรือนอิหร่านจำนวนมาก สหรัฐฯ กล่าวอ้างว่าอิหร่านพัฒนาอาวุธนิวเคลียร์ที่ไม่มีอยู่จริง จนกลายเป็นความโหดร้ายซ้ำรอยประธานาธิบดี บุช บุกอิรัก ค.ศ. 2003

Each Village Its Own Epstein

Each Village Its Own Epstein

The revelations of the Epstein Network has provided an insight into how these elite networks of sexual abusers function. While this may come as a shock to the respectable journalist/ commentariat class, the existence and prevalence of such networks have been long known by generations of poor women of Southeast Asia, a people who have been fetishised, captured, trafficked and commodified for centuries. In this sense, The Epstein revelations reveal nothing new to us. These networks are not unique to the international elite, the crimes of class society are synchronous, there is an Epstein in Singapore, there is an Epstein in Bangkok, an Epstein in Kalasin, an Epstein in Surat Thani and they are persistent and entrenched at the hyper local level

สำนึกร่วมแบบนายทุน: ทุนนิยมกินรวบ, อำนาจทางชนชั้น และมหาวิทยาลัยมวลชน, 1890-2025

สำนึกร่วมแบบนายทุน: ทุนนิยมกินรวบ, อำนาจทางชนชั้น และมหาวิทยาลัยมวลชน, 1890-2025

ภายใต้การจัดการแบบวิทยาศาสตร์ เจ้านายรื้อถอนทักษะของแรงงาน และค้นหาวิธีการคงรักษางานที่ใช้ความรู้เอาไว้เพื่อจัดการการผลิตขึ้นมาใหม่ และเพิ่มพูนอัตราของมูลค่าส่วนเกิน. ในโรงงานความรู้ ปัญญาชนก็ถูกถอนทักษะเช่นกัน:พวกเขาแค่ไม่ตระหนักถึงมันก็เท่านั้น. พวกเขาเชื่อตลอดว่าความเชี่ยวชาญและ “การกลายเป็นเฉพาะทาง” คือการเพิ่มพูนทักษะทั้งที่ความเป็นจริงคือสิ่งตรงกันข้าม. นั่นคือเหตุผลว่าทำไมนักวิชาการจำนวนมากสามารถดูฉลาดเมื่อพูดถึงเรื่องเฉพาะ แต่แสนจะโง่งมเมื่อพูดถึงสิ่งอื่นนอกจากนั้น.

เงินชดเชย – ความยุติธรรมที่ยังคงรอคอย

เงินชดเชย – ความยุติธรรมที่ยังคงรอคอย

ตลอดหลายร้อยปีที่ชาติตะวันตกล่าอาณานิคมและปล้นชิงทรัพยากร แรงงาน และทรัพย์สมบัติประเทศซีกโลกใต้นั้น พวกเราไม่เคยได้รับความยุติธรรมหรือค่าชดเชยที่เราสมควรได้รับเลย